ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒီကနေ့ ဇန်နဝါရီ (၂၅)ရက်ညပိုင်းမှာလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေသလို လေ ယာဉ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေဆီကကသိရပါတယ်။ “အခုလက်ရှိအချိန်ထိ လေယာဉ်ပျံတွေ လာနေတုန်းပဲ၊ တစ်ခါလာရင် တစ်စီးပဲ ဒီနေ့ မွန်းလွဲပိုင်းအထိတော့ လေ ယာဉ်နဲ့ ပစ်နေတာရှိတယ်၊ အခုဖုန်းပြောနေတဲ့အချိန် ည ၈ နာရီခွဲအထိကို ပစ်နေတုန်းပဲ၊ အခုညပစ်တာက လေ ယာဉ်နဲ့မဟုတ်ဘူး၊ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်နေတာပဲ၊…
Read Moreအာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသ လိုတချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှား မှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ စစ်ကောင်စီက သူတို့အာဏာတည်မြဲရေး နောက်ဆုံးထွက်ပေါက်အဖြစ် ရွှေးကောက်ပွဲဖြစ်အောင်န ည်းလမ်းမျိုးစုံနဲ့ကြိုးစားနေသလို နိုင်ငံအဝှမ်းကပြည်တွေကလည်း စစ်ကောင်စီရဲ့အတုအ ယောင်ရွေး ကောက်ပွဲကိုလက်မခံကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။ ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊…
Read Moreမွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဒီကနေ့ (ဇန်နဝါရီ ၂၅ ရက်) နေ့လယ် ၁၂ နာရီလောက်က ကျိုက်ထီးရိုး ဘုရားဖူးလာတဲ့ ခရီးသွားဟိုင်းလတ်ယာဉ်ပေါ်ကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယာဉ်မောင်းအပါအဝင်ကျိုက်ထီးရိုးဘုရားလာဖူးသူကိုးဦးလိုက်ပါလာတဲ့ ဟိုင်းလတ်ယာဉ်ဟာ ရန်ကုန်-မော်လ မြိုင်ကားလမ်းမကြီး မုပ္ပလင်ဂိတ်အနီး စစ်ဆေးခံဖို့ စောင့်နေချိန်မှာ ၄၀ မမလက်နက်ကြီးတစ်လုံး ကားပေါ် ကျပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။ အဲဒီလက်နက်ကြီးပေါက်ကွဲမှုကြောင့် ကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ…
Read Moreကရင်နီ(ကယား)လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းစစ်ဘေးရှောင်စခန်းနေရာအနီးမှာ စစ်ကောင်စီတပ်က အခုဇန်နဝါရီလထဲမှာပဲ လေကြောင်းကတိုက်ခိုက်မှုတွေရှိနေလို့ စစ်ရှောင်တွေနေရာပြောင်းရွေ့မှုတွေလုပ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေကပြောပါတယ်။ မနေ့ညနေပိုင်းက လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စုက စစ်ရှောင်စခန်းတခုလေကြောင်းနဲ့တိုက်ခိုက်ခဲ့ရတဲ့အကြောင်း ဒေသတွင်းသတင်းတွေမှာလည်းဖော်ပြထားပါတယ်။ “ညနေ ၅နာရီ နဲ့ ၅နာရီခွဲ ဝန်းကျင်မှာ စစ်ရှောင်စခန်းပတ်လည်ကိုလေကြောင်းနဲ့ဗုံးကြဲသွားတာ။သုံးကြိမ်လာကြဲသွားတယ်။ဗုံးကြဲခံရတဲ့နေရာကလူနေထိုင်တာမရှိတော့ယာယီတဲတွေပဲထိသွားတယ်”လို့ စစ်ရှောင်စခန်းတာဝန်ရှိသူတဦးကလည်း DNA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေကဟာ အဲဒီစခန်းနေရာအနီးမှာလေကြောင်းတိုက်ခိုက်မှုတကြိမ်လုပ်ခဲ့သေးတယ်လို့လည်းဆက်ပြောပါတယ်။ တဖက်မှာလည်း ကရင်နီဒေသမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီး လွိုင်ကော်မြို့ ဖာ့တီမာကျေးရွာ မယ်တော်ဂူအနီးမှာစစ်ကောင်စီတပ်နဲ့ KNDFပူးပေါင်းအဖွဲ့ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉…
Read Moreပဲခူးတိုင်းအတွင်း လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်စီးနင်းသူတွေကို လိုင်စင် စတင်ထုတ်ပေးတဲ့ ဇန်နဝါရီ (၂၃)ရက်က ပဲခူးမြို့ ကညနရုံးမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် လိုင်စင်ထုတ်ပေးမှုကို ရက် အကန့်အသတ်မရှိ ပြန်လည်ရပ်နားလိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ပဲခူး ကညနရုံး(ဗုံး)ပေါက်လို့ အားလုံးကို ပြန်ခိုင်းတာ၊အထိအခိုက်တော့မသိဘူး၊ လုံခြုံရေးတင်း ကျပ် ထားတဲ့ကြားဖြစ်တာ၊ပြန်လုပ်ပေးမယ့်ရက်တော့မသိဘူး”လို့ ပဲခူး ကညနရုံးနဲ့ နီးစပ်သူတဦးက ပြော ပါတယ်။ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ စတင်ပြုလုပ်ပေးတဲ့နေ့ကပဲခူးကညန ရုံးမှာ မနက်အ…
Read Moreကရင်ပြည်နယ်ရှိဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး အကြားစစ်ကူလာတဲ့စစ်ကြောင်းတွေနဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်း အကြား ဒီကနေ့ ဇန်နဝါရီ (၂၄)ရက် မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေ ပြီး စစ်ကောင်စီဘက်ကသုံးဦးသေဆုံးသလို ခြောက်ဦးကိုလည်း အရှင်ဖမ်းမိ ထားတယ်လို့ အဲ့ဒီစစ်ကြောင်းတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ အရှင်ဖမ်းမိထားသူတွေဟာ ကျုံဒိုးအထိုင် တပ်ရင်း (၅၄၅)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ် လို့သိ ရပါတယ်။ “မနေ့ကရှစ်နာရီလောက်ထဲကစဗိုလ်လင်းယုန်ကဝင်ချတာခုတော့ဗိုလ်အယ်ဆေးဝါးကိုယ်တိုင်ဦးဆောင်ပြီးချနေတာ၊တိုက်ပွဲကတော့ကြမ်းလာဖို့ရှိတယ်၊ခုလဲကျုံဒိုးအခြေစိုက်တပ်ရင်းကိုဝိုင်းထားတယ်”လို့ Lion Battlion Commando က တာဝန်ရှိသူတဦးကပြောပါတယ်။…
Read Moreရွေးကောက်ပွဲ လုပ်ဖို့ပြင်ဆင်နေချိန်၊အရေးပေါ်ကာ လသက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းသာလိုတော့ချိန်မှာ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းရေးလုပ်ငန်းစဥ်တွေစတင်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစတင်ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ (၂၃)ရက် မနေ့က လုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်သဘောထားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောဆိုခဲ့တာပါ။ အရင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေအရ ဝင်ပြိုင်တဲ့ပါတီတွေများပေမယ့် ရွေး ကောက်ပွဲအနိုင်ရပြီး လွှတ်တော်မှာပါဝင်ခွင့်ရတဲ့ပါတီအနည်းစုသာရှိတာကို တွေ့ရတယ်လို့ မင်းအောင်လှိုင်ကပြောပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေမှတ်ပုံတင်ရေး လုပ်ဆောင်ရာမှာ ပါတီစုံ ဒီမိုကရေစီစနစ် အမြန်ပေါ်ထွန်းလာဖို့အတွက်…
Read Moreကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ ဇန်နဝါရီ ၂၃ ရက်မနေ့က ညပိုင်းက စစ် ကောင်စီ လက်အောက်ခံဌာနဆိုင်ရာရုံး လေးရုံ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြို့ခံတွေကဆီက သိရ ပါ တယ်။ မြို့နယ်အထွေထွေအုပ်ချုပ်အုပ်ရေးဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံး၊ စည်ပင်သာ ယာရေးရုံးနဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး(စရဖ)တို့ကို အမည်မသိတော်လှန်ရေးအင်အားစု ပူးပေါင်း တပ်ဖွဲ့ တွေက ည ၉ နာရီကျော်မှာ လာရောက်တိုက်ခိုက်မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက DNA ကို…
Read Moreမိုးကုတ်မြို့နယ်၊မိုင်းဟုန်းကျေးရွာ အနီးမှာရှိတဲ့ PDF တပ်ရင်း (၁၂၂၂) ရဲ့ ရှေ့တန်စခန်းတခုကို စစ် ကောင်စီက လေကြောင်း၊ကြည်းကြောင်း အင်အားအများအပြားနဲ့ စီးနင်းတိုက်ခိုက်လို့ စခန်းလက် လွှတ်လိုက်ရပြီး စစ်ကြောင်း မှူးတဦး ကျဆုံးသွားတယ်လို့ အဲ့ဒီတပ်ရင်း ပြောရေးဆိုခွင့်ရှိသူက DNA ကိုပြောပါတယ်။ “စစ်အသုံးအဆောင်တွေဘာမှ မဆုံးရှုံးခဲ့ဘူး၊သို့သော်ရဲဘော်တွေရဲ့ ကျောပိုးအိတ်တွေ၊ပါဝါဘန့် တွေ၊ တခြား ပစ္စည်း အမြောက်အမြားဆုံးရှုံးခဲ့ရတယ်ဗျ၊ဝေဟင်ရော၊မြေပြင်ကရောဆိုတော့ ဂန်း(လက်နက်) ကလွဲပြီး ဘာမှသယ်မလာ နိုင်ခဲ့ကြပါဘူး”လို့ သူကပြောပါတယ်။ …
Read Moreအာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသ လို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှား မှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုရီးယားရောက်မြန်မာတွေက စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သလို ကချင်ပြည်နယ် ဖားကန့်ပြည်သူတွေကလည်း ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊…
Read More