နိုင်ငံရေး

AA ထိုးစစ်ကြောင့်အမ်းမြို့ တိုင်းစစ်ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်အချို့ဆုတ်ခွာပြေး

မတ်၊ ၂၈   အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ခွဲတွေကို ရက္ခိုင့်တပ်တော်(AA)က စတင်ထိုးစစ်ဆင်နေပြီး ခမရ (၃၇၂) နဲ့ ထောက်ပို့တပ်ခွဲတို့ တပ်ဆုပ်ပြေးသွားပြီလို့ စစ်ရေးနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ စစ်မှုထမ်းစာရင်းကောက်နေတဲ့ ရာအိမ်မှူးတဦး အသတ်ခံရ

မတ်၊ ၂၂   ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်မှုထမ်းစာရင်း ကောက်ယူနေတဲ့ ဒါ၀ကျေးရွာမှ ရာအိမ်မှူးဖြစ်သူကို မနေ့က မတ်လ ၂၁ ရက် နေ့လည်ပိုင်းမှာ အမည်မသိလူတစုက သတ်ဖြတ်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။   ဒါ၀ကျေးရွာမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ ဘဏ်တွေပိတ်ထားတဲ့အတွက် ငွေသား တသိန်းကို တသောင်းကျော်ထိ ပေးထုတ်နေကြရ

မတ်၊ ၂၂   တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ဘဏ်တွေပိတ်ထားတာကြောင့် ဒေသတွင်း ငွေလွှဲ၊ ငွေထုတ်ဖို့ အခက်ကြုံနေကြပြီး ပြင်ပငွေထုတ်ပေးသူတွေဆီမှာ ငွေတသိန်းကို တသောင်းကျော်အထိပေးကာ ထုတ်ယူနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ရခိုင်ဒေသ တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား ခြောက်ဦး ထပ်မံသေဆုံး ၊ တပတ်အတွင်း သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၆၆ ဦးရှိ

မတ် ၊ ၂၁ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ရွာကိုလေကြောင်းကဗုံးကြဲခဲ့လို့ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးကာ ရှစ်ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စကခ (၅) အခြေစိုက်တဲ့ တောင်ကုတ်မြို့အဝင် ကားလမ်းမကြီးကို စစ်ကောင်စီ ဖျက်ဆီး

မတ်၊ ၂၀   ရခိုင်ပြည်နယ်တောင်ပိုင်း ခရိုင်မြို့ကြီးတခုဖြစ်တဲ့ တောင်ကုတ်မြို့ထဲ အဝင်ကားလမ်းမကြီးကို စစ်ကောင်စီတပ်က စက်ယန္တရားကြီးတွေနဲ့ တူးဖြို၊ ဖျက်ဆီးလိုက်တာကြောင့် ကား၊ ဆိုင်ကယ်တွေ သွားလာဝင်ထွက်လို့ မရတော့ဘဲ အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ဘက်ဟိုးကြီးတစီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မင်းပြားက ရိုဟင်ဂျာရွာ လေကြောင်း တိုက်ခိုက်ခံရမှု သတင်းကြောင့် ကုလသမဂ္ဂ အကြီးအကဲ စိုးရိမ်ထိတ်လန့်

မတ်၊ ၁၉ ရခိုင်ပြည်နယ်က ရိုဟင်ဂျာရွာ တခုမှာ လေကြောင်းတိုက်ခိုက်မှု ကြုံခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြီးအကဲက စိုးရိမ်ထိတ်လန့်မိတယ်လို့ သူ့ရဲ့ ကိုယ်ရေး အရာရှိ တဦးက ပြောပါတယ်။ မတ်လ ၁၈ ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်က အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်ကောင်စီက ထောင်နှစ်နှစ်ချမှတ်

မတ်၊ ၁၉   စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနား စီစဉ်၊ တက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရတဲ့ ရခိုင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်နှစ်နှစ်ချမှတ် လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သား နှစ်ဒါဇင်ကျော် သေဆုံး၊ ငါးဆယ်ဝန်းကျင် ဒဏ်ရာရ

မတ်၊ ၁၇   ရခိုင်ပြည်နယ်ထဲက ရခိုင့်တပ်တော် AA ထိန်းချုပ် ဒေသတွေထဲ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်အတွင်း အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးကာ ငါးဆယ်ဝန်းကျင်လောက်အထိ ဒဏ်ရာရသွားကြတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AA သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ထဲ လက်နက်ကြီးနေ့စဉ်ပစ်ခတ်ခံနေရ၊ ဦးရာဇ်တော် ရှေးဟောင်းစေတီ အစိတ်အပိုင်းတချို့ပျက်စီး၊ အရပ်သားသေဆုံးထိခိုက်မှုတွေလည်း ရှိနေ

မတ်၊ ၁၄   ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားတဲ့ ပုဏ္ဏာကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရာဇ်တော်စေတီကို မနေ့က မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စေတီတော်အစိတ်အပိုင်းတချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “စေတီမှာထိသွားတာ မနည်းဘူး၊ ကျောက်တွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မောင်တောက နယ်ခြားစောင့်စခန်းကို လက်လွှတ်ခဲ့ရတဲ့ စစ်အုပ်စုက စားစရာနဲ့ ရေတွေထဲ အဆိပ်ခတ်ခဲ့တယ်လို့ဆို

မတ်၊ ၁၃   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ အောင်သပြေနယ်ခြားစောင့်စခန်းကို သိမ်းပိုက်ပြီးနောက် အဲဒီစခန်းရှိ စားစရာတွေနဲ့ သောက်သုံးရေတွေထဲ အဆိပ်တွေ ထည့်ထားခဲ့တာ တွေ့ရတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ပါတယ်။   “အဆိပ်တွေ ထားခဲ့တယ်ဆိုတာက [ဆက်လက်ဖတ်ရှုရန်]