မေ၊ ၂၅ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းရဲ့ ငါးကန်ထဲက အလှမွေးငါးတွေ သေဆုံးခဲ့တာဟာ ရေညစ်ညမ်းပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းလို့ ဖြစ်တာလို့ ငါးလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ သိရပါတယ်။ တိုက်ကြီးမြို့နယ်ထဲက ဒေသခံတွေ အပန်းဖြေ အနားယူရာ နေရာတခုဖြစ်တဲ့ အဲဒီ ငါးကန်အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က အလှမွေး ရွှေငါးကြင်း သုံးသောင်းကျော် သေဆုံးမှုဖြစ်ခဲ့တာပါ။ အဲဒီလို သေဆုံးတာနဲ့ ပတ်သက်ပြီး အဆိပ်ခတ်ခံရတယ်လို့…
Read Moreမေ၊ ၂၄ ပြည်တွင်းမှာဆန်စျေးနှုန်း တရိပ်ရိပ်မြင့်တက်လာတာ ဆန်ချောတအိတ်ကို ကျပ်တသိန်းကျော်အထိ ပေးဝယ်နေရပြီး ဆန်စျေးဟာ စျေးအတက်ဘက်ကိုသာ ဦးတည်နေတယ်လို့ ဆန်ရောင်းဝယ်သူတွေက သုံးသပ်နေကြပါတယ်၊၊ ” တော်ရုံ တောင်သူကြီးတချို့ကလွဲလို့ တောင်သူအများစုလက်ထဲ စပါးမကျန်တော့ပါဘူး။ စပါးထွက်ထဲက ထုတ်လုပ်မှု ကုန်ကျစရိတ်တွေနဲ့ဆိုတော့ တောင်သူတွေက တခါထဲ အကုန်ရောင်းကြတာ၊ အဲ့တော့ဆန်ကုန်သည်လက်ထဲမှာပဲ ကုန်ပစ္စည်းကျန်နိုင်တော့တာမို့ အတတ်ဘက်လို့ပဲ မြင်တယ် ” ရန်ကုန်မြို့က ဆန်လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။ ဒါ့အပြင်…
Read Moreမေ၊ ၁၁ ဘင်္ဂလားပင်လယ်အော်ထဲဖြစ်တည်နေတဲ့ မုန်တိုင်းငယ်ဟာ “မိုချာ”မုန်တိုင်းအဖြစ် အမည်ပေးလို့ရတဲ့ အဆင့်ရှိ မုန်တိုင်းတခုဖြစ်လာပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းမြောက်ပိုင်းကို ဦး တည်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန် ပါတယ်။ မုန်တိုင်းကြိုတင်သတိပေးချက် သတ်မှတ်ချက်တွေအရ လိမ္မော်ရောင်အဆင့်သတ်မှတ်မှုဟာ မြန်မာနိုင်ငံဘက်ကို ချဉ်းကပ်လာနေတယ်ဆိုတဲ့သဘောဖြစ်ပြီး ၁၂နာရီအတွင်း ကမ်းရိုးတန်းကို ဖြတ်ကျော်တော့မယ့် အချိန်မှာတော့ အနီရောင် အဆင့်မုန်တိုင်းအဖြစ် သတ်မှတ်ခံရမှဖြစ်ပါတယ်။ အဲ့ဒီနောက်ကမ်းရိုးတန်းကို ရိုက်ခတ်နေတဲ့အချိန်မှာတော့ အညိုရောင်အဆင့် မုန်တိုင်းအဖြစ် သတ်မှတ်ထုတ် ပြန်…
Read Moreမေ၊ ၄ လက်ဖက်ကို အဓိကထားစိုက်ပျိုးလုပ်ကိုင်လေ့ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ လက်ဖက်စိုက်တောင်သူတွေမှာ လက်တလော လက်ဖက်ဈေးကောင်းနေပေမယ့် ကုန်ဈေးနှုန်းကြီးမားမှုကြောင့် တွက်ခြေမကိုက်ဖြစ်နေတယ်လို့ လက်ဖက်စိုက်တောင်သူတွေက ပြောပါတယ်။ လက်ဖက်အစို တပိသာကို ကျပ် ၃၀၀၀ မှ ၃၅၀၀ ကြား အရောင်းအဝယ်ဖြစ်နေသလို လက်ဖက်ခြောက် တပိသာကို ၈၅၀၀ အထက်ရှိနေပြီး နယ်မြေအလိုက် ဈေးနှုန်းကွာဟမှုတွေရှိတယ်လို့ ပလောင်းလက်ဖက်စိုက်ထုတ်လုပ်ရောင်းချသူများအသင်းက အတွင်းရေးမှူး ဦးဇော်ညွန့်က ဆိုပါတယ်။ ”…
Read Moreဧပြီ၊ ၂၆ ပြည်တွင်း ဆန်ဈေးကွက် တည်ငြိမ်ဖို့အတွက် ဈေးကစားနေတဲ့ ကုန်သည်၊ ပွဲစား၊ ကြားပွဲစားတွေကို ခေါ်ယူသတိပေးရုံနဲ လုံလောက်မှာမဟုတ်ဘဲ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဆန်ကုန်သည်တွေနဲ့ တောင်သူတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။ ” သူတို့ (ဆန်းစပါးအဖွဲ့ချုပ်)က ဈေးနှုန်းတခု သတ်မှတ်လိုက်မယ်၊ အဲဒီဈေးနှုန်းအပေါ်မှာ ကုန်သည်တွေက သေချာထိန်းသိမ်းပြီး တကယ်ပဲ အပြစ်ပေးအရေး ယူမှာလား၊ ဘယ်လိုလုပ်မှာလည်း သေချာတိတိကျကျနဲ့ ထုတ်ပြန်ဖို့ လိုမယ်ထင်တယ်၊ မြေပြင်က…
Read Moreဧပြီ၊ ၅ လာမယ့် သင်္ကြန်ကာလအတွင်း စားသုံးဆီလုံလောက်နိုင်ဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံက စားသုံးဆီတန်ချိန် သုံးသောင်း တင်သွင်းထားပေမယ့် ပြည်တွင်းစားသုံးဆီ ဈေးနှုန်းတွေကတော့ ကျဆင်းသွားတာ မရှိသေးဘူးလို့ ဆီကုန်သည်တွေနဲ့ ဝယ်ယူသုံးစွဲနေသူတွေက ပြောကြပါတယ်။ ” လုပ်ငန်းရှင်အသင်း ဆီစျေးကလည်း ကျပ်တရာလောက် တက်သွားတယ်၊ ပြင်ပဆီစျေးနှုန်းကလည်း ကျပ် ၇၀၀၀ ဝန်းကျင်မှာ ရပ်နေတုန်းပဲ ဖြစ်နေပါတယ်၊ စျေးနှုန်းတွေ ထပ်မတက်အောင် ရည်ညွှန်းစျေးကို…
Read Moreဧပြီ၊ ၂ ကမ္ဘာ့ရွှေစျေးတွေဟာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကစပြီး ပြန်လည်ကျဆင်းခဲ့ပေမယ့် ဒေါ်လာစျေးမကျဆင်းလို့ ပြည်တွင်းမှာတော့ ပြင်ပအခေါက်ရွှေစျေးတွေဟာ တကျပ်သားကို ၂၉ သိန်း အထက်မှာရှိနေပြီး အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်က ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ ကမ္ဘာရွှေစျေးဟာ ပြီးခဲ့တဲ့ မတ်လ အလယ်ပိုင်းမှာ ရွှေတအောင်စကို ၁၉၉၈ ဒေါ်လာအထိ စျေးမြင့်တက်ခဲ့ပေမဲ့ ဧပြီလ ၁ ရက်မှာတော့ ရွှေတအောင်စကို ၁၉၆၉ ဒေါ်လာ အထိ ကျဆင်းခဲ့တာပါ။…
Read Moreဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး ကွမ်းဈေးတွေပြန်တက်လာပေမယ့် ကွမ်းစိုက်တောင်သူတွေဟာ အလုပ်သမားခတွေနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးနှုန်းမြင့်နေတာကြောင့် အရှုံးပေါ်နေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။ ကွမ်းရွက်ဈေးနှုန်းတွေဟာဆိုရင်ပြီးခဲ့တဲ့နှစ်တွေမှာ ကွမ်းရွက်အမျိုးအစားအလိုက် တပိဿာကို ငွေကျပ် ၂၀၀၀ ကနေ ၄၀၀၀ အထိဈေးရှိခဲ့ပေမယ့် အခုနှစ် ဇန်နဝါရီလကစပြီး ငွေကျပ် ၈၀၀၀ ကနေ ၁၅၀၀၀ ဝန်းကျင်အထိ ပြန်လည်ဈေးမြင့်ခဲ့တယ်လို့ ညောင်တုန်းမြို့နယ်က ကွမ်းစိုက်တောင်သူတဦးကပြောပါတယ်။ ” မနှစ်ကကွမ်းဈေးအရမ်းကျသွားတယ်။ ကွမ်းရွက်ကအမျိုးမျိုးရှိတယ်။ ကိုဗစ်စဖြစ်တဲ့ အချိန်ကစလို့ ကွမ်းဈေးတွေကျလာတာ၊ အာဏာသိမ်းပြီးတဲ့အချိန်ရောက်တော့ မနှစ်ကဆို ကွမ်းဈေးထပ်ကတယ်။ အခုနှစ်ကပြီး…
Read Moreရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ ပိတ်သိမ်းလိုက်တဲ့စက်ရုံတွေဟာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့ GTIG၊ GY Sen အထည်ချုပ်စက်ရုံတွေဖြစ်ပြီး စက်ရုံတရုံမှာ အလုပ်သမား ၁၀၀၀ ကျော်စီ အလုပ်လုပ်ကိုင်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။ စက်ရုံပိတ်သိမ်းမယ့်အကြောင်းကို အလုပ်သမားတွေကို ကြိုတင်အကြောင်းကြားကြေညာတာမရှိဘဲ ပိတ်သိမ်းလိုက်တာဖြစ်ပြီး ဘယ်လိုပုံစံနဲ့ ပိတ်သိမ်းတယ်ဆိုတာကိုလည်း…
Read Moreဖေဖော်ဝါရီ၊ ၂၈ ဆွဇ်ဇာလန်နိုင်ငံအခြေစိုက် စားသောက်ကုန် ထုတ်လုပ်တဲ့ Nestleဟာ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ သူတို့ရဲ့ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ မနေ့က ဖေဖော်ရီ ၂၇ရက်က ထုတ်ပြန်လိုက်ပါတယ်၊၊ မြန်မာနိုင်ငံရဲ့ လက်ရှိ မတည်ငြိမ်တဲ့ ပြည်တွင်းစီးပွားရေးအခြေနေတွေကြောင့် အခုလို ရပ်နားလိုက်ရတာ ဖြစ်တယ်လို့ Nestle ရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်၊၊ အဆိုပါ Nestal ကုမ္ပဏီဟာ ကော်ဖီ၊ မိုင်လို၊ Maggi…
Read More