ကမ္ဘာစစ်ဖြစ်တော့မှာမို့လို့ နိုင်ငံကြီးတွေက ၇၂နာရီအရေးပေါ် ရိက္ခာစုဆောင်းဖို့သတိပေးထားတယ်ဆိုတဲ့ သတင်း အမှား
နိုဝင်ဘာ ၂၊ ၂၀၂၆။
(Fact-check _DNA/ MFCN)
ဗြိတိန်နိုင်ငံနဲ့ အခြားနိုင်ငံအများအပြားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်ကစတင်ပြီး ၇၂နာရီအရေးပေါ်စားနပ်ရိက္ခာ စုဆောင်းဖို့တိုက်တွန်းနေကြတာဟာ ကမ္ဘာ့စစ်ပွဲကြီးဖြစ်တော့မယ်ဆိုတဲ့ အကြောင်းအရာတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာသုံးစွဲသူတဦးကနေ “UK Government၊ The Guardian၊ SIPRI Yearbook 2026၊ U.S. Intelligence Community၊ Council on Foreign Relations” တွေရဲ့ အစီရင်ခံစာတွေနဲ့ သတင်းတွေအရ တတိယ ကမ္ဘာစစ်ဖြစ်ပွားနိုင်ခြေရှိတယ်ဆိုပြီး ထင်မြင်ယူဆချက်ကို အခြေခံပြီးဖြန့်ဝေခဲ့တာကြောင့် အခြားလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလည်း စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာလင့်ခ်
ပျံ့နှံ့လာတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ နိုင်ငံကြီးတွေဟာ သဘာဝဘေးအန္တရာယ်တွေအတွက် ပုံမှန် ၇၂ နာရီစာ အရေးပေါ်အိတ် ပြင်ဆင်ထားဖို့ လမ်းညွှန်ချက်တခုသာဖြစ်တာကိုတွေ့ရပြီး ကမ္ဘာစစ်ဖြစ်တော့မှာမို့ စု ဆောင်းခိုင်းတာမျိုးမဟုတ်ဘူးဆိုတာကို စိစစ်တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ဗြိတိန်အစိုးရရဲ့ အရေးပေါ်ပြင်ဆင်မှုဆိုင်ရာ လမ်းညွှန်ချက်ဟာ ရေကြီးတာ၊ မုန်းတိုင်းကျတာ၊ မီးလောင်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ လျှပ်စစ်ဓါတ်အားရုပ်တရက်ပြတ်တောက်တာ၊ ဒါမှမဟုတ် ဆိုက်ဘာတိုက်ခိုက်ခံရတာတွေကြောင့် အခြေခံအဆောက်အအုံတွေ ယာယီရပ်ဆိုင်သွားပါက ပြည်သူတွေ အခက်အခဲမရှိစေဖို့အတွက် ပုံမှန်ကြိုတင်ပြင်ဆင်ခိုင်းတဲ့ အစီအစဥ်တခုဖြစ်တာကိုတွေ့ရပါတယ်။
UK Government — Emergency Preparedness (2026) – https://www.gov.uk/government/news/households-encouraged-to-take-small-simple-steps-to-stay-prepared-in-an-emergency
The Guardian သတင်းစာရဲ့ ဖော်ပြချက်အရ ဗြိတိန်နိုင်ငံက ပြည်သူတွေအနေနဲ့ ၇၂နာရီအရေးပေါ်ရိက္ခာ စုဆောင်းဖို့ အစိုးရရဲ့ တိုက်တွန်းချက်ဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ အခြေခံဝန်ဆောင်မှုကွန်ရက်တွေ ပြတ်တောက်နိုင်တဲ့ အန္တရာယ်အတွက် ပုံမှန် အရေးပေါ်ပြင်ဆင်မှုဖြစ်တယ်လို့ ရေးသားထားပြီး မကြာခင် စစ်ဖြစ်တော့မယ်ဆိုတဲ့ အကြောင်းအရာမျိုး ပါဝင်တာမရှိတာကိုတွေ့ရပါတယ်။
The Guardian — Emergency Stockpiling in Britain (October 27, 2026) – https://www.theguardian.com/politics/2026/oct/22/britain-prepare-infrastructure-attacks-hostile-states-wes-streeting
နိုင်ငံအများစုမှာ အရေးပေါ်ရိက္ခာစုဆောင်းခိုင်းတဲ့ အကြောင်းအရင်းဟာ တတိယကမ္ဘာစစ်ဖြစ်လာတော့မယ်ဆိုတဲ့ သတိပေးချက်မဟုတ်ဘဲ မုန်တိုင်း၊ ရေကြီခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ အခြေခံအဆောက်အုံပြတ်တောက်မှုတွေကြုံလာပါက ကယ်ဆယ်ရေးမရောက်လာခင် မိမိဘာသာ ယာယီရပ်တည်နိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ စံနှုန်းတွေနဲ့အညီ ဆောင်ရွက်တဲ့ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးမူဝါဒတခုသာဖြစ်တယ်လို့ The Nation သတင်းဌာနကလည်း ဖော်ပြထားပါတယ်။
The Nation — Why countries urge emergency food supplies and what Thais should prepare – https://www.nationthailand.com/news/general/40072865
SIPRI (Stockholm International Peace Research Institute) ရဲ့ နှစ်စဥ်အစီရင်ခံစာဟာ ကမ္ဘာလုံးဆိုင်ရာ၊ နျူကလီးယားလက်နက်၊ လက်နက်ပြိုင်ပွဲနဲ့ နိုင်ငံတကာလုံခြုံရေးအခြေအနေတွေကို စနစ်တကျ သုတေသနပြု သုံးသပ်ထားတဲ့ နှစ်စဥ်ပုံမှန် ပညာရပ်ဆိုင်ရာအစီရင်ခံစာသာ ဖြစ်တာကိုလည်းတွေ့ရပါတယ်။
SIPRI Yearbook 2026 — Nuclear Weapons and Global Security – https://www.sipri.org/media/press-release/2026/increasing-focus-nuclear-weapons-amid-heightened-escalation-risks-new-sipri-yearbook-out-now
အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ နှစ်စဥ်စိန်ခေါ်မှုတွေနဲ့ ဆန်းစစ်ချက်ထုတ်ပြန်ချက်ဟာ ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး၊ ဆိုင်ဘာခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေကို လွှတ်တော်ကို တင်ပြတဲ့ ပုံမှန်သုံးသပ်ချက်အစီရင်ခံစာသာဖြစ်ပြီး မကြာမီတတိယကမ္ဘာစစ်ဖြစ်တော့မယ်ဆိုတဲ့ အသိပေးချက်မဟုတ်တာကို တွေ့ရပါတယ်။
U.S. Intelligence Community — Annual Threat Assessment 2026 – https://archive.dni.gov/files/ODNI/documents/assessments/ATA-2026-Unclassified-Report.pdf
CRF (Council on Foreign Relations) ရဲ့ Global Conflict Tracker (ကမ္ဘာ့ပဋိပက္ခ ခြေရာခံစနစ်) ဟာ ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တင်းမာမှုတွေကို အစဥ်မပြတ်စောင့်ကြည့်မှတ်တမ်းတင်တဲ့ အပြန်အလှန်တုံ့ပြန်မှုရှိတဲ့ မြေပုံနဲ့ လေ့လာဆန်းစစ်ချက် toolတခုသာဖြစ်ပြီး နိုင်ငံတကာရေးရာ လေ့လာသူတွေအတွက် ပညာရပ်ဆိုင်ရာ အချက်အလက်တခုသာ ဖြစ်တာကိုတွေ့ရပါတယ်။
Council on Foreign Relations — Global Conflict Tracker – https://www.cfr.org/global-conflict-tracker
သုံးသပ်ချက်
၇၂နာရီအရေးပေါ်စားနပ်ရိက္ခာ စုဆောင်းဖို့တိုက်တွန်းချက်ဟာ နိုင်ငံအချို့ရဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ပုံမှန်လုပ်ငန်းစဥ်တခုသာဖြစ်တာကို တွေ့ရှိရပါတယ်။
ဒါကြောင့် ပျံ့နှံ့လာတဲ့ ကမ္ဘာ့စစ်ဖြစ်တော့မယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ချဲ့ကားပြီး လွဲမှားစွာချိတ်ဆက်ထားတဲ့ သတင်းမှားတခုသာဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်