၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး တန်းပါဆင်းခဲ့ရတဲ့ အင်္ဂလန် ဘောလုံးအသင်း 

 ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး တန်းပါဆင်းခဲ့ရတဲ့ အင်္ဂလန် ဘောလုံးအသင်း 

အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းဟာ အီတလီကို အရေးနိမ့်ခဲ့တဲ့နောက် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်လာရပြီ ဖြစ်ပါတယ်။ မီလန်မြို့က ဆန်စီရို ကွင်းကြီးထဲမှာ အိမ်ရှင်တွေကို ၁-၀ နဲ့ ရှုံးနိမ့်သွားတဲ့နောက် အင်္ဂလန်ဟာ ဥရောပ နိုင်ငံများ အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့်အမြင့်ဆုံး အုပ်စုအဆင့်ကနေ တန်းဆင်းရဖို့လည်း သေချာသွားပါပြီ။ ပိုပြီး ဆိုးရွားတဲ့ အချက်က အင်္ဂလန်ဟာ နောက်ဆုံး ၅ ပွဲမှာ ပင်နယ်တီကြောင့်…

Read More
အမှိုက်တွေ ပြန်သိမ်းပေးသွားကြတဲ့ ဝေးလ်စ်ပရိသတ်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ ချီးကျူး 

အမှိုက်တွေ ပြန်သိမ်းပေးသွားကြတဲ့ ဝေးလ်စ်ပရိသတ်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ ချီးကျူး 

ဘောလုံးပွဲ အားပေးပြီးတဲ့နောက် အမှိုက်တွေ စနစ်တကျ ပြန်သိမ်းပေးခဲ့တဲ့ ဝေးလ်စ် ပရိသတ်တွေကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့နဲ့ ဘရပ်ဆဲလ် မြို့တော်ဝန်တို့က ချီးကျူးခဲ့ကြပါတယ်။ အခု သီတင်းပတ်အတွင်း ဘယ်လ်ဂျီယမ် နိုင်ငံရဲ့ မြို့တော်မှာ ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ပွဲစဉ်မှာ အိမ်ရှင်တွေက ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ အဝေးကွင်းထိ လိုက်ပါ အားပေးတဲ့ ဝေးလ်စ် ပရိသတ်ဟာ ရလဒ်အပေါ် စိတ်ပျက်ခဲ့ပေမယ့် သူတို့ရဲ့ နိုင်ငံကြီးသား…

Read More
ပြိုင်ဘက်ကနေ အသင်းဖော်အဖြစ် ပြောင်းလာတဲ့ ဖက်ဒါရာနဲ့ နာဒဲလ်

ပြိုင်ဘက်ကနေ အသင်းဖော်အဖြစ် ပြောင်းလာတဲ့ ဖက်ဒါရာနဲ့ နာဒဲလ်

ရော်ဂျာ ဖက်ဒါရာရဲ့ ပရော်ဖက်ရှင်နယ် တင်းနစ်သမားဘဝ နောက်ဆုံးပြိုင်ပွဲမှာ ခါးသီးပြိုင်ဘက်ဟောင်း ရာဖေးလ် နာဒဲလ်နဲ့ အသင်းဖော်တွေအဖြစ် ပူးပေါင်း ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။  စက်တင်ဘာ ၂၃ ရက်ကျရင် လန်ဒန်မြို့မှာ ကျင်းပမယ့် Laver ဖလား တင်းနစ်ပြိုင်ပွဲမှာ ဖက်ဒါရာနဲ့ နာဒဲလ်တို့ဟာ အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲမှာ အသင်းဖော်တွေ အနေနဲ့ ပါဝင်လာကြမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်သား ဖက်ဒါရာနဲ့ စပိန်သား နာဒဲလ်တို့ဟာ တင်းနစ်လောကကို မျိုးဆက်တစ်ခုစာ…

Read More
မက်ဂရီဂေါ်နဲ့ နောက်တစ်ပွဲ ထိုးသတ်ဖို့ စီစဉ်နေတဲ့ မေဝယ်သာ

မက်ဂရီဂေါ်နဲ့ နောက်တစ်ပွဲ ထိုးသတ်ဖို့ စီစဉ်နေတဲ့ မေဝယ်သာ

လာမယ့်နှစ်မှာ ကော်နာ မက်ဂရီဂေါ်နဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ ကမ္ဘာကျော် လက်ဝှေ့ ချန်ပီယံဟောင်း ဖလွိုက်ဒ် မေဝယ်သာက အတည်ပြုလိုက်ပါတယ်။  ဒါဟာ နယ်ပယ်မတူတဲ့ အားကစားနည်း နှစ်ခုကြားမှာ အောင်မြင်မှု အသီးသီး ရရှိခဲ့တဲ့ တိုက်ခိုက်ရေးသမား နှစ်ယောက်ရဲ့ စိတ်မကျေပွဲလို့ ဆိုနိုင်ပါတယ်။ အိုင်ယာလန်သား မက်ဂရီဂေါ်ဟာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA)ရဲ့ UFC အဖွဲ့ချုပ် ချန်ပီယံဟောင်း တစ်ဦးပါ။ မေဝယ်သာကတော့ လက်ဝှေ့ အားကစားမှာ…

Read More
ပရိသတ်တွေ ဆူအောင်လို့ အမှားတွေ တမင်လုပ်ခဲ့ဖူးတဲ့ ချယ်လ်ဆီး နောက်ခံလူဟောင်း 

ပရိသတ်တွေ ဆူအောင်လို့ အမှားတွေ တမင်လုပ်ခဲ့ဖူးတဲ့ ချယ်လ်ဆီး နောက်ခံလူဟောင်း 

ပရိသတ်တွေက အသံတိတ်လွန်းနေတာကြောင့် ကွင်းထဲမှာ တမင်တကာ အမှားတွေ လုပ်ပြခဲ့ဖူးတယ်လို့ ချယ်လ်ဆီး ကစားသမားဟောင်း အန်တိုနီယို ရူဒီဂါက ဝန်ခံခဲ့ပါတယ်။  အခုအခါမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိနေပြီဖြစ်တဲ့ ဂျာမန် လက်ရွေးစင် ခံစစ်မှူးက ချယ်လ်ဆီး ကစားသမား ဘဝတုန်းက သူ့ရဲ့ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြန်ပြီး ဖောက်သည်ချခဲ့တာပါ။ သူဟာ ချယ်လ်ဆီး ကစားသမား ဘဝမှာ ၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး…

Read More
ခရိုအေးရှား လူငယ်အသင်းကို ဂိုးပြတ်ရှုံးလို့ ဝေဖန်ခံနေရတဲ့ ကမ္ဘာ့ဖလားအိမ်ရှင်

ခရိုအေးရှား လူငယ်အသင်းကို ဂိုးပြတ်ရှုံးလို့ ဝေဖန်ခံနေရတဲ့ ကမ္ဘာ့ဖလားအိမ်ရှင်

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကာတာဟာ ကတိုက်ကရိုက် လူစုပြီး ယှဉ်ပြိုင်ခဲ့တဲ့ ခရိုအေးရှား လူငယ်အသင်းကို ဂိုးပြတ် ရှုံးခဲ့တာကြောင့် ဝေဖန်မှုတွေ ကြုံနေရပါတယ်။  စက်တင်ဘာ ၂၀ က ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲမှာ ခရိုအေးရှားဟာ အသက် ၂၃ နှစ်အောက် လူငယ်အသင်းရဲ့ ကစားသမား အများစုကို အသုံးပြုခဲ့ပြီး ကမ္ဘာ့ဖလား အိမ်ရှင်တွေအပေါ် သက်တောင့်သက်သာ အနိုင်ယူသွားခဲ့တာပါ။ ခရိုအေးရှားအတွက် တက်လစ်နဲ့ မီထရိုဗစ်တို့က စောစောစီးစီး…

Read More
Instagram ပေါ်မှာ ဩဇာ အလွှမ်းမိုးနိုင်ဆုံး ဘောလုံးသမားများ

Instagram ပေါ်မှာ ဩဇာ အလွှမ်းမိုးနိုင်ဆုံး ဘောလုံးသမားများ

Instagramပေါ်မှာ ဩဇာလွှမ်းမိုးမှု အရှိဆုံး ဘောလုံးကြယ်ပွင့်တွေ စာရင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဦးဆောင်နေခဲ့ပါတယ်။  မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူးတွေဟာ လီယွန်နယ်မက်ဆီ၊ နေမာနဲ့ ကီလီယန် အမ်ဘက်ပေတို့လို ပြိုင်ဘက်တွေကို ကျော်လွန်ပြီး အခုလို သတ်မှတ် ခံခဲ့ရတာပါ။ ရော်နယ်လ်ဒိုဟာ Instagramမှာ Followerပေါင်း သန်း ၄၈၀ လောက် ပိုင်ဆိုင်ထားပြီး မနှစ်ကနဲ့ယှဉ်ရင် ၄၈ ရာခိုင်နှုန်း တိုးပွားလာပါတယ်။  Instagramပေါ် သူတင်လိုက်တဲ့…

Read More
ကိုယ်ပိုင် CR7 အမှတ်တံဆိပ်အတွက် မော်ဒယ်လ်လုပ်ခဲ့တဲ့ ရော်နယ်လ်ဒို 

ကိုယ်ပိုင် CR7 အမှတ်တံဆိပ်အတွက် မော်ဒယ်လ်လုပ်ခဲ့တဲ့ ရော်နယ်လ်ဒို 

ကိုယ်ပိုင် အတွင်းခံဖက်ရှင် အမှတ်တံဆိပ်အတွက် ကိုယ်တိုင် မော်ဒယ်လ်အဖြစ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို ခရစ္စတီယာနို ရော်နယ်လ်ဒိုက ထုတ်ပြလိုက်ပါတယ်။  မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်ဟာ ဘောလုံးသမား ဘဝမှာ အတောက်ပဆုံး အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ဖူးသလို ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ် အချိုးအစားတွေကြောင့် မော်ဒယ်လ် တစ်ယောက် အနေနဲ့လည်း အခက်အခဲမရှိ ရပ်တည်ခဲ့ပါတယ်။ သူဟာ ကမ္ဘာကျော် အမှတ်တံဆိပ်…

Read More
ဟန်ဆောင်လှဲချကြဖို့ ကစားသမားတွေကို မှာထားကြောင်း မော်ရင်ဟိုပြော

ဟန်ဆောင်လှဲချကြဖို့ ကစားသမားတွေကို မှာထားကြောင်း မော်ရင်ဟိုပြော

ပင်နယ်တီ ရအောင်လို့ သူ့ကစားသမားတွေကို ပြိုင်ဘက် ဧရိယာထဲ ဟန်ဆောင် လှဲချကြဖို့ မှာထားကြောင်း ရိုးမား အသင်းရဲ့ မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက အငေါ်တူးပြီး ပြောဆိုသွားပါတယ်။  အတ္တလန္တာ အသင်းကို ၁-၀ နဲ့ အရေးနိမ့်တဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ထုတ်ပယ်မှုကို ခံခဲ့ရတဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး ပေါ်တူဂီသား မန်နေဂျာက အခုလို ပြောခဲ့တာပါ။ သူဟာ ဒိုင်လူကြီး ဒန်နီရယ်လ် ချစ်ဖီက ရိုးမား…

Read More
ပရီးမီးယားလိဂ် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာတဲ့ အာဆင်နယ် လူငယ်လေး

ပရီးမီးယားလိဂ် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာတဲ့ အာဆင်နယ် လူငယ်လေး

အာဆင်နယ် လူငယ် ကစားသမားလေး အီသန် နွမ်နာရီဟာ အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းမှာ ပါဝင်ယှဉ်ပြိုင်ဖူးသမျှ အသက်အငယ်ဆုံး ဘောလုံးသမားဆိုတဲ့ စံချိန်မှတ်တမ်းသစ်ကို ရေးထိုးလိုက်ပါတယ်။  အင်္ဂလန် ဘောလုံးလောကရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးမှာ လူစားလဲ ကစားသမား အနေနဲ့ ပါဝင်ခွင့် ရလာချိန်မှာ နွမ်နာရီရဲ့ အသက်က ၁၅ နှစ် ကျော်ကျော်သာ ရှိပါသေးတယ်။ ဘရန့်ဖို့ဒ်ကို အာဆင်နယ်က ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် ဒုတိယပိုင်းမှာ…

Read More