နည်းပြဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရပြီးနောက် လေ့ကျင့်ရေးကွင်းမှာ မန်ယူကစားသမားတွေ ပျော်ရွှင်နေ

နည်းပြဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရပြီးနောက် လေ့ကျင့်ရေးကွင်းမှာ မန်ယူကစားသမားတွေ ပျော်ရွှင်နေ

  ၂၆၊ နိုဝင်ဘာ၊ ၂၀၂၁။ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိ ယာယီနည်းပြ ကာရစ်လက်ထက်မှာ မန်ယူအအသင်းရဲ့ ကစားသမားအားလုံးအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုနဲ့အတူ ပျော်ရွှင်မှုတွေလည်း ရှိလာခဲ့ပါတယ်။  နည်းပြကာရစ်ရဲ့ လက်ထက်  ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် လာမယ့် ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကိုပါ လက်ရှိနည်းပြက ကိုင်တွယ်ဖို့ အခွင့်အရေး ရှိနေတာပါ။  မန်ယူအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အနိုင်ရပြီးနောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာခဲ့သလို…

Read More
တိုက်စစ်ကို အရေးပေါ်အားဖြည့်ဖို့ လိုအပ်လာလို့ အာသာ ကာဘရယ်လ်ကို ခေါ်ယူဖို့ ဘာစီလိုနာ စီစဉ်

တိုက်စစ်ကို အရေးပေါ်အားဖြည့်ဖို့ လိုအပ်လာလို့ အာသာ ကာဘရယ်လ်ကို ခေါ်ယူဖို့ ဘာစီလိုနာ စီစဉ်

၂၆၊ နိုဝင်ဘာ၊ ၂၀၂၁။ ဘာစီလိုနာအသင်းဟာ တိုက်စစ်ကို အရေးပေါ်အားဖြည့်ရမယ့်အခြေအနေမျိုးဖြစ်လာလို့ ဘေဆယ်လ်တိုက်စစ်မှူး အာသာ ကာဘရယ်လ်ကို စောင့်ကြည့်တာတွေ ရှိနေပြီဖြစ်နေပြီလို့ သိရှိရပါတယ်။ ဘာစီလိုနာ စီအီးအို အေလီမာနီက အသင်းရဲ့ဘဏ္ဍာရေးပြဿနာတွေကြောင့် ဆောင်းရာသီဈေးကွက်မှာ အသင်းအတွက် ကစားသမားသစ်ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် လက်ရှိအခြေအနေတွေအရ နည်းပြသစ် ဇာဗီဟာ တိုက်စစ်မှူးသစ်တစ်ယောက် မဖြစ်မနေ ခေါ်ယူရမယ့်အခြေအနေဖြစ်လာလို့ အသင်းဘက်က ငွေသုံးခွင့် ပေးအပ်ဖွယ်ရှိနေတာပါ။ အသက် ၂၃ နှစ်အရွယ် ကာဘရယ်လ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း…

Read More
ထောင်နန်းထပ်စံ ရဖို့ ရှိနေတဲ့ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟို

ထောင်နန်းထပ်စံ ရဖို့ ရှိနေတဲ့ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟို

  ၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။ ပါရာဂွေးနိုင်ငံထဲ နိုင်ငံကူးလက်မှတ်အတုလုပ်ပြီး ဝင်ခဲ့တဲ့ ပြစ်မှုနဲ့ ထောင်ခြောက်လ အကျခံခဲ့ဖူးတဲ့ ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုဟာ လက်ရှိမှာ ထောင်နန်းထပ်စံရမယ့် ကိန်း ဆိုက်နေရပါပြီ။  လက်ရှိ ရော်နယ်ဒင်ဟို ရင်ဆိုင်နေရတဲ့ အမှုကတော့ အတူနေ ချစ်သူဟောင်းနဲ့ နှစ်ဦးကြားကတိပြုထားတဲ့ ထောက်ပံ့ကြေးတွေ ပေးဖို့ ပျက်ကွက်ခဲ့တဲ့ ပြစ်မှုပဲဖြစ်ပါတယ်။  သတင်းတွေရဲ့ ဖော်ပြချက်အရ အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒင်ဟိုအနေနဲ့ ချစ်သူဟောင်း ပရစ်ဆယ်လာကိုရယ်ဟိုကို…

Read More
ဘင်ချီဝဲလ်ရဲ့ဒဏ်ရာ ပြင်းထန်မှာကို ချယ်လ်ဆီး စိုးရိမ်

ဘင်ချီဝဲလ်ရဲ့ဒဏ်ရာ ပြင်းထန်မှာကို ချယ်လ်ဆီး စိုးရိမ်

  ၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။ ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ဘင်ချီဝဲလ်ရဲ့ဒဏ်ရာ ပြင်းထန်မှာကို စိုးရိမ်ပူပန်နေပြီး လက်ရှိမှာတော့ ဒဏ်ရာကို စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် အတိအကျ မပြောနိုင်သေးဘူးလို့ ချယ်လ်ဆီးအသင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးကနေ ဂျူဗင်တပ်ကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ အခုဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေသာ ဆိုးရွားပြင်းထန်ခဲ့ရင် ကာလတစ်ခုကြာ အနားယူရမယ့်အခြေအနေဖြစ်လို့နေပါတယ်။ ကနဦး ဆေးစစ်ချက်အဖြေတွေအရ ဘင်ချီဝဲလ်ရဲ့ဒဏ်ရာဟာ ဒူးအရွတ်စုတ်ပြဲမှုလို့…

Read More
မန်ယူယာယီနည်းပြရာထူးအတွက် စတိဗ်ဘရုစ်ကို ပီတာရှမိုက်ကယ် ထောက်ခံ

မန်ယူယာယီနည်းပြရာထူးအတွက် စတိဗ်ဘရုစ်ကို ပီတာရှမိုက်ကယ် ထောက်ခံ

  ၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။ မန်ယူဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ဟာ အသင်းရဲ့ယာယီနည်းပြရာထူးအတွက် စတိဗ်ဘရုစ်ဟာ သင့်တော်သူဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။  ပီတာရှမိုက်ကယ်နဲ့ စတိဗ်ဘရုစ်တို့ဟာ မန်ယူအသင်းဖော်ဟောင်းတွေဖြစ်ကြပြီး ဖာဂူဆန်လက်အောက်မှာ ကစားခဲ့ဖူးတဲ့ စတိဗ်ဘရုစ်အနေနဲ့ မန်ယူအဝတ်လဲခန်းတွင်းက အခြေအနေတွေကို ကောင်းစွာ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ရှမိုက်ကယ်က ယုံကြည်ထားတာပါ။ နယူးကာဆယ်နည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ စတိဗ်ဘရုစ်ကလည်း မန်ယူအသင်းတာဝန်ရှိသူတွေဘက်ကသာ ကမ်းလှမ်းဆက်သွယ်လာခဲ့ရင် အသင်းကို တာဝန်ယူဖို့ အသင့်အနေအထားမျိုးမှာ ရှိနေပါတယ်။ မန်ယူအသင်းရဲ့အကြောင်းကို အလုံးစုံ သိရှိနားလည်ပြီးသားသူဖြစ်တဲ့အတွက် စတိဗ်ဘရုစ်ဟာ…

Read More
ဂျူဗင်တပ်စ်တောင်ပံတိုက်စစ်မှူး ချီယေဆာအတွက် ချဲလ်ဆီး ပေါင် သန်း ၈၀ ကျော်အသုံးပြုဖို့ ရှိ

ဂျူဗင်တပ်စ်တောင်ပံတိုက်စစ်မှူး ချီယေဆာအတွက် ချဲလ်ဆီး ပေါင် သန်း ၈၀ ကျော်အသုံးပြုဖို့ ရှိ

  ၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။ ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်ကြယ်ပွင့် ချီယေဆာကို ပေါင် ၈၄ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  အသက် ၂၄ နှစ်အရွယ် ဒီတောင်ပံတိုက်စစ်မှူးဟာ ယူရို ၂၀၂၀ မှာ အီတလီလက်ရွေးစင်အသင်းနဲ့ ထင်ရှားကျော်ကြားလာတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။  ချဲလ်ဆီးနည်းပြ သောမတ်တူချယ်ကိုယ်တိုင် ချီယေဆာကို သဘောတွေ့ခဲ့တာဖြစ်လို့ အသင်းရဲ့ တိုက်စစ်နေရာမှာ သူ့ကို ဦးစားပေး ကမ်းလှမ်းနေခဲ့တာဖြစ်ပါတယ်။ …

Read More
ပီအက်စ်ဂျီနဲ့ ပွဲမှာ အသင်းကစားသမားတွေ တစ်ကိုယ်ကောင်းမဆန်ခဲ့ဘူးလို့ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ် ဖွင့်ဟ

ပီအက်စ်ဂျီနဲ့ ပွဲမှာ အသင်းကစားသမားတွေ တစ်ကိုယ်ကောင်းမဆန်ခဲ့ဘူးလို့ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ် ဖွင့်ဟ

  ၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ပွဲမှာ မန်စီးတီးကစားသမားတွေအားလုံး တစ်ကိုယ်မဆန်ခဲ့ဘူးလို့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က အသိပေးဖွင့်ဟလိုက်ပါတယ်။  ပွဲစဉ်ရဲ့  မိနစ် ၅၀ မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေရဲ့ သွင်းဂိုးနဲ့ ပြင်သစ်ကလပ်က ဦးဆောင်နိုင်ခဲ့ပေမယ့် ၆၃ မိနစ်မှာ စတာလင်၊ ၇၆ မိနစ်မှာ ဂါဘရီရယ်ဂျီးဆပ်တို့က မန်စီးတီးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် အင်္ဂလန်ကလပ်အနေနဲ့ နိုင်ပွဲ…

Read More
ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ နာမည်ကြီးနည်းပြ လေးယောက်ကို မန်ယူ ဆက်သွယ်နေ

ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ နာမည်ကြီးနည်းပြ လေးယောက်ကို မန်ယူ ဆက်သွယ်နေ

၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။ မန်ယူအသင်းဟာ အသင်းရဲ့ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် နာမည်ကြီးနည်းပြ လေးယောက်ကို ကမ်းလှမ်းဆက်သွယ်ထားကြောင်း သိရပါတယ်။ မန်ယူကနေ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခံရသူတွေထဲမှာ လိုက်ပ်ဇစ်ဂျ်နည်းပြဟောင်း ရပ်ဖ် ရန်ဂနစ်၊ ဒေါ့မွန်နည်းပြဟောင်း ဖာဗရေး၊ ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီနဲ့ လိုင်ယွန်နည်းပြဟောင်း ရူဒီဂါစီယာတို့ ပါဝင်နေပြီး ရိုးမားနည်းပြဟောင်း ပေါ်လို ဖွန်ဆီကာကိုလည်း ယာယီနည်းပြလျာထားစာရင်းထဲမှာ မန်ယူက ထည့်သွင်းထားပါတယ်။ မန်ယူဟာ လက်ရှိမှာတော့ ကာရစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး…

Read More
နည်းပြပိုချက်တီနို မန်ယူကို ပြောင်းသင့်ပြီလို့ ဂျေမီကာရေဂါ ပြော

နည်းပြပိုချက်တီနို မန်ယူကို ပြောင်းသင့်ပြီလို့ ဂျေမီကာရေဂါ ပြော

၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။ ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ပီအက်စ်ဂျီအသင်း ရှုံးနိမ့်ပြီးနောက် နည်းပြပိုချက်တီနိုအနေနဲ့ မန်ယူအသင်းကို ပြောင်းလိုက်သင့်ပြီလို့ လီဗာပူးလ်ဂန္ထဝင် ကာရေဂါက အသိပေးပြောကြားလိုက်ပါတယ်။  လက်ရှိမှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို နာမည်ကျော်ကစားသမားတွေနဲ့အပြိုင် တစ်သင်းတည်းကစားနေရတယ်လို့ ပိုချက်တီနိုရဲ့ အကျပ်အတည်းကို ရည်ညွှန်းပြီး ပြောခဲ့တာပါ။  အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး အွန်နရီကလည်း ပိုချက်တီနိုဟာ ဒီကစားသမားသုံးဦးကို ထိန်းချုပ်ဖို့ ခက်နေတယ်လို့ သုံးသပ်ချက်ချခဲ့ပြီး…

Read More
မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက်  ပီအက်စ်ဂျီလူစာရင်းမှာ နောက်ခံလူ ရာမို့စ် ပါဝင်လာ

မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက်  ပီအက်စ်ဂျီလူစာရင်းမှာ နောက်ခံလူ ရာမို့စ် ပါဝင်လာ

  ၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ ရီးရဲလ်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာကတည်းက အသင်းအတွက် တစ်ပွဲမှ ပါဝင် ကစားခွင့် မရသေးတဲ့ ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ လာမယ့် ကြာသပတေးနေ့ နံနက် ၂ နာရီခွဲအချိန်မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက် ပီအက်စ်ဂျီလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ စပိန်ဝါရင့်နောက်ခံလူဟာ မန်စီးတီးနဲ့ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်က သူ့အတွက် ပထမဦးဆုံး ပွဲကစားခွင့်ရမယ့် ပွဲစဉ်တစ်ပွဲ…

Read More