အိုရီဂီကို လာမယ့်ဇန်နဝါရီမှာ အသင်းပြောင်းခွင့် မပေးဖို့ လီဗာပူး ဆုံးဖြတ်ထား

အိုရီဂီကို လာမယ့်ဇန်နဝါရီမှာ အသင်းပြောင်းခွင့် မပေးဖို့ လီဗာပူး ဆုံးဖြတ်ထား

  ၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ လီဗာပူးအသင်းဟာ အသင်းတိုက်စစ်မှူး အိုရီဂီကို လာမယ့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာ အသင်းပြောင်းခွင့် မပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရှိရပါတယ်။ နယူးကာဆယ်အသင်းဟာ အိုရီဂီကို ဝယ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေပြီး ကာယကံရှင် ကစားသမားကိုယ်တိုင်ကလည်း ပုံမှန်ပွဲထွက်ကစားခွင့်တစ်ရပ်ရနိုင်ရေးအတွက် လီဗာပူးကို စွန့်ခွာကာ အသင်းသစ်တစ်သင်းဆီ ပြောင်းရွှေ့ချင်နေတာပါ။ အိုရီဂီဟာ လက်ရှိဘောလုံးရာသီအတွင်း လီဗာပူးအတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် ကစားရခြင်း မရှိသေးဘဲ အရန်အဖြစ် နှစ်ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။…

Read More
လဲကျသတိလစ်သွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်ကွင်းလယ်လူ ဂျွန်ဖလက်ခ်ရဲ့ အခြေအနေ စိတ်ချရပြီ

လဲကျသတိလစ်သွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်ကွင်းလယ်လူ ဂျွန်ဖလက်ခ်ရဲ့ အခြေအနေ စိတ်ချရပြီ

၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ ရှက်ဖီးယူနိုက်တက်က ရီးဒင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်မှာ ဘောလုံးကွင်းထဲ သတိလစ် လဲကျသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်ကွင်းလယ်လူ ဂျွန်ဖလက်ခ်ရဲ့ အခြေအနေဟာ ပုံမှန်အနေအထားဆီ ပြန်ရောက်နေပြီလို့ ရှက်ဖီးယူနိုက်တက်အသင်းက ထုတ်ပြန်အသိပေးလိုက်ပါတယ်။ ဂျွန်ဖလက်ခ်ဟာ ဘောလုံးကွင်းအတွင်း လဲကျသွားခဲ့တာကြောင့် နှစ်ဖက်အသင်းကစားသမားတွေက ဆေးအဖွဲ့တာဝန်ကျဝန်ထမ်းတွေကို အလျင်အမြန် အကူအညီတောင်းခဲ့ရပါတယ်။ ၁၀ မိနစ်လောက် အချိန်ယူကုသပြီးတဲ့နောက်မှာတော့ အတိုင်းအတာတစ်ရပ်အထိ စိတ်ချသွားရတဲ့အတွက် ဂျွန်ဖလက်ခ်ကို ထမ်းစင်နဲ့သယ်ထုတ်နိုင်ခဲ့ပါတယ်။ ဘောလုံးကွင်းထဲကနေ အပြင်ကို…

Read More
အက်သလက်တီကို လရောင်လျှောက်လမ်းထဲမှာ ဆိုခဲ့တဲ့ ချန်ပီယံလိဂ်တေးသွားတွေ

အက်သလက်တီကို လရောင်လျှောက်လမ်းထဲမှာ ဆိုခဲ့တဲ့ ချန်ပီယံလိဂ်တေးသွားတွေ

၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ ဒီအုပ်စုဟာ အပြင်ပန်းကြည့်လိုက်တော့ အုပ်စုကျပ်သဘောမျိုးဖြစ်ခဲ့ပေမယ့် အမှန်တကယ် ကစားတဲ့အခါ မျှော်လင့်မထားခြင်း ရလဒ်တွေသာ ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အေစီမီလန်အသေကို ရှာဖွေတွေ့ခဲ့ရတယ်၊ မြူးကြွားနေတဲ့ အမြင့်ပျံကြိုးကြာကို မြင်တွေ့ခဲ့ရတယ်၊ အမှားအယွင်း သူငယ်နာမစင်နိုင်တဲ့ ပေါ်တိုကို တွေ့ခဲ့ရတယ်၊ ရုန်းကန်ရခြင်း အရေးပေါ်ခန်းထဲက အက်သလက်တီကိုကို မြင်ခဲ့ရတယ်။ အခုတော့လည်း လီဗာပူးဟာ နောက်တစ်ဆင့်အတွက် ဘာလုပ်ရမလဲကို စဉ်းစားခန်းဖွင့်နေချိန်မှာ ပေါ်တို၊ အက်သလက်တီကိုနဲ့ အေစီမီလန်တို့ကတော့ အုပ်စုဒုတိယနေရာအတွက် လေဆန်ကို…

Read More
စီရော်နယ်ဒိုလား မက်ဆီလား ပိုချက်တီနိုကြိုက်တာပြော

စီရော်နယ်ဒိုလား မက်ဆီလား ပိုချက်တီနိုကြိုက်တာပြော

၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ လက်တလောကာလမှာ ကစားသမားအပြောင်းအရွှေ့တွေထက် နည်းပြအပြောင်းအရွှေ့တွေက ပိုမိုပြီး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဇီဒန်း၊ ပိုချက်တီနို၊ ဟီရစ်တန်းဟတ်ခ် စတဲ့စတဲ့ နည်းပြတွေဟာ နာမည်ကြီး အသင်းတွေနဲ့ နာမည်တွေ ထွက်နေခဲ့တာပါ။  ဒီထဲမှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းတို့ရဲ့ နာမည်ထွက်နေမှုက ပိုမိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားနှစ်ယောက်ထဲက တစ်ယောက်ကို နည်းပြခွင့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။  ဇီဒန်းကတော့ စီရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်မှာ…

Read More
ကာရစ်ကို နည်းပြတစ်ယောက်အဖြစ် အမည်သတ်မှတ်လို့ မဖြစ်နိုင်သေးဘူးလို့ ပေါလ်စခိုးနဲ့ ဖာဒီနန် မှတ်ချက်ပြု

ကာရစ်ကို နည်းပြတစ်ယောက်အဖြစ် အမည်သတ်မှတ်လို့ မဖြစ်နိုင်သေးဘူးလို့ ပေါလ်စခိုးနဲ့ ဖာဒီနန် မှတ်ချက်ပြု

  ၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗီလာရီးရဲလ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် အဲ့ဒီပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ ကာရစ်ကို နည်းပြတစ်ယောက်အဖြစ် အမည်သတ်မှတ်လို့ မဖြစ်နိုင်သေးဘူးလို့ မန်ယူဂန္ထဝင်တွေဖြစ်တဲ့ ပေါလ်စခိုးနဲ့ ဖာဒီနန်တို့က မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်အပြီးမှာ ကာရစ်က အသင်းကို ဦးဆောင်နေဦးမှာဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းခဲ့တဲ့အပေါ်မှာတော့ သူတို့နှစ်ဦးစလုံးက မိုက်ကယ်ကာရစ်အပေါ် ယုံကြည်လို့ မရသေးဘဲ ရှိနေခဲ့တာပါ။  မန်ယူဟာ ဗီလာရီးရဲလ်နဲ့ပွဲက …

Read More
လူတိုင်းက ရူဒီဂါကို အသင်းမှာ ဆက်ရှိဖို့ အလိုရှိတယ်လို့ ချဲလ်ဆီးနည်းပြတူချယ်ပြော 

လူတိုင်းက ရူဒီဂါကို အသင်းမှာ ဆက်ရှိဖို့ အလိုရှိတယ်လို့ ချဲလ်ဆီးနည်းပြတူချယ်ပြော 

  ၂၃၊ နိုဝင်ဘာ၊ ၂၀၂၁။ အခုနှစ်ရာသီကုန်ရင် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းနဲ့ နောက်ခံလူ ရူဒီဂါအကြား စာချုပ်သက်တမ်း ထပ်တိုးဖို့ ကိစ္စဟာ ဖြစ်မလာသေးဘဲ ရှိနေပါတယ်။  ဘွန်ဒက်စ်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကတော့ လက်ရှိမှာ ဒီနောက်ခံလူကို စိတ်ဝင်စားဆုံး ကလပ်ဖြစ်နေခဲ့ပြီး ချဲလ်ဆီးအသင်းမှာ ရနေတဲ့ လုပ်ခလစာထက် နှစ်ဆပေးပြီးတော့ ခေါ်ယူဖို့ အစီအစဉ်ရှိနေတာပါ။ ဒါပေမဲ့ နောက်ခံလူ ရူဒီဂါဟာ ချဲလ်ဆီးနည်းပြ တူချယ်ရဲ့…

Read More
အက်ဇ်ပီလီကူအီတာကို တမင်သက်သက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ အီဘရာဟီမိုဗစ် ပြော

အက်ဇ်ပီလီကူအီတာကို တမင်သက်သက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ အီဘရာဟီမိုဗစ် ပြော

  ၂၃၊ နိုဝင်ဘာ၊ ၂၀၂၁။ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က စပိန်နဲ့ ဆွီဒင်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူ့အနေနဲ့ စပိန်ခံစစ်မှူး အက်ဇ်ပီလီကူအီတာကို တမင်သက်သက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ပွဲစဉ်မှာ ထောင့်ကန်ဘောကန်တင်ချိန် အက်ဇ်ပီလီကူအီတာကို ပုခုံးနဲ့ တွန်းထိုးတိုက်ခိုက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ကကတော့ ဒီဖြစ်ရပ်အတွက် အီဘရာဟီမိုဗစ်ကို အဝါကတ်ပြစ်ဒဏ် သတ်မှတ်လိုက်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ဘောလုံးကွင်းတွင်းမှာတုန်းက ကွင်းလယ်ဒိုင်လူကြီးရဲ့အရေးယူခံရခြင်းကနေ ကင်းလွတ်ခဲ့ပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ဗီဒီယိုမှတ်တမ်းပြန်ကြည့်ပြီး အီဘရာဟီမိုဗစ်ကို…

Read More
နည်းပြဇီဒန်းကို ပီအက်စ်ဂျီကစားသမားတွေ အလိုရှိ

နည်းပြဇီဒန်းကို ပီအက်စ်ဂျီကစားသမားတွေ အလိုရှိ

  ၂၃၊ နိုဝင်ဘာ၊ ၂၀၂၁။ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမားအများစုဟာ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို အလိုရှိနေပြီး  လက်ရှိနည်းပြ ပိုချက်တီနိုရဲ့ နေရာမှာ အစားထိုး ခန့်အပ်ဖို့ မျှော်လင့်နေကြပါတယ်။  Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာလည်း အင်္ဂလန်ပရီးမီးယားလိဂ်ဘက်က မန်ယူအသင်းရဲ့ လစ်လပ် နည်းပြနေရာကို စိတ်ဝင်စားမှုရှိနေတယ်လို့ဆိုပါတယ်။ ဒါကြောင့်  ကလပ်အသင်းနှစ်သင်းနဲ့ ဒီနည်းပြနှစ်ဦးအကြားက အပြောင်းအလဲကို စိတ်ဝင်စားစရာ အကြောင်းအရာတစ်ရပ်အဖြစ် ဗြိတိန်သတင်းဌာနက ဖော်ပြလာခဲ့တာပါ။  ပြင်သစ်မြေမှာ…

Read More
ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ဒီဂျောင်ကို ရောင်းချသွားမယ်ဆိုတဲ့ ဘာစီလိုနာ

ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ဒီဂျောင်ကို ရောင်းချသွားမယ်ဆိုတဲ့ ဘာစီလိုနာ

  ၁၈၊ နိုဝင်ဘာ၊ ၂၀၂၁။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လက်ရှိ ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းဖို့အတွက် ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို လာမယ့် ဇန်နဝါရီစျေးကွက်မှာ ရောင်းချဖို့ စီစဉ်နေပြီလို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။  လက်ရှိမှာ ကစားသမားရဲ့ တန်ကြေးကို ပေါင် ၇၅ သန်းလောက်အထိ သတ်မှတ်ထားတယ်လို့ သိရှိရပြီး ဘာစီလိုနာအသင်းဘက်က ကစားသမားကို လက်လွှတ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဗြိတိန်သတင်းဌာနက ဖော်ပြခဲ့တာပါ။  ဒီနယ်သာလန်ကွင်းလယ်လူ ဒီဂျောင်သာ…

Read More
နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျလုပ်ငန်းစု ဝယ်ယူခွင့်ရသွားတဲ့ ဂယက်အကျိုးဆက်ကြောင့် ပရီးမီးယားလိဂ်ဥက္ကဌ ရာထူးနုတ်ထွက်

နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျလုပ်ငန်းစု ဝယ်ယူခွင့်ရသွားတဲ့ ဂယက်အကျိုးဆက်ကြောင့် ပရီးမီးယားလိဂ်ဥက္ကဌ ရာထူးနုတ်ထွက်

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။ ဆော်ဒီအာရေဗျနိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းစုကနေပြီး နယူးကာဆယ်ကို ဝယ်ယူသွားခဲ့တဲ့ကိစ္စရပ်ကို ထိပ်တန်းကလပ်အသင်းတွေဘက်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်လာခဲ့အပြီးမှာ ပရီးမီးယားလိဂ်ဥက္ကဋ္ဌ ဂယ်ရီဟော့ဖ်မန်းက ရာထူးနုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။ နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်း ကျောထောက်နောက်ခံပြုတဲ့ စီးပွားရေးလုပ်ငန်းစုကနေ ဝယ်ယူလိုက်တာဖြစ်ပြီး အဲ့ဒီအရောင်းအဝယ်ကိစ္စအတွက် ပရီးမီးယားလိဂ်အသင်းအများစုက မကျေနပ်မှုတွေ ရှိနေဆဲပဲဖြစ်ပါတယ်။ ဆော်ဒီအာရေဗျအိမ်ရှင်မင်းသား ဘင်ဆယ်လ်မန်းဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ သတင်းထောက် ခါရှော်ဂီကို လုပ်ကြံသတ်ဖြတ်မှုမှာ နောက်ကွယ်ကနေ ပါဝင်ပတ်သက်ခဲ့မှုတွေကြောင့်…

Read More