နိုင်ငံရေး

ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် မိုးရေထဲတိမ်းရှောင်နေရ

သြဂုတ်၊ ၃၁   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ရှစ်ထောင်ကျော် မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။   “ တချို့ဆို ကောက်စိုက်နေရင်းတန်းလန်းနဲ့ရော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အုတ်ဖိုမှာ စစ်ကောင်စီဗိုလ်ကြီးတဦး ပစ်ခတ်ခံရလို့ သေဆုံး

သြဂုတ်၊ ၃၁   ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီ ဗိုလ်ကြီးတဦး ဆိုင်ကယ်စီးလာချိန် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဝေယံက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်ပရောက် လုပ်သားတွေ တရားဝင်ငွေပြန်မလွှဲရင် အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

သြဂုတ်၊ ၃၁   ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်ကနေ လွှဲပို့ဖို့ ပျက်ကွက်ရင် နောက်တကြိမ် ပြည်ပထွက်ခွာခွင့် သုံးနှစ်ပိတ်ခံမယ့်အပြင် ပဋိညာဥ်ဥပဒေအရပါ အရေးယူမယ်ဆိုပြီး စစ်ကောင်စီက ထပ်မံဖိအားပေး ခြိမ်းခြောက်လာတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စစ်ကောင်စီက ဆန်ဈေးနှုန်းကို ပြင်ပပေါက်ဈေးထက် လျှော့ချသတ်မှတ်၊ တင်ရောင်းရင် အရေးယူမယ်လို့ ဆို

သြဂုတ်၊ ၃၁   စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကစလို့ ဆန်ဈေးနှုန်းတွေကို လက်ရှိပြင်ပပေါက်ဈေးထက် လျှော့ပြီး ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ဆန်ကုန်သည်တချို့ ဈေးတင်မရောင်းရဲဘဲ အရောင်းရပ်ထားကြတယ်လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲလို့ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

သြဂုတ်၊ ၃၁   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို သြဂုတ်လ ၃၁ ရက်၊ မနက် ခြောက်နာရီခွဲလောက်မှာ စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်အမျိုးသားတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ပဋိပက္ခတွေကြောင့် ပြဿနာတွေကို ဆွေးနွေးမှုက ဖြေရှင်းမရနိုင်သေးဘူးလို့ မွန်ပြည်သစ်ပါတီဆို

သြဂုတ်၊ ၃၁   နိုင်ငံအတွင်းမှာ စစ်ပွဲနဲ့လက်နက်ကိုင်ပဋိပက္ခများနေတာ၊ အကြမ်းဖက်မှုတွေ အမျိုးမျိုးဆက်ရှိနေတဲ့အတွက် နိုင်ငံရေး ဆွေးနွေးမှုဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်သေးဘူးလို့ မွန်ပြည်သစ်ပါတီ (NMSP)က ထုတ်ပြန်လိုက်ပါတယ်။   ၇၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက ပူးတွဲဥက္ကဌအဖြစ်တာဝန်ယူမယ့် အာဆီယံ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို JFM ရှုတ်ချ

သြဂုတ်၊ ၃၁   အာဏာသိမ်းစစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူပြီး ရုရှနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM)က သြဂုတ်လ ၂၉ ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်ကောင်စီခန့် ကျောင်းဆရာသုံးဦးကို NUG ရဲတပ်ဖွဲ့က အကြမ်းဖက်မှုနဲ့ဖမ်းဆီးတရားစွဲ

သြဂုတ်၊ ၃၁ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းအုပ်တဦးနဲ့ ကျောင်းဆရာနှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုုက်ဖျက်ရေး ဥပဒေနဲ့တရားစွဲဆိုထားပါတယ်။ “စစ်ကောင်စီရဲ့ ယန္တယားလာရောက်လည်ပတ်တဲ့အတွက် တားဆီးတဲ့သဘောပါပဲ ” လို့ ကလေးမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေ နေထိုင်ရာအနီးကို လေယာဉ်နဲ့ ဗုံးသုံးကြိမ်ကြဲ

သြဂုတ်၊ ၃၁ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာအနီးကို စစ်ကောင်စီတပ်က  သြဂုတ်လ ၃၁ ရက်၊ မနက် လေးနာရီလောက်မှာ လေယာဉ်နဲ့ ဗုံးသုံးကြိမ်လာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လေယာဉ်ကတော့ သုံးကြိမ်လာတယ်။မှောင်နေတော့ တစင်းတည်းလား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမှာ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးချို့တဲ့သူအပါအဝင် သုံးဦးကိုသတ်ဖြတ်

သြဂုတ်၊ ၃၁ စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကို   စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် စိတ်ကျန်းမာရေးချို့တဲ့နေသူတဦးအပါအဝင် ဒေသခံအမျိုးသား သုံးဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ “ လေးရက်ဆက်တိုက်တပ်စွဲခဲ့တာ ဒေသခံသုံးဦးကိုလည်းသူတို့သတ်ဖြတ်ခဲ့တာ အတည်ပြုလို့ရပါတယ်။ သူတို့စစ်ကြောင်းထွက်တော့မှ အလောင်းတွေ တွေ့တာပါ “ လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]