ဒီနှစ်ထဲ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကို ကရင်နီ(ကယား)တပြည်နယ်လုံးမှာ ပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့ ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။ လာမဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီက စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်ဖို့ ပြုလုပ်တဲ့ အတုအယောင်တခုအဖြစ် ကရင်နီတော်လှန်ရေးအင်အားစုတွေက မှတ်ယူပြီး ကရင်နီတပြည်နယ်လုံးမှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်မှန်သမျှကို တညီတညွတ်တည်း ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ပြည်သူ့ကာကွယ် ရေးတပ် -ဒီးမော့ဆို (DMO-PDF)နဲ့ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF)တို့က ထုတ်ပြန်တာပါ။…
Read Moreမိုးကုတ်မြို့နယ်၊မိုင်းဟုန်းကျေးရွာ အနီးမှာရှိတဲ့ PDF တပ်ရင်း (၁၂၂၂) ရဲ့ ရှေ့တန်စခန်းတခုကို စစ် ကောင်စီက လေကြောင်း၊ကြည်းကြောင်း အင်အားအများအပြားနဲ့ စီးနင်းတိုက်ခိုက်လို့ စခန်းလက် လွှတ်လိုက်ရပြီး စစ်ကြောင်း မှူးတဦး ကျဆုံးသွားတယ်လို့ အဲ့ဒီတပ်ရင်း ပြောရေးဆိုခွင့်ရှိသူက DNA ကိုပြောပါတယ်။ “စစ်အသုံးအဆောင်တွေဘာမှ မဆုံးရှုံးခဲ့ဘူး၊သို့သော်ရဲဘော်တွေရဲ့ ကျောပိုးအိတ်တွေ၊ပါဝါဘန့် တွေ၊ တခြား ပစ္စည်း အမြောက်အမြားဆုံးရှုံးခဲ့ရတယ်ဗျ၊ဝေဟင်ရော၊မြေပြင်ကရောဆိုတော့ ဂန်း(လက်နက်) ကလွဲပြီး ဘာမှသယ်မလာ နိုင်ခဲ့ကြပါဘူး”လို့ သူကပြောပါတယ်။ …
Read Moreအမျိုးသားညီညွတ်ရေး အစိုးရ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူကာကွယ်ရေး တပ်မတော် (မန္တလေး) ကရဲဘော်တွေကို စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်အတွက် အခြေခံ ဆေးကုသနည်း သင်တန်းကို ပေးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ရဲ့ တာဝန်ခံ ရဲဘော်မိုးကြိုးကပြောပါတယ်။ အဲဒီသင်တန်းကို ရှေ့တန်းမှာ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာ တွေရှိခဲ့ရင် ချက်ချင်း အရေးပေါ်ကုသနိုင်ဖို့နဲ့ ပြည်သူတွေကို ကျန်းမာရေးအရပါ ကူညီဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး သင်ကြားပေးနေတာလို့လည်းဆိုပါတယ်။ ” ရှေ့တန်းမှာ ရဲဘော်တွေ…
Read Moreမန္တလေးမြို့ အမရပူရမြို့အတွင်းမှာ စစ်ကောင်စီရဲ့ယာဉ်တန်းကို ချိန်ကိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force – NMD PDF က သတင်း ထုတ်ပြန်ပါတယ်။ မနေ့က ညနေ ၄ နာရီလောက်မှာ အမရပူရမြို့ ပုထိုးတော်ကြီးဘုရား အရှေ့ဘက်ပေါက် ခေါင်းလောင်းကြီးအနီးမှာ စစ်ကောင်စီရဲ့ DC ကား နှစ်စီးဖြတ်သန်းလာချိန် ချိန်ကိုက်မိုင်းနဲ့ တိုက်ခိုက်ရာ အနောက်တစီး မိုင်းထိမှန်သွားတယ်လို့ဆိုပါတယ်။ အဲဒီနေရာဟာ လူစည်ကားတဲ့နေရာတခုဖြစ်ပြီး…
Read Moreရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီဟာ ညောင်ရွှေမြို့နယ်ထဲက ဒေသခံတွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်ရွှေမြို့နယ်ထဲက အင်းလေးဒေသနဲ့ အနီးတစ်ဝိုက်က ရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ် လို့ စွပ်စွဲခံရတဲ့ ကျေးရွာတွေကို ပျူတွေ လမ်းပြမှုနဲ့ စစ်ကောင်စီတပ်တွေက ဝင်ရောင်စီးနင်းရှာဖွေတာတွေ လုပ်ပြီး PDF တပ်ဖွဲ့ဝင်တွေ မတွေ့ရင်လည်း ဒေသခံတွေကို ဖမ်းသွားလေ့ ရှိတယ်လို့ ဆိုပါတယ်။…
Read More“ဒီနှစ်အတွင်း တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကိုရယူဖို့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ မဟာမိတ်များ စိတ်ပိုင်း ဖြတ်ထားပြီးဖြစ်တယ်” NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်တွေကို ဦးတည်တဲ့ “PDF ရဲဘော်များသို့”ဆိုတဲ့ ရေဒီယိုအစီအစဉ်ကနေ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အဲ့ဒီလို ပြောပါတယ်။ဒါဟာတော်လှန်ရေးကာလ စစ်ရေးအရ အရေးပါတဲ့ နေရာမှာ ရှိနေတဲ့ ဦးဆောင်သူတဦးဆီကလာတဲ့သတင်း စကားဖြစ်ပါတယ်။ အလားတူပဲ NUG ခေါင်းဆောင်တွေ၊ တော်လှန်ရေးရဲ့ မဟာမိတ်လို့ ဆိုနိုင်တဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေရဲ့ ခေါင်းဆောင်တွေကလည်း…
Read Moreပြည်တွင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ပြည်ပနိုင်ငံ ဆယ်ခုက ပြည်ပ ရောက်မြန်မာတွေ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတခုအဖြစ် “We Must Win” ကမ်ပိန်းကို ပြုလုပ်နေကြပါတယ်။ ပြည်တွင်းက တော်လှန်ရေး အင်အားစုတွေနဲ့အတူ စင်္ကာပူ၊ထိုင်း၊ဂျပန်၊ထို င်ဝမ်၊အမေရိကန်၊ ဗီယက်နမ်၊ အစ္စရေး၊ ကာတာ၊ဂျာမနီနဲ့ အိုင်ယာလန်နိုင်ငံရောက် မြန်မာတွေလည်း အဲ့ဒီလှုပ်ရှားမှုပါဝင်နေကြတယ်လို့ သိရပါတယ်။ “တော်လှန်ရေးကိုအားမလျှော့ဖို့ အဆုံးထိတိုက်ယူဖို့၊ နိုင်ငံတကာရောက်မြန်မာပြည်သူများမှ ပြည်တွင်း…
Read Moreမန္တလေးမြို့မှာ ဒေသကာကွယ်ရေး ပျောက်ကြားအဖွဲ့ ( PDF ) ၁၆ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမီခဲ့တယ်လို့ စစ်ကောင်စီက မနေ့ဇန်နဝါရီ ၁ရက်နေ့ညပိုင်းမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်ပြီး Mandalay Young Force (MYF) နဲ့ ဝက်လက် PDF အဖွဲ့ဝင် (၁၆)ဦး ဖမ်းမိထားတာလို့ဆိုပါတယ်။ ဒီဇင်ဘာ(၃၁)ရက် ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်၊…
Read Moreဂန့်ဂေါမြို့နယ်၊ဘော်ပြင်းရွာကြိုးတံတားမှာ မိုင်းဆင်နေချိန် မတော်မတဖြစ်လို့ PDFတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ ရတယ်လို့ ယောဒေသကာကွယ်ရေးတပ် ခေါင်းဆောင် ဗိုလ်ယောလေးက DNA ကိုပြောပါတယ်။ ဘော်ပြင်းရွာရဲ့တောင်ဘက် ကန်ရွာမှာ စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေတာကြောင့် ဘော်ပြင်းရွာကို စစ် ကြောင်းလာရင်ဖောက်ခွဲဖို့ အောက်တိုဘာ (၁၉)ရက်ညပိုင်းက မိုင်းဆင်နေချိန်မှာမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ရ တာဖြစ်တယ်လို့သိရပါတယ်။ “ပစ္စည်းတွေအဟောင်းတွေဆိုတော့ မကောင်းတော့ဘူးဗျ၊ receiver တွေကစိတ်မချရဘူး၊ ကျွန်တော့် ရဲဘော် လေး လည်းပါတယ်၊ သုံးယောက်သွားကြတာ၊ပေငါးဆယ်လောက်ထိပြေးခဲင်(ခဲ့)သေးတယ်ပြောတယ်၊ သုံး ယောက်မှာ နောက်ဆုံးကသူကိုထိသွားတယ်” လို့…
Read Moreဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်က ရဲတပ်ဖွဲ့၀င်( ၃) ဦးနဲ့ ဇနီးတဦးကို ဖျာပုံ PDF တွေနဲ့ ဆက်သွယ် ပတ် သက်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့က ရဲတပ်ကြပ် ထွန်းထွန်းနိုင် ၊ရဲတပ်သား မင်းထက်ပိုင်၊ရဲတပ် သား ထက်လင်း နဲ့ သူ့ရဲ့ဇနီးဖြစ်တဲ့ မကေသီ၀င်း တို့ကို စက်တင်ဘာ (၂၆) ရက်နေ့က ဖမ်းဆီးလိုက်တာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ် ။…
Read More