စစ်ကောင်စီကို လေယာဉ်ဆီ ကန့်သတ်ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုNUGတောင်းဆို

စစ်ကောင်စီကို လေယာဉ်ဆီ ကန့်သတ်ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုNUGတောင်းဆို

ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကိုကာကွယ်နိုင်ဖို့အတွက် စစ်ကောင်စီကို လေယာဉ်ဆီ ကန့်သတ်ပိတ်ဆို့ အ ရေးယူဖို့ မဖြစ်မနေလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီ (၂၃) ရက်မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။   နိုင်ငံတကာ ပိတ်ဆို့အရေးယူရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူရရှိနေမှုကို ထိထိ ရောက် ရောက်တားဆီးပိတ်ပင်နိုင်ရေး မဖြစ်မနေဆောင်ရွက်ပေးသင့်တယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေကို ဦးတည်ချက်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မြန်မာပြည်အနှံ့ အ…

Read More
စစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ NUG ဆို

စစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ NUG ဆို

ပြည်သူကိုအကြမ်းဖက် ဖိနှိပ်နေတဲ့ စစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တရုတ်နှစ်သစ်ကူးမှာ တရုတ်နိုင်ငံအစိုးရကိုပေးပို့တဲ့ NUG ရဲ့  နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။  မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံ့နိုင်ရေး အတွက် ရပ်တည်ခဲ့မှု၊ အထူးသဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ တို့မှာထောက်ခံ ကူညီပေးနေတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိအပ်တယ်လို့ သဝဏ်လွှာမှာရေးသားထားပါတယ်။   ” မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု…

Read More
NUG ကရောင်းတဲ့ နွေဦးကွန်ဒိုနေ့တဝက်အတွင်း အကုန်ရောင်းချနိုင်ခဲ့

NUG ကရောင်းတဲ့ နွေဦးကွန်ဒိုနေ့တဝက်အတွင်း အကုန်ရောင်းချနိုင်ခဲ့

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ ၁၀၆ တပ်ပိုင်မြေနေရာမှာ ဆောက်လုပ်မယ့် ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းတွေကို NUG က ရောင်းချရာမှာ စတင်ရောင်းချတဲ့ ဇန်နဝါရီ ၂၁ ရက်မှာပဲ အခန်းအားလုံးရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။  ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းရောင်းချငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀.၀၉သန်းဖိုးရောင်းချနိုင်ခဲ့ပြီး မူလခန့်မှန်းထားတဲ့ ပထမနေ့အရောင်းပမာဏထက် များစွာကျော်လွန်ခဲ့တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။  မနေ့ ဇန်နဝါရီမနက် ၁၀ နာရီက စတင်ရောင်းချချိန်မှာတင် ကွန်ဒိုအခန်းပေါင်း ၃၆၀…

Read More
စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေအတွက် လေပိုင်နက် အသုံးပြုခွင့် မပေးဖို့အိမ်နီးချင်းနိုင်ငံတွေကို NUG တောင်းဆို

စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေအတွက် လေပိုင်နက် အသုံးပြုခွင့် မပေးဖို့အိမ်နီးချင်းနိုင်ငံတွေကို NUG တောင်းဆို

အိမ်နီးချင်းနိုင်ငံတွေရဲ့ လေကြောင်းပိုင်နက်တွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုခွင့်မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရကဇန်နဝါရီ(၁၇)ရက်ဒီကနေ့မှာ ထုတ်ပြန်တောင်းဆို လိုက်ပါ တယ်။ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းက ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်ကို အခုလ(၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ စစ်အုပ်စုက နှစ်ရက်ဆက် လေကြောင်းက တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး NUG က အခုလို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဟာ အိန္ဒိယနိုင်ငံလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်အသုံးချခဲ့ ကြောင်းချင်းအမျိုးသားတပ်ဦးက ပေးပို့တဲ့သတင်းတင်ပြချက်တွေအရ သိရတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ…

Read More
NUG ထိန်းချုပ်နယ်မြေတွေမှာ ခြောက်လအတွင်းအခွန်ကောက်ခံမှု သုံးဘီလီယံအထိရ

NUG ထိန်းချုပ်နယ်မြေတွေမှာ ခြောက်လအတွင်းအခွန်ကောက်ခံမှု သုံးဘီလီယံအထိရ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ထိန်းချုပ်နယ်မြေ ၃၈ မြို့နယ်မှာ ၆ လအတွင်း အခွန်ကောက်ခံရရှိမှု ၃ ဘီလီယံထိ ရရှိခဲ့တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်နှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။  ဒီနေ့ ဇန်နဝါရီလ ၁၅ရက်မှာ ပြလုပ်တဲ့ NUG အစိုးရ ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင်မဲ့ အစီအစဉ်တွေကို သတင်းစား ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ NUG အနေနဲ့ အခုလို အခွန်ကောက်ခံမှုတွေကို…

Read More
NUG အားမနာတမ်းဝေဖန်ဖို့NUG သမ္မတပြောတဲ့အပေါ် သပိတ်အင်အားစုတွေကြိုဆို

NUG အားမနာတမ်းဝေဖန်ဖို့NUG သမ္မတပြောတဲ့အပေါ် သပိတ်အင်အားစုတွေကြိုဆို

အမျိုးသားညီညွတ်ရေး အစိုးရကို အားမနာတမ်း ဝေဖန်အကြံပြုကြဖို့ ယာယီ သမ္မတဒူဝါလရှီးလရဲ့ ဖိတ်ခေါ် ပြောဆိုမှုအပေါ်  ကြိဆိုတယ်လို့ လက်ရှိ မြေပြင်မှာ လှုပ်ရှားနေတဲ့ ပြောက်ကျားသပိတ်အဖွဲ့တချို့က ပြောပါ တယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ မြေပြင်သပိတ်အဖွဲ့ (၁၂)ဖွဲ့ မနေ့က ဇန်နဝါရီ (၁၀)ရက်မှာ အွန်လိုင်းကနေတွေ့ဆုံခဲ့ကြပြီး NUG ဟာ “ငါတကော ကော”တဲ့ အစိုးရမဖြစ်စေရဘူးလို့ ယာယီသမ္မတက အဲ့ဒီတွေ့ဆုံပွဲမှာ ပြောပါတယ်။ “ကျွန်တော်တို့အဖွဲ့အစည်းရဲ့အမြင်အရ အခုတခေါက်တွေ့ဆုံမှုဟာ…

Read More
လေလှိုင်းထဲကအစိုးရမဖြစ်ရေး NUG သမ္မတ သတိပေး

လေလှိုင်းထဲကအစိုးရမဖြစ်ရေး NUG သမ္မတ သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ်မြဲမြဲယူနိုင်ဖို့ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲ တည်ဆောက်ရမှာဖြစ်ပြီး NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရ မဖြစ်စေရဘူးလို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။  NUG အစိုးရရဲ့ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို ဒီကနေ့ ဇန်နဝါရီ (၁၀)ရက်မနက်ပိုင်းက ပြုလုပ်ရာမှာယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း သတိပေးပြောကြားလိုက်တာပါ။  “ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ  စစ်ရေးရလဒ်နဲ့…

Read More
နှစ်ကူးမိန့်ခွန်းတွေထဲက သတင်းစကားများ

နှစ်ကူးမိန့်ခွန်းတွေထဲက သတင်းစကားများ

“ဒီနှစ်အတွင်း တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကိုရယူဖို့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ မဟာမိတ်များ စိတ်ပိုင်း ဖြတ်ထားပြီးဖြစ်တယ်” NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်တွေကို ဦးတည်တဲ့ “PDF ရဲဘော်များသို့”ဆိုတဲ့ ရေဒီယိုအစီအစဉ်ကနေ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အဲ့ဒီလို ပြောပါတယ်။ဒါဟာတော်လှန်ရေးကာလ စစ်ရေးအရ အရေးပါတဲ့ နေရာမှာ ရှိနေတဲ့ ဦးဆောင်သူတဦးဆီကလာတဲ့သတင်း စကားဖြစ်ပါတယ်။ အလားတူပဲ NUG ခေါင်းဆောင်တွေ၊ တော်လှန်ရေးရဲ့ မဟာမိတ်လို့ ဆိုနိုင်တဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေရဲ့ ခေါင်းဆောင်တွေကလည်း…

Read More
ဒုတိယလွတ်လပ်ရေးအရယူပြီး နိုင်ငံသစ်တည်ထောင်ဖို့ NUG တိုက်တွန်း

ဒုတိယလွတ်လပ်ရေးအရယူပြီး နိုင်ငံသစ်တည်ထောင်ဖို့ NUG တိုက်တွန်း

အကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ဖြတ်ပြီး ဒုတိယလွတ်လပ်ရေး အရယူကာ နိုင်ငံသစ်ကိုတည်ထောင်ရေးအတွက် လက်ရှိရထားတဲ့ စည်းလုံးညီညွတ်မှုနဲ့ ဆက်လက်ချီတက်သွားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရက တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သဝဏ်လွှာမှာ အဲ့ဒီလို ဖော်ပြထားတာပါ။ လွတ်လပ်ရေး ရယူခဲ့တဲ့သမိုင်းမှာ အဓိကနေရာကပါဝင်ခဲ့တဲ့ တပ်မတော်ဟာ အကျိုးစီးပွားရှေ့တန်းတင်ပြီး အာဏာယစ်မူးတဲ့ စစ်ခေါင်းဆောင်တွေရဲ့ စနစ်တကျဖျက်ဆီးမှုကြောင့် ပြည်သူတရပ်လုံးကို လက်နက်အားကိုး အနိုင်ကျင့်တဲ့ အလေ့အထရှိလာတာကြောင့် ခေတ်အဆက်ဆက်…

Read More
တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်မှုရှိဖို့ အရေးတကြီးလိုအပ်ကြောင်း NUG၊NUCC နဲ့ Eros ခေါင်း ဆောင်တွေတိုက်တွန်း

တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်မှုရှိဖို့ အရေးတကြီးလိုအပ်ကြောင်း NUG၊NUCC နဲ့ Eros ခေါင်း ဆောင်တွေတိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရာမှာ စုစည်းညီညွတ်မှုရှိရှိနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ တိုင်းရင်းသား လက် နက်ကိုင် ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၃ခုနှစ်အတွက် နှစ်သစ်မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေကို အဲ့ဒီအဖွဲ့အစည်းတွေက မနေ့က ထုတ်ပြန်ခဲ့ပြီး  စစ် အုပ်စုကို တော်လှန်တိုက်ခိုက်ရာမှာ စုစည်းညီညွတ်မှုရှိရှိ လုပ်ဆောင်သွားကြဖို့ တိုက်တွန်းချက်တွေ ထည့်သွင်း ဖော်ပြပြောဆိုခဲ့ကြတာပါ။ “တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစုအဖွဲ့တွေအနေနဲ့ ညီညီညွတ်ညွတ်စည်းစည်းလုံးလုံး မဟာဗျူဟာကျကျ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်”လို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့…

Read More