AAထောက်ပို့စခန်းဖြစ်လို့ ပလက်ဝမြို့နယ်က၊ ချောင်းဆုံကို ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့သတင်းမှား

AAထောက်ပို့စခန်းဖြစ်လို့ ပလက်ဝမြို့နယ်က၊ ချောင်းဆုံကို ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့သတင်းမှား

 

အောက်တိုဘာ ၂၀၊ ၂၀၂၆။

(Fact-check _DNA/ MFCN)

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ၊ ချောင်းဆုံဒေသမှာရှိတဲ့ အာရက္ခတပ်တော်(AA) ထောက်ပို့စခန်းတခုကို စစ်ကောင်စီတပ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ၊ ၁၈က လေကြာင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းရာကို “နေပြည်တော်👌” အမည်ရှိ စစ်ကောင်စီလော်ဘီချန်နယ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ရက်၊ ည ၈နာရီခွဲဝန်းကျင်မှာ“အောက်တိုဘာ၁၈ရက် ဒီနေ့ပလက်ဝမြိုနယ်၊ ချောင်းဆုံကိုဗုံးကြဲသုတ်သင်ခဲ့သည့်အတွက် တိုပြတ်ဆန့်ငင်သေဆုံးသူ AAများအားတွေ့ရ။” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားကိုတွေ့ရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီလက်ဝေခံမီဒီယာတခုဖြစ်တဲ့ People Media ကလည်း ဒီကနေ့ အောက်တိုဘာ၊ ၁၉ရက် ၁၁နာရီဝန်းကျင်ကလည်း “ပလက်ဝမြို့နယ် ပီချောင်းဆုံရှိ အကြမ်းဖက် AA ထောက်ပို့စခန်းကို တပ်မတော် ဗုံးကြဲရှင်းလင်း” လို့ (မူရင်းအတိုင်း) ဖြန့်ဝေထားပြီး ပျံ့နှံ့မှုများပြားနေတာကိုလည်းတွေ့ရပါတယ်။

 

သတင်းမှားလင့်များ

https://archive.ph/FhZPj 

https://archive.ph/GHZdW 

https://archive.ph/cPOtJ 

https://archive.ph/QT9L4 

 

ပျံ့နှံ့နေတဲ့အဲ့ဒီအကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Checkကနေ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီကနေ ချောင်းဆုံဒေသမှာရှိတဲ့ ဒေသခံတွေ ကုန်တင်ကုန်ချလုပ်ကိုင်တဲ့ ဆိပ်ကမ်းကိုဗုံးကြဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ချောင်းဆုံးဒေသမှာရှိတဲ့ အရပ်သားပြည်သူတွေ ကုန်တင်ကုန်ချလုပ်ကိုင်တဲ့နေရာကို စစ်ကောင်စီတပ်က အောက်တိုဘာ၊ ၁၈ မနက်ပိုင်းမှာ Y-12လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အခြေစိုက်Narinjara သတင်းဌာနက သတင်းဖော်ပြထားပါတယ်။ 

 

Narinjaraသတင်းဌာနကနေ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံ>>> https://www.facebook.com/share/p/19d6JDiYYn/ 

အဲ့ဒီလေကြောင်းကတဆင့် စက်လှေဆိပ်ကမ်းကို ဗုံးအလုံး ၂၀ကျော်နဲ့ ကြဲချတိုက်ခိုက်တာကြောင့် လသားအရွယ်ကလေးတဦးအပါအဝင် ပြည်သူ၈ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ BBM သတင်းဌာနကလည်း သတင်းဖော်ပြထားပါတယ်။

BBMသတင်းဌာနက ဖော်ပြထားတဲ့သတင်းအပြည့်အစုံ >>> https://www.facebook.com/share/p/14zf4NJWXfJ/ 

 

စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်က Y-12လေယာဉ်နဲ့ တံတားဦးလေဆိပ်က ပျံသန်းလာတဲ့ ဂျက်ဖိုက်တာ အသုံးပြုပြီး မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်ဝ စတဲ့ မြို့နယ်လေးခု ဆုံစည်းရာနေရာတခုဖြစ်တဲ့ ပီချောင်းဆုံက လူစည်ကားရာစက်လှေဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Arakan Time သတင်းဌာနကလည်း သတင်းတင်ဆက်ထားပါတယ်။

 

Arakan Time သတင်းဌာနကနေ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံ >>> https://www.facebook.com/share/p/1FGDVxLDmh/ 

 

ဆက်စပ်ဖက်ရှုရန်သတင်းလင့် >>> https://www.facebook.com/share/p/1F3y44CUtL/ 

 

လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ အရပ်သားပြည်သူတွေလှုပ်ရှားသွားလာတဲ့နေရာဖြစ်တဲ့အပြင်၊ လူစည်ကားတဲ့ ကုန်သွယ်ဆိပ်ကမ်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတချို့သေဆုံးမှုရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုလည်း Border News Agency သတင်းဌာနကလည်း သတင်းဖော်ပြထားပါတယ်။

 

 Border News Agency သတင်းဌာနက ဖော်ပြထားတဲ့ လေကြောင်းတိုက်ခံရပြီးတဲ့နောက် အခင်းအကျင်းရုပ်သံအပြည့်အစုံ >>> https://www.facebook.com/share/r/1Ea4un915T/ 

 

သတင်းသုံးသပ်ချက်

 

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ချောင်းဆုံ (ပီချောင်းဆုံ)ဒေသက လူစည်ကားတဲ့ ကုန်တင်ကုန်ချပြုလုပ်တဲ့ စက်လှေဆိပ်ကမ်းကိုဗုံးအလုံး ၂၀ကြော်အသုံးပြုပြီးလေကြောင်းတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။

 

သေဆုံးသူတွေထဲမှာ လသားအရွယ် ကလေးငယ်အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၈ဦးထက်မနည်းသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိနေတာဖြစ်တယ်ဆိုတဲ့အကြောင်း ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ ရုပ်သံအထောက်အထားတွေအရ တိကျစွာသိရှိရပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့အတွက် အဲ့ဒီနေရာဟာ AAထောက်ပို့စခန်းဖြစ်ကြောင်းနဲ့ သေဆုံးသူတွေဟာ AAတပ်သားတွေသာဖြစ်တယ်ဆိုတဲ့အကြောင်းဟာ ဝါဒဖြန့်သတင်းမှားတခုသာဖြစ်တာကိုတွေ့ရပါတယ်။

 

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်