ဝက်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်ဆိုးခဲ့ရင် နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းထွက်ပေါ်

ဝက်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်ဆိုးခဲ့ရင် နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းထွက်ပေါ်

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။ မန်ယူဒါရိုက်တာဘုတ်အဖွဲ့ဟာ လာမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်တွေဆိုးခဲ့ရင် နည်းပြဆိုးလ်ရှားကို ရာထူးထုတ်ပယ်လိုက်နိုင်တယ်လို့ သိရပါတယ်။ ဗြိတိန်သတင်းမီဒီယာတချို့က မန်ယူအသင်းတာဝန်ရှိသူတွေဟာ အခုသီတင်းပတ်အတွင်း နည်းပြရာထူးအတွက် ထိပ်သီးနည်းပြတချို့နဲ့ စကားပြောဆိုခဲ့ပြီး သဘောတူညီမှုတချို့ ရယူထားနိုင်ပြီလို့ ရေးသားဖော်ပြထားပါတယ်။ မန်ယူဒါရိုက်တာဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားရဲ့နည်းပြရာထူးကို အာမခံချက် ပေးအပ်ထားဆဲဖြစ်ပေမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် အသင်းအနာဂတ်အတွက် ရည်ရွယ်ပြီး နည်းပြအပြောင်းအလဲလုပ်ဖို့ကို မန်ယူဘုတ်အဖွဲ့က စီမံလာဖွယ်ရှိနေကြောင်း ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။ မန်ယူဒါရိုက်တာဘုတ်အဖွဲ့ဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနဲ့…

Read More
ရူဒီဂါကို ချယ်လ်ဆီးမှာ ရရှိနေတဲ့လုပ်ခထက် နှစ်ဆပိုပေးပြီး ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် စီစဉ်

ရူဒီဂါကို ချယ်လ်ဆီးမှာ ရရှိနေတဲ့လုပ်ခထက် နှစ်ဆပိုပေးပြီး ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် စီစဉ်

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။ ဘိုင်ယန်မြူးနစ်ဟာ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါကို ချယ်လ်ဆီးမှာ လက်ရှိရနေတဲ့ လုပ်ခလစာထက် နှစ်ဆပိုပေးပြီး ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။ ချယ်လ်ဆီးနဲ့ ရူဒီဂါတို့အကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်းအားဖြင့် နောက်ဆုံးနှစ် အပိုင်းအခြားထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးကတော့ သူတို့အနေနဲ့ ရူဒီဂါကို စာချုပ်သစ် ချုပ်ဖို့အတွက် အချိန်တစ်ခုရောက်ရင် ဆွေးနွေးသွားမှာသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ချယ်လ်ဆီးဟာ ရူဒီဂါကို တစ်နှစ်လုပ်ခ ပေါင် ငါးသန်း ပေးချေထားပြီး…

Read More
ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အဂူရိုကို အားပေးမှု ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်း

ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အဂူရိုကို အားပေးမှု ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်း

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်၊ မနက်ပိုင်းမှာ ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ဘရာဇီးအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲအစမှာ အာဂျင်တီးနားအသင်းဟာ ကစားဖော်ဖြစ်တဲ့ တိုက်စစ်မှူး အဂူရိုကို အားပေးထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။  အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုဟာ နှလုံးပြဿနာကြောင့် ၃ လလောက် အနားယူရမှာဖြစ်သလို သတင်းတွေရဲ့ ဖော်ပြချက်အရ အဂူရိုအနေနဲ့ ကစားသမားဘဝ ပြန်လည် စတင်ဖို့တောင် မလွယ်ကူတဲ့ အနေအထားမျိုး ရှိနေတာပါ။  တိုက်စစ်မှူး…

Read More
မန်စီးတီးနောက်ခံလူ ဘင်ဂျာမင်မန်ဒီ နောက်ထပ် မုဒိမ်းမှုနှစ်ခုနဲ့ တရားစွဲခံရ

မန်စီးတီးနောက်ခံလူ ဘင်ဂျာမင်မန်ဒီ နောက်ထပ် မုဒိမ်းမှုနှစ်ခုနဲ့ တရားစွဲခံရ

  ၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။ မန်စီးတီးနောက်ခံလူ ဘင်ဂျာမင်မန်ဒီကို နောက်ထပ် မုဒိမ်းမှုနှစ်ခုနဲ့ တရားစွဲဆိုပြီး စွဲချက်တင်လိုက်ပါပြီ။ အခုအခါမှာ ဒီနောက်ခံလူအနေနဲ့ စုစုပေါင်း မုဒိမ်းမှု ၆ ခုကို တရားရင်ဆိုင်သွားရတော့မှာပဲဖြစ်ပါတယ်။  အသက် ၂၇ နှစ်အရွယ် ဒီပြင်သစ်သားဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ မုဒိမ်းမှု ပြစ်မှုလေးခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ ဘင်ဂျာမင်မန်ဒီ ကျူးလွန်ခဲ့တဲ့ဆိုတဲ့ အသက်အရွယ်တွေမှာ ၁၆ နှစ်အထက်နဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတွေပါဝင်နေပါတယ်။…

Read More
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မယ်လို့ ယုံကြည်မှုအပြည့်ရှိကြောင်း အီတလီနည်းပြ မန်ချီနီ ပြောကြား

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မယ်လို့ ယုံကြည်မှုအပြည့်ရှိကြောင်း အီတလီနည်းပြ မန်ချီနီ ပြောကြား

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။ အီတလီလက်ရွေးစင်အသင်းနည်းပြ မန်ချီနီက သူ့အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မယ်လို့ ယုံကြည်မှုအပြည့်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မြောက်အိုင်ယာလန်နဲ့ ဂိုးမရှိသရေကျလိုက်ရတဲ့ပွဲစဉ်အပြီးမှာ အီတလီက တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခွင့်ကို ဆုံးရှုူံးလိုက်ရပြီး ထပ်ဆင့် Play-Offs ခြေစစ်ပွဲ ကစားရဖို့ အကြောင်းဖန်သွားခဲ့ရပြီပဲဖြစ်ပါတယ်။ အီတလီအသင်း ပါဝင်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ဆွစ်ဇာလန်က အီတလီကို ကျော်ပြီး ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်သွားခဲ့ပြီး အီတလီကတော့ လာမယ့် မတ်လမှာကျင်းပမယ့် ထပ်ဆင့်ခြေစစ်ပွဲကနေတဆင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ကို ရုန်းကန်ရတော့မှာပဲဖြစ်ပါတယ်။…

Read More
ရောဘတ်ဆန် တံကောက်ကြော ဒဏ်ရာရသွားသည့်အတွက် လီဗာပူး အခက်ကြုံ

ရောဘတ်ဆန် တံကောက်ကြော ဒဏ်ရာရသွားသည့်အတွက် လီဗာပူး အခက်ကြုံ

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။ လီဗာပူးနောက်ခံလူ အန်ဒီ ရောဘတ်ဆန်ဟာ စကော့တလန်ကနေ ဒိန်းမတ်ကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တံကောက်ကြောထိခိုက်ဒဏ်ရာ ရသွားခဲ့တာကြောင့် လီဗာပူးအတွက် အခက်ကြုံစရာအခြေအနေတွေ ဖြစ်လာဖို့ရှိနေပြီလို့ သိရပါတယ်။ စကော့တလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် ၂၀၂၂ ခုနှစ် မတ်လမှာ ထပ်ဆင့်ခြေစစ်ပွဲ ဆက်လက် ကစားရဦးမှာဖြစ်ပြီး ဒိန်းမတ်နဲ့ပွဲက စကော့တလန်အတွက် အနိုင်အရှုံး အရေးမပါတော့တဲ့အတွက် အဲ့ဒီပွဲမှာ ရောဘတ်ဆန်လို ကစားသမားကို ပွဲထုတ်တဲ့အတွက် စကော့တလန်ည်းပြ စတိဗ်ကလပ်ခ်ကို လီဗာပူးအသင်းတာဝန်ရှိသူတွေက…

Read More
လီဗာပူးထက် အာဆင်နယ်ဆီကိုသာ အဆန်ဆီယို ပြောင်းရွှေ့ကစားသင့်ကြောင်း မက်မနာမန် သုံးသပ်

လီဗာပူးထက် အာဆင်နယ်ဆီကိုသာ အဆန်ဆီယို ပြောင်းရွှေ့ကစားသင့်ကြောင်း မက်မနာမန် သုံးသပ်

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း မက်မနာမန်က ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အဆန်ဆီယိုဟာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် လီဗာပူးထက် အာဆင်နယ်ကို ရွေးချယ်တာက ပိုပြီး သင့်တော်ကောင်းမွန်နိုင်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။ မက်မနာမန်က အာဆင်နယ်ဆီမှာ လာကာဇက်နဲ့ အော်ဘာမီယန်တို့ အသက်အရွယ်ရလာပြီဖြစ်တဲ့အတွက် အဆန်ဆီယိုသာ ရောက်လာခဲ့ရင် နေရာတစ်ခုရဖို့ သေချာနေကြောင်းလည်း အသိပေးသွားခဲ့ပါတယ်။ နည်းပြ အန်စလော့တီရဲ့လက်အောက်မှာ နေရာပေးခံရမှု လျော့နည်းလာတဲ့အတွက် အဆန်ဆီယိုက ရီးရဲလ်မက်ဒရစ်ကို စွန့်စွာဖို့ အလေးအနက်ထား…

Read More
စပါးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်ခဲ့တဲ့အကြောင်းကို ပြောပြလာတဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း

စပါးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်ခဲ့တဲ့အကြောင်းကို ပြောပြလာတဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ ကစားသမားဘဝအစမှာ စပါးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်ခဲ့ပေမယ့် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပုံကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အူဘာမီယန်းဟာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရပေမယ့် အာဆင်နယ်အသင်းကိုသာ ရွေးချယ်ခဲ့ပြီး စပါးအသင်းမှာ သွားရောက်ကစားမယ့်အစား ကစားသမားဘဝကနေ အနားယူလိုက်ဖို့အထိ အူဘာမီယန်းက ဆုံးဖြတ်ခဲ့တာပါ။  အူဘာမီယန်းအနေနဲ့ အာဆင်နယ်အသင်းကို ရွေးချယ်လိုက်တာ‌ကြောင့် နောက်ပိုင်းမှာ စပါးအသင်းဘက်ကလည်း နောက်ထပ် ဆက်သွယ်မှုတွေ မရှိတော့တဲ့အဖြစ်ကိုလည်း သူက ဖွင့်ဟခဲ့တာပါ။ …

Read More
စတီဗင်ဂျရတ်နဲ့ ဖရန့်လမ်းပတ် ဘယ်သူပိုကောင်းလဲ

စတီဗင်ဂျရတ်နဲ့ ဖရန့်လမ်းပတ် ဘယ်သူပိုကောင်းလဲ

  ၁၅၊ နိုဝင်ဘာ၊ ၂၀၂၁။ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ ဒီအိုင်ကွန်ကစားသမားနှစ်ဦးအကြားမှာ ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းဟာ သူတို့ ကစားသမားဘဝမှာကတည်းက အငြင်းအခုန်ဖြစ်ခဲ့ရတဲ့ အကြောင်းအရာတစ်ခုလိုပါ။  ဒီအင်္ဂလန် ကွင်းလယ်အတွဲဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကောင်းကောင်းကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့်  ကလပ်အသင်းတွေနဲ့တော့ ဆုဖလားပေါင်းများစွာကို ကိုင်မြှောက်နိုင်ခဲ့ကြပါတယ်။  ကစားသမားဘဝ ကလပ်အသင်းတွေနဲ့အတူ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေမှာ လမ်းပတ်က (၂၇၄) ဂိုး၊ ဂျရတ်က (၁၉၀) ဂိုး ဆိုတဲ့ သွင်းယူပေးခဲ့တဲ့ ဂိုးအရေအတွက်အရ လမ်းပတ်က…

Read More
အေဂျက်ဇ်အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ နည်းပြ အီရစ်တန်ဟက်ဂ် ကတိပြု

အေဂျက်ဇ်အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ နည်းပြ အီရစ်တန်ဟက်ဂ် ကတိပြု

    ၁၅၊ နိုဝင်ဘာ၊ ၂၀၂၁။ မန်ယူ၊ နယူးကာဆယ်တို့နဲ့ အသံထွက်နေတဲ့ ကောလာဟလသတင်းတွေကို အေဂျက်ဇ်နည်းပြ အီရစ်တန်ဟက်ဂ်က ဒီကနေ့မှာ အဆုံးသတ်ပေးခဲ့ပါတယ်။  သူ့အနေနဲ့ အေဂျက်ဇ်အသင်းမှာပဲ ဆက်လက်ရှိသွားဖြစ်တယ်လို့ ကတိပြုအသိပေးခဲ့တာကြောင့် မန်ယူအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ စိတ်ဝင်စားနေမှုတွေဟာ အချည်းနှီးဖြစ်ခဲ့ရပါတယ်။  အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေဂျက်ဇ်နည်းပြဟာ သူ့အနေနဲ့ အသင်းမှာ ပျော်ရွှင်နေပြီး အေဂျက်ဇ်အသင်းကို ဒီထက် ပိုမိုတိုးတက်စေချင်တဲ့ ဆန္ဒတွေ ရှိနေတယ်လို့ အသိပေးခဲ့တာပါ။  ၂၀၁၇…

Read More