မန္တလေးမှာ နေထိုင်တဲ့  အဆိုတော်ဆိုသူ ဆက်နိုင်ကို PDFတွေက လုပ်ကြံသတ်ဖြတ်လို့  သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းမှား

မန္တလေးမှာ နေထိုင်တဲ့  အဆိုတော်ဆိုသူ ဆက်နိုင်ကို PDFတွေက လုပ်ကြံသတ်ဖြတ်လို့  သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းမှား

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃  ရက်

(Fact-check – DNA/ The Red Flag) 

 

☑️အနှစ်ချုပ်

မန္တလေးတိုင်း၊   တံတားဦးမြို့နယ်မှာ နေထိုင်တဲ့ အဆိုတော် ဆက်နိုင် ဆိုသူဟာ အမရပူရမြို့နယ်နဲ့ ပြည်ကြီး တံခွန်မြို့နယ်ကြား ရန်ကုန်-မန္တလေး အမြန်လမ်း၊ တံတားဖြူတံတားအောက်က  သံလမ်းမှာ  အသတ်ခံရပြီး သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်မျိုးစုံမှာ ပျံ့နှံ့နေတဲ့အပြင် လူမှုကွန်ရက်မှာ ထင်ရှားသူတချို့ ကလဲ ဒီအကြောင်းကို ဝေဖန်ရေးသားပြောကြားမှုတွေကြောင့် ပျံ့နှံ့နေတာကို တွေ့ရပါတယ်။  အဆိုတော် ဆိုသူ ဆက်နိုင် သေဆုံးပြီဆိုတာနဲ့ နီပိန်းပဒက်တွေ လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုတာတွေဟာ သတင်းအမှား သာ ဖြစ်ပါတယ်။ 

 

☑️ဖြန့်ဝေတဲ့အကြောင်းအရာ

“ LGBT အဆိုတော် ဆက်နိုင်ဟာ ဥက္ကာမင်းမောင်းနဲ့ တစ်ဂိုဏ်းတည်းဆိုတဲ့ စွတ်စွဲချက်နဲ့ နီပိန်းပဒပ်များ လုပ်ကြံသတ်ဖြတ်“လို့ ရေးသားပြီး ဓါတ်ပုံ ၁ ပုံနဲ့အတူ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ  ၉ ရက်မှာ စစ်အုပ်စု လော်ဘီ ဘညွန့် တယ်လီဂရန် ချန်နယ်ကနေ ဓါတ်ပုံ ၁ ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ 

Ba Nyunt-  https://archive.ph/0rZ1S 

 

“အဆိုတော် ဆက်နိုင် မန္တလေး တံခွန်တိုင်အဝိုင်းအကျော် အမြန်လမ်း တံတားဖြူအောက် သံလမ်းပေါ်မှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာ သိရလို့ စိတ်မကောင်းဖြစ်ရပါတယ်…မနက်ဖြန် (၁၀.၁၀.၂၀၂၆) ရက်မှာ မန္တလေးတောင်အင်း မြောက်အင်းသုဿာန်မှာ သဂြိုလ်ပါမည်လို့ မိသားစုဝင်မှ ကျွန်မအား အသိပေး အကြောင်းကြားပါတယ်။ နောင်ဘဝမှာ မိတ်ဆွေကောင်း ၊ မိတ်ဆွေစစ်များနှင့်သာ ခင်မင်ပေါင်းသင်းနိုင် ပါစေ..ကောင်းရာသုဂတိ လားပါစေ ဆက်နိုင်ရေ.

မန္တလေးတိုင်းရဲဌာနချုပ်နှင့် သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ရှိသူများမှ ဆက်နိုင် သေဆုံးရခြင်းနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူများ ၊ သံသယရှိသူများကို အမြန်ဆုံး (လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာဖြင့်) အမှန်တရား အတိုင်း မျှတစွာဖော်ထုတ် အရေးယူပေးနိုင်ပါစေ”လို့ သမီးဆိုး( Shwe Thet FB) အကောင့်ကနေ ရေးသား ဖြန့်ဝေခဲ့သလို မြို့တော် သတင်းဌာနကလဲ ဆက်နိုင်သေဆုံးပြီဆိုကာ အောက်တိုဘာ ၉ ရက်မှာ ရေးသားဖြန့် ဝေခဲ့တာကို တွေ့ရပါတယ်။ 

Shwe Thet FB- https://h1.nu/1zTNG 

မြို့တော်-   https://h1.nu/1FIde 

ဒါအပြင်“ အဆိုတော် ဆက်နိုင် တစ်ယောက် မန္တလေးမြို့၊ တံခွန်တိုင်အဝိုင်းအကျော် အမြန်လမ်း တံတားဖြူ အောက် မီးရထားသံလမ်းပေါ်မှာ ပြ–င်းထ–န်တဲ့ ဒ–ဏ်ရာတွေနဲ့ Tay ဆုံးနေတာကို ဒီနေ့ (အောက်တိုဘာ ၉ ရက်) မှာပဲ ဝမ်းနည်းဖွယ် တွေ့ရှိခဲ့ရပါတယ်” လို့ ရေးသားပြီး Ye.baw.nay.win2 Tiktok ကနေ ဖြန့်ဝေခဲ့ တာကိုလဲ တွေ့ရှိရပါတယ်။ 

Ye.baw.nay.win2 Tiktok- https://h1.nu/1zRPe  

 

အဲ့ဒီအကြောင်းအရာကို Delta News Agency က စစ်ဆေးကြည့်တဲ့အခါ အဆိုတော်ဆိုသူ ဆက်နိုင်ဟာ နေအိမ်ကို အသက်ရှင်လျှက်ပြန်လည်ရောက်ရှိပြီး သေဆုံးသွားတယ်ဆိုတာ မဟုတ်မှန်တဲ့ သတင်းမှား ဖြစ် တယ်ဆိုတာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

“ လာရှင်းပြတာပါရန်ငြိုး အမုန်းတွေရှိရင်လည်းသင်ပုန်းချေပါ တောင်းပန်သင့်သူတွေကိုလည်း အွန်လိုင်းက နေတောင်းပန်လိုက်ပါတယ် ဘယ်သူမှလည်း ချစ်ခြင်းမုန်းခြင်း အငြိုးမထားတတ်ပါဘူး မအေသင် ရော သမီးဆိုး အမုန်းတွေအငြိုး တွေရှိရင်ပြေကြဖို့နဲ့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အငယ်တစ်ယောက်အနေ နဲ့ အွန်လိုင်းကနေ တောင်ပန်စာရေးလိုက်ပါတယ် နောက်နောင် ကိုယ်အလုပ်ကိုပြီးကိုယ်ဘဝနဲ့ကို အေးချမ်း စွာ နေမှာမို့ ရန်ငြိုးတွေကိုဒီမှာတင် သင်ပုန်းချေခဲ့လိုက်ပါတယ်” ဆိုပြီး Sat Naing FB  ကနေ အောက်တို ဘာ ၁၀ ရက်မှာ Live လွှင့်ပြီး သူသေဆုံးခဲ့တာမဟုတ်ကြောင်း ပြောကြားထားတာကို တွေ့ရပါတယ်။

Sat Naing FB- https://h1.nu/1FKyL  

အဆိုတော် ဆက်နိုင် ဟာ အွန်လိုင်းပေါ်မှာ ပုဂ္ဂိုလ်ရေးကိစ္စတွေ အပြန်အလှန်ရေးသား စကားများမှုဖြစ်ပြီး နောက်အသတ်ခံရလို့ သေဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာလို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးရှာဖွမှုများပြုလုပ်ခဲ့ရာ သတင်းမှားဖြစ်ပြီး နေအိမ်ကို အသက်ရှင်လျက် ပြန်လည်ရောက်ရှိနေတယ် လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူက အောက်တိုဘာလ ၉ ရက်က ပြောကြားခဲ့တယ်လို့”  Eleven Media နဲ့ Myanmar Cele News က ရေးသားထားတာကို တွေ့ရပါတယ်။ 

Eleven Media- https://archive.ph/qRBi6 

Myanmar Cele News- https://h1.nu/1zTZs 

 

“အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ အဆိုတော် ဆက်နိုင် သေဆုံးတယ်ဆိုတဲ့သတင်းကို အမျိုးသမီးတဦး က လူမှုကွန်ရက်မှာ စတင်တင်ခဲ့ပြီးနောက် သတင်းဌာနတချို့ကလည်း ဆက်လက်ဖော်ပြတာရှိခဲ့ပေမဲ့  သေဆုံးတယ်ဆိုတဲ့သတင်းဟာ မှားယွင်းနေပြီး တံတားဦးမြို့နယ်ရဲစခန်းက ဆက်နိုင် သေဆုံးတယ်ဆိုတဲ့ သတင်းကို လူမှုကွန်ရက်မှာ ကနဦးတင်ခဲ့သူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်အရေးယူထား  တယ်” ဆိုပြီး CJ Platform က ရေးသားထားတာကို တွေ့ရပါတယ်။ 

CJ Platform- https://archive.ph/APJZU  

☑️သုံးသပ်ချက် 

LGBT အဆိုတော် ဆက်နိုင်ဟာ ဥက္ကာမင်းမောင်းနဲ့ တစ်ဂိုဏ်းတည်းဆိုတဲ့ စွတ်စွဲချက်နဲ့ နီပိန်းပဒပ်များ လုပ်ကြံသတ်ဖြတ်လို့ စတင်ရေးသားဖြန့်ဝေခဲ့တဲ့ စစ်အုပ်စုလော်ဘီ Ba Nyunt တယ်လီဂရန်ချန်နယ်က အဲဒီပို့စ်ကို  ပြန်လည်ဖြုတ်ချခဲ့တာကို တွေ့ရပါတယ်။ 

 

မြို့တော်သတင်းဌာနက”အဆိုတော်ဆက်နိုင်ရဲ့ရုပ်အလောင်း ရုပ်ပျက်ဆင်းပျက်နဲ့တံတားဖြူအောက်သံလမ်း ပေါ်မှာတွေ့ရှိ”ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ၂၀၂၆ အောက်တိုဘာ ၉ ရက်မှာ သတင်းမှားယွင်းစွာဖော်ပြမိခဲ့လို့ ပရိသတ်တွေကို ပြန်လည်တောင်းပန်စာရေးသားထားတဲ့ပို့စ်ကို တွေ့ရပါတယ်။

မြို့တော်- https://archive.ph/H2csQ  

 

ဒါကြောင့် အဆိုတော်ဆက်နိုင်ဆိုသူ သေဆုံးသွားတယ် (သို့) pdf တွေက  လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုတဲ့  အကြောင်းအရာဟာ လုံးဝမှားယွင်းတဲ့ သတင်းမှားဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ 

 

အဲဒီနောက် Ba Nyunt တယ်လီဂရန်ချန်နယ်က အဆိုတော်ဆက်နိုင် သေဆုံးတယ်ဆိုတာသတင်းမှားဖြစ် ပြီး အသက်ရှင်လျှက်ရှိကာ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်ဆိုတဲ့ပို့စ်ကို  ပြန်လည်တင်ခဲ့တာကို တွေ့ရပါတယ်။

Ba Nyunt – https://archive.ph/tNBlb 

 

ယခင်အချိန်များမှာ ဘညွန့်ချန်နယ် ဖော်ပြချက်ကို အခြားလော်ဘီချန်နယ်တွေမှာလဲ ကူးယူပြီး အဆိုတော် ဆက်နိုင်ဆိုသူကို PDF တွေ သတ်ဖြတ်ခဲ့သယောင် အမြဲစွပ်စွဲကာ ဝါဒဖြန့်ရေးသားလေ့ရှိပေမဲ့ ယခုဖြစ်စဉ် မှာတော့ ဆက်နိုင် သေဆုံးခြင်းမရှိကြောင်းကိုသာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

KS News- https://archive.ph/4mpiV 

မြန်မာဂုဏ်သတင်းမီဒီယာ-  https://archive.ph/JlO4N 

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork