စစ်ကောင်စီရွေးကောက်ပွဲ ပူးပေါင်းပါ ဝင်သူ တွေကိုအရေးယူမယ်လို့ KNDF နဲ့ဒီးမော့ဆို PDF ထုတ်ပြန်

စစ်ကောင်စီရွေးကောက်ပွဲ ပူးပေါင်းပါ ဝင်သူ တွေကိုအရေးယူမယ်လို့ KNDF နဲ့ဒီးမော့ဆို PDF ထုတ်ပြန်

ဒီနှစ်ထဲ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကို ကရင်နီ(ကယား)တပြည်နယ်လုံးမှာ ပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့  ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။  လာမဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီက စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်ဖို့ ပြုလုပ်တဲ့ အတုအယောင်တခုအဖြစ် ကရင်နီတော်လှန်ရေးအင်အားစုတွေက မှတ်ယူပြီး ကရင်နီတပြည်နယ်လုံးမှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်မှန်သမျှကို တညီတညွတ်တည်း ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့  ပြည်သူ့ကာကွယ် ရေးတပ် -ဒီးမော့ဆို (DMO-PDF)နဲ့ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF)တို့က ထုတ်ပြန်တာပါ။…

Read More
ကျိုက်ထိုနဲ့ ညောင်တုန်းတို့မှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး ပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီး

ကျိုက်ထိုနဲ့ ညောင်တုန်းတို့မှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး ပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တို့မှာ စစ်ကောင်စီက လတ် တလောရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်ကာ ပြည်သူ ရှစ်ဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျိုက္ကသာ-ခလွန်မီးရထားလမ်းတံတားမိုင်းခွဲခံရပြီးနောက် ဒေသတွင်းကျေးရွာတချို့ကိုစစ်တပ်ကအင်အားရာချီနဲ့ဝင်ရောက်စစ်ဆေးကာ လူငါးဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကDNAကိုပြောပါတယ်။ “စစ်တပ်နဲ့ရဲတွေရယ်အင်အားက တရာဝန်းကျင် နဲ့ ရွာထဲဝင်လာပြီးတော့အိမ်စေ့ဧည့်စာရင်းခေါ်စစ်တယ်၊ပြီးတော့ရွာထဲကလူငယ်နဲ့လူကြီးအရွယ်ငါး ဦးကိုစစ်မေးစရာရှိလို့ဖမ်းခေါ်သွားတယ်”လို့ စွပ်ပနူးရွာခံတဦးကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာသစ်ဆိပ်ပင်ကျေးရွာထဲကိုထပ်မံဝင်ရောက်ခဲ့ပြီးနောက်ဒေသခံတွေကိုခေါ်ယူစစ်မေးတာနဲ့ဧည့်စာရင်းစစ်ဆေးတာတွေရှိခဲ့ပေမဲ့ဖမ်းဆီးခံရတာမရှိခဲ့ဘူးလို့သစ်ဆိပ်ပင်ကျေးရွာဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ ဖမ်းဆီးခံရတဲ့ စွပ်ပနူးရွာခံ ငါးဦးကို စစ်တပ်က သိမ်ဇရပ်မြို့မရဲစခန်းထဲ ခေါ်သွားတယ်လို့ သိမ်ဇရပ်မြို့တဦးကပြောပါတယ်။ ကျိုက်ထိုမြို့နယ် ကျိုက္ကသာ-ခလွန် ဆက်သွယ်ထားတဲ့ရထားလမ်းသံတံတားဟာ ဇန်နဝါရီ…

Read More
ကျုံပျော်မြို့ ရဲကင်းအနီး ဗုံးပေါက်ကွဲမှု ရဲတဦးဒဏ်ရာရ

ကျုံပျော်မြို့ ရဲကင်းအနီး ဗုံးပေါက်ကွဲမှု ရဲတဦးဒဏ်ရာရ

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်ထဲက အင်းရဲလမ်းဆုံမှာရှိတဲ့  ရဲကင်းအနီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက   ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရဲတပ်သားတဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ “ရဲတစ်ယောက်  ဒဏ်ရာရသွားလို့ ဆေးရုံတင်ထားရတယ်။ သွေးတွေကရွဲနေတာပဲ။ သူကိုင်တဲ့သေနတ်လည်း ပျက်စီးသွားတယ် “လို့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။ ဒဏ်ရာရှိသူဟာ ရဲဒုတပ်ကြပ် သူရအောင် ဖြစ်ပြီး လက်ရှိမှာ မြို့နယ်ပြည်သူ့ဆေးရုံ မှာ တက်ရောက်ဆေးကုသနေတယ် လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကသိရပါတယ်။ ဒဏ်ရာရရှိသွားတဲ့ ရဲတပ်ဖွဲ့၀င်ဟာ…

Read More
ပုသိမ်မြို့ပေါ်က ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ထောင်နှစ်ရှည်ချ

ပုသိမ်မြို့ပေါ်က ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ထောင်နှစ်ရှည်ချ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဟိုတယ်ရှေ့အပါအဝင် ပုသိမ် ကညနရုံး နဲ့အထည်ချုုပ်စက်ရုံမှာပြီးခဲ့တဲ့နှစ် ဇွန်လကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး စစ်တပ်က စွပ်စွဲဖမ်းဆီးထားသူ ၁၁ဦးကို ပုသိမ်ထောင်တွင်းတရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေချလိုက် တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အခုလိုထောင်နှစ်ရှည်ခံရသူတွေဟာ တနှစ်ကျော်လောက်ဖမ်းဆီးခံထားရပြီးနောက် အခုဇန်နဝါရီလထဲမှာ အမိန့်ချမှတ်လိုက်တာကို မိသားစုဝင်တွေက တဆင့်စကားကပဲ ကြားသိလိုက်ရတာဖြစ်တယ်လို့ မိသားစုဝင်တွေ နဲ့ နီးစပ်သူ တစ်ဦး က DNA  ကို ပြောပါတယ်။ “ဖေါက်ခွဲမှု လက်နက်မှု  အားပေးကူညီ မှု ဆိုပြီး…

Read More
Non-CDM ဝန်ထမ်းတွေကိုချွင်းချက်မရှိ ထုတ်ပယ်ဖို့ CDM ဝန်ထမ်းတွေလိုလား

Non-CDM ဝန်ထမ်းတွေကိုချွင်းချက်မရှိ ထုတ်ပယ်ဖို့ CDM ဝန်ထမ်းတွေလိုလား

စစ်ကောင်စီအစိုးရယန္တရားကို ဆက်လက်လည်ပတ်ပေးနေတဲ့ Non-CDM တွေအားလုံးကို NUG အစိုးရအနေနဲ့ ခြွင်းချက်မရှိ အလုပ်က ထုတ်ပယ်သင့်ပြီး တော်လှန်ရေးအပြီး အစိုးရယန္တရားအသစ်မှာ Non CDM တွေ ကင်းစင် စေလိုတယ်လို့ CDM ဝန်ထမ်းအသိုင်းအဝိုင်းကပြောပါတယ်။ CDM ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-CDM) က ဇန်နဝါရီ (၂၀)ရက်မှာထုတ်ပြန်ခဲ့တဲ့ CDM နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းပါ Non-CDM ဝန်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ အချက်တွေအပေါ် ထောက်ပြမှု တွေရှိ နေတာဖြစ်ပါတယ်။…

Read More
ရန်ကုန်က ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေရှိ၊ မရှိ စစ်တပ်က အသွင်ယူစုံစမ်းမှုပါ လုပ်နေတယ်လို့ဆို

ရန်ကုန်က ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေရှိ၊ မရှိ စစ်တပ်က အသွင်ယူစုံစမ်းမှုပါ လုပ်နေတယ်လို့ဆို

ရန်ကုန်မြို့အတွင်းက ပုဂ္ဂလိက ဆေးရုံတွေနဲ့ ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေအလုပ်လုပ်ကိုင်နေတာရှိ၊မရှိကို စစ်ကောင်စီဘက်က တရားဝင် စစ်ဆေးမှုတွေလုပ်နေတဲ့အပြင် အသွင်ယူစုံစမ်းမှုတွေပါလုပ်နေတယ်လို့ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းတချို့က DNA ကိုပြောပါတယ်။ “လူနာလာပြသလိုလို၊ဆေးလာဝယ်တာလိုလိုနဲ့လာပြီး စုံစမ်းနေတာတွေလည်းရှိတယ်၊ကျွန်မတို့လည်း သေချာမ ကြည့်ရဲဘူး၊ဆရာဝန်တွေ၊သူနာပြုတွေဖြတ်သွားရင် သူတို့ဖုန်းကိုကြည့်လိုက်၊မျက်နှာတွေကို လိုက်ကြည့်လိုက်နဲ့ လုပ်နေတာတော့တွေ့တယ်”လို့ ပုဂ္ဂလိက ဆေးရုံတစ်ခုရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေ အလုပ်လုပ်ကိုင်တာရှိ၊မရှိနဲ့ ဝန်ထမ်းအင်အားစာရင်းကို မြို့နယ်ရဲ တပ်ဖွဲ့နဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေက တောင်းခံတာအပြင် လူကိုယ်တိုင် မြေပြင်ထောက်လှမ်း…

Read More
ဟားခါးမြို့မှာ စစ်သားနှစ်ဦးပစ်သတ်ခံရပြီးနောက် ပြည်သူတချို့အဖမ်းခံရ

ဟားခါးမြို့မှာ စစ်သားနှစ်ဦးပစ်သတ်ခံရပြီးနောက် ပြည်သူတချို့အဖမ်းခံရ

ချင်းပြည်နယ် အစိုးရရုံးစိုက်ရာ ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ခံ ပြည်သူတချို့ကို ဖမ်းဆီးထားသလို မြို့စွန်က အိမ်သုံးလုံးကိုလည်း ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဟားခါးမြို့အထွက် ကျောဘုတ်ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်ဆီထမင်းပို့သွားတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို ဇန်နဝါရီ ၂၅ရက် မနေ့က မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်လို့ စစ်သားနှစ်ဦးလုံးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ CDF – Hakha ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဖြစ်ပြီးနောက်စစ်တပ်က ဟားခါးမြို့စွန်က အိမ်ပိုင်ရှင်တွေရှိမနေဘူးလို့ ယူဆရတဲ့ နေအိမ် သုံးလုံး…

Read More
ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်ထဲက ရွာတွေကို စစ်တပ်ကပစ်ခတ်မီးရှို့နေပြီး  နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်ထဲက ရွာတွေကို စစ်တပ်ကပစ်ခတ်မီးရှို့နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နယ်တဖက်ကမ်းကရွာတွေကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဇန်နဝါရီ၂၆ရက်မနက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်မီးရှို့နေသလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေက DNA ကိုပြောပါတယ်။  ‘’ ကျုံဒိုးတဖက်ကမ်းက ရွာတွေကို မနက် ၁၀နာရီလောက်ကတည်းကစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာ၊ ပစ်ထုတ်ပြီးတော့ ရွာထဲကလူတွေကို အစောင့်တောင်မနေခိုင်းဘူး’’ လို့မြေပြင်စစ်ရေးအခြေအနေသိရှိသူက ဆိုပါတယ်။  လက်ရှိမှာလည်း ကျုံဒိုးမြို့နယ် အရှေ့ဘက်ကမ်းက ညောင်ရိပ်သာရွာမှာရှိတဲ့ ဒေသခံနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးနေပြီး နှစ်ဖက်တိုက်ပွဲလည်းပြင်းထန်နေတယ်လို့  မြေပြင်မှာရှိတဲ့ပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလူမှုကွန်ရက်စာမျက်နှာမှာ ဗီဒီယိုမှတ်တမ်းတွေ ထုတ်ပြန်နေတာတွေ့ရပါတယ်။  ဒီအခြေအနေတွေကြောင့် ကျုံဒိုးမြို့နယ်ထဲက ညောင်ရိပ်သာ၊ ကမ်းနီ၊ ကျောက်ဖျာ၊…

Read More
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရားတချို့က  ရှေဟောင်းးကြေးခေါင်းလောင်းတွေ အခိုးခံရ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရားတချို့က ရှေဟောင်းးကြေးခေါင်းလောင်းတွေ အခိုးခံရ

ကမ္ဘာအမွေအနှစ်စာရင်းဝင် မန္တလေးတိုင်းအတွင်းက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားတချို့မှာ ကြေးခေါင်းလောင်းတွေ ခိုးယူခံရမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခု ရက်သတ္တပတ်အတွင်းမှာပဲ မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့်ပွင်းလင်းဘုရား၊ရွှေချမ်းသာ(ခ)ဆုတောင်ပြည့်ဘုရားနဲ့ သာယာဝတေးဘုရားတွေက ကြေးခေါင်းလောင်းတွေ အခိုးခံလိုက်ရတာလို့ ဆိုပါတယ်။ “ခေါင်းလောင်းအသေးလေးတွေ မဟုတ်ဘူးအကြီးကြီးတွေပါ။ ဘယ်အချိန်ခိုးလဲဆိုတော့ ညဖက်ဖြစ်ဖို့များတယ်။ တယောက်တည်းသယ်မရတော့ အများနဲ့ ခိုးရမယ်ထင်တယ် ” လို့ ပုဂံ ဒေသခံတဦးကပြောပါတယ်။ အဲဒီခိုးယူခံရတဲ့ ကြေးခေါင်းလောင်းတွေက ရှေးခေတ်လက်ရာတွေမဟုတ်ဘဲ ဒီကနေ့ခေတ်အလှူရှင်တွေ လှူဒါန်းတွေဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေသနနဲ့…

Read More
မြိတ်မြို့နယ်မှာ ဆိုင်ကယ်စီးလာသူနှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံး

မြိတ်မြို့နယ်မှာ ဆိုင်ကယ်စီးလာသူနှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံး

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ပြင်ကြီးရွာ ရန်ကုန်-မြိတ်အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွား တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်အမျိုးသားနှစ်ဦးက မဇောကျေးရွာ မရင်းငယ်လမ်းဆုံအရောက် အဝေးပြေး ကားလမ်းမပေါ်မှာ ဆိုင်ကယ်တိမ်းမှောက်ရာက ပေါက်ကွဲမှုဖြစ်ပြီး နှစ်ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဒေသခံ တဦးက DNA ကို ပြောပါတယ်။   “ကားလမ်းပေါ်မှာပဲ ဆိုင်ကယ်မှောက်တာ၊ သူတို့လည်း ဆိုင်ကယ်မှောက် ပေါက်ကွဲသံကြားလိုက်ရတာပဲ၊…

Read More