
ရန်ကုန်တိုင်းအတွင်း ဓာတ်အားပေးစက်တွေဆီ ပို့လွှတ်တဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပလက်ဖောင်းကို အရေးပေါ် Shut Down လုပ်ခဲ့ရလို့ ဓာတ်အားထုတ်လုပ်မူ ကျဆင်းသွားတဲ့အတွက် မြို့နယ်တွေမှာ ဝန်အားထိန်းညှိနေရတာလို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က အသိပေးထားပါတယ်။
၂၊ ဇူလိုင်
ရန်ကုန်တိုင်းအတွင်း ဇူလိုင်လ ၁ ရက်နေ့က စပြီး လျှပ်စစ်မီးပျက်တာတွေ တကျော့ပြန်ဖြစ်လာနေပြီး အချိန်သတ်မှတ်ချက် မရှိတာကြောင့် လျှပ်စစ်မီး အသုံးပြုရတဲ့သူတွေ အဆင်မပြေ ဖြစ်နေပါတယ်။
“မီးက လာချင်သလို လာ၊ပြတ်ချင်သလို ပြတ်နေတော့ အိမ်မူကိစ္စတွေလည်း ကောင်းကောင်းလုပ်မရဘူး။ ထမင်းအိုးပစ်လိုက်ရတယ်”လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။
စစ်အာဏာသိမ်း ကာလနောက်ပိုင်း လျှပ်စစ်မီး မလုံလောက်မူ ပြဿနာ ဆိုးရွားလာခဲ့ပြီး မိုးတွင်းလောက်မှာပဲ ဓာတ်အားတိုးမြှင့်ပေးနိုင်တဲ့ အခြေအနေ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ လျှပ်စစ်မီး ပြတ်နေရတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအတွင်း ဓာတ်အားပေးစက်တွေဆီ ပို့လွှတ်တဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပလက်ဖောင်းကို အရေးပေါ် Shut Down လုပ်ခဲ့ရလို့ ဓာတ်အားထုတ်လုပ်မူ ကျဆင်းသွားတဲ့အတွက် မြို့နယ်တွေမှာ ဝန်အားထိန်းညှိနေရတာလို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က အသိပေးထားပါတယ်။
ထိန်းသိမ်းပြုပြင်နေတဲ့ ကာလအတွင်း ဝန်အားထိန်းညှိမှာဖြစ်လို့ လျှပ်စစ်မီးပြတ်တောက်တာ ရှိမယ်လို့ YESCက ဆိုပြီး ကြာမြင့်မဲ့ရက်ကို ကြေညာထားတာ မတွေ့ရပါဘူး။
Photo-YESC