နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ အမေရိကန်-တောင်ကိုးရီးယား ပူးတွဲ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအပြီး မေလ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ရိုး (Yoon Suk-yeol) တို့က တောင်းဆိုလိုက်ကြတယ်လို့ RFA ကဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့လည်း နိုင်ငံတကာကို တောင်းဆိုခဲ့ကြပါတယ်။ အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ…
Read Moreဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေ အပေါ် အတုအယောင် တရားစီရင်ရေးကိုသုံးပြီး ပြစ်ဒဏ် ချမှတ်နေတာတွေ မလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချိုးလက်က တောင်းဆိုလိုက်ပါတယ်။ ဧပြီ၂၈ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်စစ်အုပ်စုတရားရုံးက နောက်ထပ်ထောင်ဒဏ်၅နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဒဲရစ်ချိုးလက်က VOA ကို အဲဒီလိုပြောကြားခဲ့တာ ပါ။ ‘ဒါဟာ အတုအယောင် တရားစီရင်ရေးစနစ်ဆိုတာ ပြနေပါတယ်။ ဒါ့အပြင် ဒါဟာ ၂၀၂၁ မှာ တရားနည်းလမ်း မကျဘဲ အာဏာသိမ်းခဲ့တဲ့…
Read Moreနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိစွပ်စွဲချက်အမှုနဲ့ အကြမ်းဖက်စစ်အုပ်စု တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တဲ့အပေါ် အယူခံအဆင့်ဆင့် တက်သွားမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပြတယ်။ ဒီနေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နေပြည်တော် အထူးတရားရုံးက ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာပါ။ အဲဒီ စွပ်စွဲချက်ဟာ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။…
Read Moreထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး Ms Pornpimol Kanchanalak ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ Ms Pornpimol Kanchanalak ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသူဖြစ်ပြီး အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့် တာဝန်ယူကာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့အညီ ကိုင်တွယ်ဆောင်ရွက်မှာဖြစ်ကြောင်း ဘန်ကောက်စ်ပို့ စ်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် အထူးကိုယ်စားလှယ်ဟာ အစိုးရဌာနတွေ၊ ပုဂ္ဂလိကကဏ္ဍတွေနဲ့ နိုင်ငံတကာနဲ့…
Read Moreအမေရိကန်မှာ နွေဦးအတွက် ကမ်းလက်များအဖွဲ့ (Helping Hands for Burma) က ဦးစီးပြီး မြန်မာနှစ်သစ်ကူး ရံပုံငွေ စျေးပွဲတော်ကနေ NUG ငွေတိုက်စာချုပ်နဲ့ အစားအသောက်ရောင်းရငွေ ဒေါ်လာ ၁ သိန်းခွဲနီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဧပြီလ ၂၄ ရက် တနင်္ဂနွေနေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ လောကချမ်းသာ စေတီတော်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာ NUG ငွေတိုက်စာချုပ် Bond ရောင်းရငွေ…
Read Moreနယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ တော်လှန်သင်္ကြန် ရံပုံငွေစျေးရောင်းပွဲကို မနေ့က ဧပြီလ ၂၃ ရက်နေ့တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ် စကစ်ပူးလေယာဥ်ကွင်းအနီး ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။ နယ်သာလန် နိုင်ငံအတွင်းက မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာအစားအစာ၊ တိုင်းရင်းသား အစားအစာတွေအပြင် save myanmar မှ တီရှပ်တွေရောင်းချခဲ့သလို NUG Bond ငွေတိုက်စာချုပ်တွေလဲ ရောင်းချခဲ့ပါတယ်။ တော်လှန်ရေး ထောက်ပို့တပ်သားတွေအဖြစ်လဲ လစဥ် ယူရို ၂၀ /…
Read Moreမြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တစ်နှစ်ကြာတဲ့အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တာဝန်ယူဖြေရှင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့က ကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်…
Read Moreအမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စေတနာ့ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်မှာ မဟုတ်တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းမယ်လို့ Peace Corps အမှုဆောင် အရာရှိချုပ် Carol Spahn က ကြေညာချက်ထုတ်ပြန်ကြောင်း VOA က ဖော်ပြပါတယ်။ မြန်မာနိုင်ငံတွင်း အခြေအနေ ပြန်လည်ကောင်းမွန်လာတဲ့တစ်ချိန်ချိန်မှာ…
Read Moreအကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေအပေါ် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ မြန်မာပြည်သူတွေအတွက် ကြိုးပမ်းသွားမယ်လို့ အမေရိကန် နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံပေး မစ္စတာဒဲရစ်ချိုးလက်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ NUG အစိုးရဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အဖွဲ့တို့ တွေ့ဆုံစဉ် ဒဲရစ်ချိုးလက်က အဲဒီလိုပြောကြားခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒါ့အပြင် ဒဲရစ်ချိုးလက်က မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ပိုမိုကူညီလုပ်ဆောင်မယ့်အကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရ၊ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့်…
Read Moreအသက် ၄ နှစ်အရွယ် ကလေးငယ်ကို အလုံမြို့နယ်က မူကြိုကျောင်းထဲ အကြမ်းဖက်စစ်တပ်က ဝင်ရောက် ဖမ်းဆီးဓားစားခံလုပ်တဲ့အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဖွင့်ချခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဧပြီ ၇ ရက်နေ့က ကျင်းပတဲ့ ယူကရိန်းနိုင်ငံ အခြေအနေနဲ့ စပ်လျဉ်းတဲ့ (၁၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် အဲဒီလိုထည့်သွင်းပြောကြားခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၅ ရက်နေ့က…
Read More