1. Home
  2. ကျန်းမာရေး

Category: ကျန်းမာရေး

ကျန်းမာရေး
ဗြိတိန်နိုင်ငံမှ ကိုဗစ်ဗီဇကွဲအသစ်အကြောင်း ယခုအချိန်အထိ တွေ့ရှိချက်များ

ဗြိတိန်နိုင်ငံမှ ကိုဗစ်ဗီဇကွဲအသစ်အကြောင်း ယခုအချိန်အထိ တွေ့ရှိချက်များ

ရေးသားသူ – Aunghein PhoeKhwar ၆ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ ဗြိတိန်နိုင်ငံမှ ကိုဗစ်ဗီဇကွဲအသစ်အကြောင်း ယခုအချိန်အထိ တွေ့ရှိချက်များ (၁) ကူးစက်နှုန်း ဗြိတိန်ကိုဗစ်ဗီဇကွဲအသစ်သည် မူလကိုဗစ်မျိုးရိုးထက် ပျံ့နှံ့ကူးစက်နိုင်စွမ်း ၇၀% ပိုများနိုင်ပါသည်။ (၂) အသက်အပိုင်းအခြား ဗြိတိန်ကိုဗစ်ဗီဇကွဲအသစ်သည် အသက် ၂၀ အောက် လူငယ်များတွင် ပိုမိုပျံနှံ့နိုင်သည်ဟု ကနဦးယူဆထားသော်လည်း နောက်ပိုင်းလေ့လာချက်များအရ အသက်အပိုင်းအခြားမရွေး ကူးစက်စေနိုင်ကြောင်း သိရှိရပါသည်။ (၃)ရောဂါပိုပျော့ပျောင်း၊…

ကျန်းမာရေး
ပုသိမ်ကိုဗစ်လူနာ၆ဦးမှာအထည်ချုပ်နဲ့ ဆားစက်ဝန်ထမ်းတွေပါဝင်

ပုသိမ်ကိုဗစ်လူနာ၆ဦးမှာအထည်ချုပ်နဲ့ ဆားစက်ဝန်ထမ်းတွေပါဝင်

၅၊ ဇန်နဝါရီ၊ ၂၀၂၀။ ပုသိမ်မြို့မှာဒီနေ့(၆)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်ဝါးယားချောင်းမှာနေထိုင်တဲ့ အသက်(၁၆)နှစ်အရွယ်ဒေါင်းလောင်းအထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူဟာ တစ်ပတ်ခန့်ဖျားပြီးအနံပျောက်နေကာ ဒီဇင်ဘာ(၃၁)ထိအလုပ်ဆင်းထားတယ်လို့ သိရပါတယ်။ ရန်ကုန်ရွှေပြည်သာက အိမ်တစ်ခုမှာသူနာပြုအကူလုပ်ခဲ့ကာ ပုသိမ်မြို့ကိုပြန်လာပြီး ကွာရန်တင်းဝင်နေတဲ့ ဝါးယားချောင်းကျေးရွာက အသက်(၃၁)နှစ်အရွယ်အမျိုးသမီးကိုစစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ဝါးဘိုတောကျေးရွာမှာနေထိုင်တဲ့ ဒေါင်းလောင်းအထည်ချုပ်စက်ရုံက အသက်(၂၆)နှစ်အရွယ်အမျိုးသားဟာ အနံပျောက်နေတာကြောင့် သာသနာ့ဗိမာန်Fever Clinicကို သွားရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။ သူဟာ မနေ့ကထိအလုပ်ဆင်းထားတယ်လို့ သိရပါတယ်။ ကမ်းနားလမ်း…

ကျန်းမာရေး
အထည်ချုပ်ဝန်ထမ်း(၅)ဦးနဲ့ ဈေးသည်အိမ်ယာဝန်ထမ်းတွေပါဝင်တဲ့ ပုသိမ်ကိုဗစ်လူနာ(၁၂)ဦး

အထည်ချုပ်ဝန်ထမ်း(၅)ဦးနဲ့ ဈေးသည်အိမ်ယာဝန်ထမ်းတွေပါဝင်တဲ့ ပုသိမ်ကိုဗစ်လူနာ(၁၂)ဦး

၂၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၁၄)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ပုသိမ်မြို့ စကားဝါလမ်းမှာနေထိုင်တဲ့ အသက်(၅၈)နှစ်အရွယ်အမျိုးသမီးမှာရောဂါတွေ့ခဲ့ပါတယ်။ သူဟာကွမ်းခြံဈေးမှာကြက်သားရောင်းသူဖြစ်သူ ဖြစ်ပြီး ရောဂါတွေ့သူနဲ့ထိတွေ့မိလို့ ကွာရန်တင်း၀င်ရောက်နေသူဖြစ်ပါတယ်။ သာသနာ့ဗိမာန်က Fever Clinicကို အနံပျောက်လို့လာပြတဲ့င၀န်ကျွန်းသာ(၁၀)လမ်းက အသက်(၅၅)နှစ်အရွယ်အမျိုးသမီးနဲ့ဒုံး၀န်းတိုးချဲ့ (၃)လမ်းက ဘူတာဈေးက ကြက်သားရောင်းခဲ့သူ အသက်(၂၈)နှစ်အရွယ်အမျိုးသမီးတို့ကိုစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ကိုဗစ်လူနာ(၄)ဦးထွက်ပေါ်ခဲ့လို့ lock downချထားတဲ့ ငုဝါ (၃)လမ်းအဆောင်မှာနေထိုင်တဲ့ အမာဗားအထည်ချုပ်စက်ရုံက အသက်(၂၈)နှစ်အရွယ် အမျိုးသမီး၊ချိုင်မွန်စပေါ့ စက်ရုံက အသက်(၁၉)နှစ်အရွယ်အမျိုးသမီး၊မြန်မာနစ်တင်းစက်ရုံက (၂၅)နှစ်အရွယ်အမျိုးသမီး၊ဟွာဘိုတိုင်းစက်ရုံက (၂၉)နှစ်အရွယ်အမျိုးသမီးနဲ့(၃၉)နှစ်အရွယ်ဒေါင်းလောင်းအထည်ချုပ်စက်ရုံက အမျိုးသားတို့(၅)ဦးမှာရောဂါတွေ့ခဲ့ပါတယ်။ အဆောင်မှာ…

ကျန်းမာရေး
ပုသိမ်မှာမိသားစုလိုက် ကူးစက်မှုတွေနဲ့ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့

ပုသိမ်မှာမိသားစုလိုက် ကူးစက်မှုတွေနဲ့ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့

၁၊ ဇန်နဝါရီ၊၂ ၀၂၁ ။ ပုသိမ်မြို့မှာ ဒီနေ့(၁၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်သစ္စာလမ်းက မနေ့ကလူနာ(၆၅၅)ရဲ့ အသက်(၁၂)နှစ်အရွယ်သား၊(၆၁)နှစ်အရွယ်မိခင်၊(၆၃)နှစ်အရွယ်ယောက္ခမ၊ လူနာ(၆၅၆)ရဲ့ခင်ပွန်းဖြစ်သူအသက်(၅၉)နှစ်ရှိ သစ်လုပ်ငန်းလက်ထောက်မန်နေဂျာ၊အသက်(၃၂)နှစ်အရွယ်သမီး၊ အသက်(၉)နှစ်အရွယ်မြေးဖြစ်သူအပါအဝင် မိသားစုတွေမှာ ကိုဗစ်ရောဂါတွေ့ခဲ့ပါတယ်။ ရွှေဘုံသာကမ်းနားလမ်းက နတ်ကနားစီးလုပ်ကိုင်တဲ့အသက်(၆၂)အရွယ်အမျိုးသားနဲ့ သူရဲ့အသက်(၅၄)နှစ်အရွယ်ညီမတို့ဟာ အနံပျောက်လို့လာပြရာက ရောဂါတွေ့ခဲ့ပါတယ်။ ထိတွေ့မိသူတွေကိုထပ်မံစစ်ဆေးခဲ့ရာမှာတော့ အတည်ပြုလူနာအမျိုးသားနဲ့ရွယ်တူ ဇနီးဖြစ်သူအပြင် အတူနေတပည့်တို့သုံးဦးမှာပါ ကိုဗစ်ရောဂါတွေ့ခဲ့ပါတယ်။ ကင်မလင်းကျွန်းစံပြ(၂)လမ်းက လူနာ(၆၃၇)ရဲ့အသက်(၆၃)နှစ်အရွယ်ယောက္ခမနဲ့ အသက်(၃၈)နှစ်အရွယ်သမီးဖြစ်သူ၊ အသက်(၁၄)နှစ်အရွယ်ညီဝမ်းကွဲတို့မှာလည်း ရောဂါတွေ့ခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၇၂၉)ဦးရှိနေပြီဖြစ်ပါတယ်။…

ကျန်းမာရေး
ပုသိမ်ကိုဗစ်လူနာ၁၄ဦးမှာ အထည်ချုပ်၀န်ထမ်းနဲ့ အနံပျောက်သူတွေပါဝင်

ပုသိမ်ကိုဗစ်လူနာ၁၄ဦးမှာ အထည်ချုပ်၀န်ထမ်းနဲ့ အနံပျောက်သူတွေပါဝင်

၃၁၊ ဒီဇင်ဘာ၊ ၂၀၂၀။ ပုသိမ်မြို့မှာ ဒီနေ့(၁၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားတဲ့ ဟွာဘိုတိုင်းအထည်ချုပ်ဝန်ထမ်းလူနာ(၆၄၄)ရဲ့ယောက္ခမ ကန်သာယာ(၄)လမ်းနေ အသက်(၆၃)နှစ်အရွယ်အမျိုးသမီး၊ လွန်ကန်က အဆောင်ပိုင်ရှင်လူနာ(၆၄၂)နဲ့ ထိတွေ့မိတဲ့အသက်(၂၃)နှစ်အရွယ် အင်ဂျင်နီယာနဲ့ (၄၈)နှစ်အရွယ် ထမင်းချက်အမျိုးသမီးတို့မှာ ရောဂါတွေ့ခဲ့ပါတယ်။ တဂေါင်းဘုရားလမ်းကလူနာ(၆၄၅)ရဲ့ အသက်(၁၆)နှစ်အရွယ်သားဖြစ်သူ၊ ဦးလေးတော်တဲ့အသက် (၅၂)အရွယ်အမျိုးသားနဲ့ သူရဲ့ဇနီး(၄၁)နှစ်တို့မှာ ရောဂါတွေ့ခဲ့ပါတယ်။ သာသနာ့ဗိမာန် Fever Clinicကို အနံပျောက်လိုလာပြတဲ့သစ္စာလမ်းကအသက်(၃၀)နဲ့(၅၅)နှစ်အရွယ်အမျိုးသမီးနှစ်ဦးကိုစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ဘူတာဈေးအနီးထမင်းကြော်ဆိုင်က လူနာ(၆၄၀)ရဲ့ခင်ပွန်းနဲ့ဖခင်နှစ်ဦး၊ ကျောက်စရစ်ကုန်းက လူနာ(၅၉၇)ရဲ့ အသက်၆နှစ်အရွယ်သားနဲ့(၇၆)နှစ်အရွယ်ယောက္ခမ၊…

ကျန်းမာရေး
တိုင်းဥပဒေရုံးအရာရှိ ၊ အထည်ချုပ်၀န်ထမ်းအပါအ၀င် ပုသိမ်ကိုဗစ်လူနာ(၅)ဦးတွေ့

တိုင်းဥပဒေရုံးအရာရှိ ၊ အထည်ချုပ်၀န်ထမ်းအပါအ၀င် ပုသိမ်ကိုဗစ်လူနာ(၅)ဦးတွေ့

၃၀၊ ဒီဇင်ဘာ၊ ၂၀၂၀။ ပုသိမ်မြို့အတွင်း ဒီကနေ့(၅)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ကန်သာယာ(၃)လမ်းမှာနေထိုင်ပြီး ဟွာဘိုတိုင်းအထည်ချုပ်စက်ရုံက အသက်(၃၁)နှစ်အရွယ်အမျိုးသမီးဟာ နှာခေါင်းပိတ်၊အနံပျောက်နေတာကြောင့် သာသနာ့ဗိမာန် Fever Clinicကိုလာရောက်ပြသရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာစက်ရုံကပိုးတွေ့လူနာ(၅၇၉)နဲ့အလုပ်အတူဆင်းခဲ့တယ်လို့ သိရပါတယ်။ တဂေါင်းဘုရား အတွင်းလမ်းမှာနေထိုင်တဲ့ အသက်(၃၇)နှစ်အရွယ်အမျိုးသမီးဟာ ဖျားနေတာတစ်ပတ်ရှိပြီး ဒီနေ့အနံပျောက်တာကြောင့် သာသနာ့ဗိမာန် Fever Clinicကို လာရောက်ပြသရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာ ပိုးတွေ့လူနာမိသားစုနဲ့ တစ်လမ်းထဲနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ မရမ်းချောင်ကျေးရွာအုပ်စု ဂွေးချိုရွာမှာနေထိုင်တဲ့ အသက်(၃၁)နှစ်အရွယ်အမျိုးသမီးဟာ အနံပျောက်လာတာကြောင့်ပုသိမ်ဆေးရုံကို လာပြရာက ရောဂါတွေ့ခဲ့ပါတယ်။…

ကျန်းမာရေး
ပုသိမ်မှာကိုဗစ်လူနာသစ် နှစ်ဦးတိုး

ပုသိမ်မှာကိုဗစ်လူနာသစ် နှစ်ဦးတိုး

၂၉၊ဒီဇင်ဘာ၊၂၀၂၀။ ဒီကနေ့ ပုသိမ်မြို့က(၂)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်မုံရွာရေဦးလမ်း လွန်ကန်နည်းပညာကျောင်းရှေ့မှာ စတိုးဆိုင်ဖွင့်ထားတဲ့အသက်(၆၅)နှစ်အရွယ်အမျိုးသားဟာ အနံပျောက်နေတာ နှစ်ရက်ရှိနေတာကြောင့် သာသနာ့ဗိမာန်Fever Clinicကိုလာပြခဲ့ပြီ းပုသိမ်ဆေးရုံကို လွှဲပြောင်းစစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ သစ်ပုတ်ကုန်းအုပ်စု တိုက်ကြီးကုန်းရွာမှာနေထိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကုန်ကားမောင်းတဲ့ အမျိုးသားတစ်ဦးဟာ ဒီနေ့ရန်ကုန်ကနေ ပြန်လာစဥ် ကျောင်းကုန်းမြို့စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာကရောဂါတွေ့ခဲ့ပြီး ပုသိမ်ဆေးရုံကိုလွှဲပြောင်းခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၉၆)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၅၅၇)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ကျန်းမာရေး
ပုသိမ်ကိုဗစ်လူနာသစ်လေးဦးမှာ အနံပျောက်လို့လာပြသူနှစ်ဦးပါ၀င်

ပုသိမ်ကိုဗစ်လူနာသစ်လေးဦးမှာ အနံပျောက်လို့လာပြသူနှစ်ဦးပါ၀င်

၂၈၊ ဒီဇင်ဘာ၊ ၂၀၂၀။ ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာသစ်(၄)ဦးတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ကျောက်စရစ်ကုန်းကအသက်(၃၀) အရွယ်အမျိုးသားဟာ အချုပ်သားလူနာ(၅၇၈)နဲ့ထိတွေ့မိတာကြောင့်ကွာရန်တင်းစင်တာမှာအသွားအလာကန့်သတ်ထားပြီး ပထမအကြိမ် စစ်ဆေးရာမှာ ရောဂါမတွေ့ပဲ ဒီနေ့စစ်ဆေးမှုမှာတော့ ရောဂါတွေ့ခဲ့ပါတယ်။ လူနာ(၄၉၃)နဲ့ထိတွေ့မိလို့ ကွာရန်တင်း၀င်နေတဲ့တဂေါင်းဘုရား ရွာသာယာက အသက်(၁၇)နှစ်အရွယ် အမျိုးသမီးကိုလည်း ဒီနေ့ ဒုတိယအကြိမ်စစ်ဆေးမှုမှာ ရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်ဘူတာဈေးအနီးမှာ ထမင်းကြော်ရောင်းတဲ့ အသက်(၅၆)နှစ်အရွယ်အမျိုးသမီးဟာ အနံပျောက်နေတာသုံးရက်ရှိတာကြောင့် ဆေးရုံကိုလာရောက်ပြသရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာမနေ့ကအထိ ဈေးထွက်ထားတယ်လို့သိရပါတယ်။ ငဝန်ကျွန်းသာ(၄)လမ်းက အသက်(၇၃)နှစ်အရွယ်အငြိမ်းစားကျောင်းဆရာဟာ အနံပျောက်နေတာသုံးရက်ရှိနေတာကြောင့် ဒီနေ့မနက်ပုသိမ်ဆေးရုံကို…

ကျန်းမာရေး
မြန်မာ့စီးပွားရေးဘဏ်အကြီးတန်းစာရေးအပါအဝင် ပုသိမ်ကိုဗစ်လူနာ(၆)ဦးတိုး

မြန်မာ့စီးပွားရေးဘဏ်အကြီးတန်းစာရေးအပါအဝင် ပုသိမ်ကိုဗစ်လူနာ(၆)ဦးတိုး

၂၇၊ ဒီဇင်ဘာ၊ ၂၀၂၀။ ပုသိမ်မြို့မှာ ကိုဗစ်အတည်ပြုလူနာ (၆)ဦးတိုးတယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ တောရကျောင်းလမ်းကအသက် (၃၉)နှစ်အရွယ်အမျိုးသမီးမှာရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်မြို့မြန်မာ့စီးပွားရေးဘဏ်က အကြီးတန်းစာရေးဖြစ်ပြီး မိခင်ဖြစ်သူမှာရောဂါတွေ့လို့ကွာရန်တင်းဝင်နေသူ ဖြစ်ပါတယ်။ ကုလားကုန်းဈေးက ကြက်သားရောင်းသူလူနာ(၅၆၉)နဲ့ လူနာ(၆၃)တို့ရဲ့ အသက်(၇၃)နှစ်အရွယ်မိခင်မှာ ရောဂါတွေ့ခဲ့ပါတယ်။ သူဟာ သမီးဖြစ်သူရောဂါတွေ့ခဲ့ရာက ကွာရန်တင်းဝင်နေသူဖြစ်ပြီး ဒီနေ့စစ်ဆေးရာက ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်။ စကားဝါလမ်းက လူနာ(၆၃၀)ရဲ့အသက်(၅၇)နှစ်အရွယ်အစ်မနဲ့(၃၂)နှစ်အရွယ် တူမတို့ကိုကွာရန်တင်းစင်တာမှာ ဒီနေ့စစ်ဆေးရာကရောဂါတွေ့ခဲ့ပြီး တိုင်းရင်းဆေးရုံကိုလွှဲပြောင်းထားတယ်လို့ သိရပါတယ်။ ပုသိမ်မြို့မစခန်းကအချုပ်သားလူနာ(၅၇၈)နဲ့ ထိတွေ့မိတဲ့ ကင်မလင်းကျွန်း နေထိုင်တဲ့အသက်(၁၃)နှစ်အရွယ်အမျိုးသားကို ဒီနေ့စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။…

ကျန်းမာရေး
အထည်ချုပ်၀န်ထမ်း၊ဈေးသည်နဲ့ ရဲတပ်ကြပ်ကြီး အပါအဝင် ပုသိမ်ကိုဗစ်လူနာ(၁၉)ဦးတိုး

အထည်ချုပ်၀န်ထမ်း၊ဈေးသည်နဲ့ ရဲတပ်ကြပ်ကြီး အပါအဝင် ပုသိမ်ကိုဗစ်လူနာ(၁၉)ဦးတိုး

၂၇၊ဒီဇင်ဘာ၊၂၀၂၀။ ပုသိမ်မြို့မှာမနေ့က(၁၉)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ပုသိမ်ဆေးရုံကို အနံပျောက်လို့လာပြတဲ့ မြတ်တိုရုံးအနောက်(၁)လမ်းက အသက်(၂၁)နှစ်အရွယ်အမျိုးသားမှာရောဂါတွေ့ခဲ့ပါတယ်။ သူဟာ မြန်မာနစ်တင်းသိုးမွှေးအထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ရောဂါတွေ့ခဲ့တဲ့ ဧရာမင်း(၄)လမ်းက လူနာ(၆၀၄)ရဲ့ အသက်(၆၀)အရွယ်မိခင်နဲ့ (၁၁)နှစ်အရွယ်သားဖြစ်သူတို့ကို စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ တိုင်းလွှတ်တော်မှာ air conတပ်ဆင်ဖို့ ရောက်တဲ့ ရန်ကုန်၊အင်းစိန်မြို့က အသက်(၂၁)နှစ်အရွယ်အင်ဂျင်နီယာအမျိုးသားတစ်ဦးကို ပုသိမ်မြို့အဝင် ဂိတ်မှာစစ်ဆေးရာရောဂါတွေ့ခဲ့ပါတယ်။ Swabယူစစ်ဆေးရင်း ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ သူနာပြုဆရာမလူနာ(၅၀၁)ရဲ့ အသက်(၃၈)နှစ်အရွယ်ခင်ပွန်း၊အသက်(၅၉)နှစ်အရွယ်မိခင်နဲ့ တစ်နှစ်အရွယ်သားဖြစ်သူတို့ရောဂါတွေ့ခဲ့ပါတယ်။ ဆေးရုံမှာတာ၀န်ထမ်းဆောင်ရင်း ကိုဗစ်ရောဂါတွေ့ခဲ့တဲ့လူနာ(၅၀၈)ရဲ့အသက်(၅၆)နှစ်အရွယ်ခင်ပွန်း၊အသက်(၂၇)အရွယ်သမီးဖြစ်သူနဲ့ လူနာ(၅၀၃)ရဲ့ခင်ပွန်းအသက်(၅၉)နှစ်အရွယ် ရဲတပ်ကြပ်ကြီး၊…