1. Home
  2. ကျန်းမာရေး

Category: ကျန်းမာရေး

ကျန်းမာရေး
ဖျာပုံနဲ့ မအူပင်မှာ Stay Home အစီအစဉ်ပယ်ဖျက်မယ်

ဖျာပုံနဲ့ မအူပင်မှာ Stay Home အစီအစဉ်ပယ်ဖျက်မယ်

၂၆ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀ ။ ဧရာဝတီတိုင်းအတွင်း ဖျာပုံနဲ့မအူပင်မှာ ဒီဇင်ဘာ ၂၇ရက်နေ့ မနက်၈နာရီကစပြီး Stay at Home အစီအစဉ် ပယ်ဖျက်သွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဧရာဝတီတိုင်းမြို့နယ်အချို့မှာ သီတင်းပတ်နှစ်အတွင်း COVID 19အတည်ပြုလူနာသစ်အရေအတွက် လျော့ကျလာတာ၊ အတည်ပြုလူနာတွေကနေတဆင့် အစုလိုက် အပြုံလိုက်ကူးစက်မှု လျော့နည်းလာတာနဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေကို စစ်ဆေးရာမှာလည်း ကူးစက်မှုလျော့နည်းလာတာ စတဲ့အချက်တွေကြောင့် အခုလို ဖြေလျော့လိုက်တာလို့…

ကျန်းမာရေး
ပုသိမ်ကိုဗစ်လူနာ(၁၀)ဦးတိုး

ပုသိမ်ကိုဗစ်လူနာ(၁၀)ဦးတိုး

၂၅ ၊ ဒီဇင်ဘာ ၊ ၂၀၂၀။ ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာ(၁၀)ဦးထပ်တိုးခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်မြို့အ၀င်ကိုဗစ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာက ရန်ကုန်ဗိုလ်တစ်ထောင်မြိုနယ်က အသက်(၂၂)နှစ်အရွယ်အမျိုးသားမှာရောဂါတွေ့ခဲ့ပါတယ်။ အထည်ချုပ်စက်ရုံကပစ္စည်းတွေတင်ဖို့ရန်ကုန်ကနေ လာရောက်ခဲ့တာလို့ သိရပါတယ်။ ဧရာမင်း(၄)လမ်းကလက်ဘက်ရည်နဲ့ ခေါက်ဆွဲရောင်းတဲ့အသက်(၄၂)အရွယ်အမျိုးသမီးနဲ့ ဥမ္မာဒန္တီ (၉)လမ်းက အသက်(၃၂)နှစ်အရွယ်အမျိုးသမီးတို့ဟာအနံပျောက်နေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။ ကွာရန်တင်းစင်တာကနေ ကျောက်စရစ်ကုန်းနေတဲ့လူနာ(၅၉၇)ရဲ့ ဇနီး၊ မရီးနဲ့ ယောက်ဖ၊ ဥမ္မာဒန္တီ(၁)လမ်းကလူနာ(၅၉၆)ရဲ့တူမ၊ မြောင်းမြကျောင်းရှေ့ကလူနာ(၅၉၉)ရဲ့ ဦးလေးနဲ့ညီဖြစ်သူ၊ ကွမ်းခြံလမ်းကြားကအသက် (၅၀)အရွယ်အမျိုးသားအပါအဝင် (၇)ဦးကိုစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။…

ကျန်းမာရေး
ပုသိမ်ကိုဗစ်လူနာသစ်(၁၂)ဦးတိုး၊ တစ်ဦးသေဆုံး

ပုသိမ်ကိုဗစ်လူနာသစ်(၁၂)ဦးတိုး၊ တစ်ဦးသေဆုံး

၂၅ ၊ ဒီဇင်ဘာ ၊၂၀၂၀ ။ ပုသိမ်မြို့မှာ မနေ့ကကိုဗစ်လူနာသစ်(၁၂)ဦးတွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်မြို့မရဲစခန်းမှာ အချုပ်ကြနေစဥ်ရောဂါတွေ့ခဲ့တဲ့ လူနာအမှတ်(၅၇၈)နဲ့ ဆက်စပ်ပြီး သူ့ရဲ့မိခင်ဖြစ်သူ၊ ညီနှစ်ယောက်နဲ့ ညီမဖြစ်သူမှာပါ ရောဂါတွေ့ရှိခဲ့တာပါ။ ငုဝါ(၃)လမ်းက ရောဂါရှိသူနဲ့ အဆောင်အတူနေခဲ့တဲ့ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးမှာလည်း ရောဂါတွေ့ခဲ့ပါတယ်။ မြန်မာနစ်တင်းသိုးမွှေးစက်ရုံကအထည်ချုပ်၀န်ထမ်းဖြစ်ပြီး ပိုးတွေ့သူတွေနဲ့အတူနေရာမှကူးစက်ခဲ့တာပါ။ ပုသိမ်မြို့မှာအနံပျောက်လို့လာပြတဲ့ ဥမ္မာဒန္တီ(၁)လမ်းကကွမ်းယာရောင်းတဲ့ အသက်(၄၃)နှစ်အရွယ်အမျိုးသား၊ သုံးဘီးဆိုင်ကယ်မောင်းသူ ကျောက်စရစ်ကုန်းက(၃၉)နှစ်အရွယ်အမျိုးသား၊ ပြည်တော်သာမှာနေထိုင်တဲ့ချိုင်မွန်စပေါ့ အထည်ချုပ်စက်ရုံက (၂၅)နှစ်အရွယ်အမျိုးသား၊ မြောင်းမြဘုန်းကြီကျောင်းမှာနေထိုင်တဲ့အသက်(၂၁)အရွယ်အမျိုးသားနဲ့ အောင်ချမ်းသာ(၅)လမ်းက…

ကျန်းမာရေး
ပုသိမ်အထည်ချုပ်၀န်ထမ်းတွေနဲ့ ဆရာဝန်တစ်ဦးပါ၀င်လာတဲ့ကိုဗစ်လူနာ(၁၂)ဦး

ပုသိမ်အထည်ချုပ်၀န်ထမ်းတွေနဲ့ ဆရာဝန်တစ်ဦးပါ၀င်လာတဲ့ကိုဗစ်လူနာ(၁၂)ဦး

၂၄၊ဒီဇင်ဘာ၊၂၀၂၀။ ပုသိမ်မြို့မှာမနေ့က(၁၂)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ရောဂါတွေ့သူတွေထဲမှာ ပုသိမ်ကွမ်းခြံနေထိုင်တဲ့အသက်(၂၁)နှစ်အရွယ်အမျိုးသမီးမှာရောဂါတွေ့ခဲ့ပါတယ်။ ဆားစက်က ဝန်ထမ်းတစ်ဦးဖြစ်ပြီးအနံပျောက်လာတာကြောင့်ပုသိမ်ဆေးရုံကိုလာရောက်ပြသခဲ့တာဖြစ်ပါတယ်။ ရှင်ပင်ဘုန်းပွင့်လမ်းကအသက်(၂၆)နှစ်အရွယ် ပြင်ပဆရာ၀န်တစ်ဦးဟာ အနံပျောက်တာ(၂)ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ ရောဂါတွေ့ခဲ့တဲ့Gym Trainerတွေနဲ့ထိတွေ့မှုရှိတယ်လို့သိရပါတယ်။ ရောဂါပိုးရှိသူနဲ့အဆောင်အတူနေလို့အသွားအလာကန့်သတ်ထားတဲ့အထည်ချုပ်၀န်ထမ်းနှစ်ဦးမှာရောဂါတွေ့ခဲ့ပါတယ်။ကင်မလင်းကျွန်းငုဝါ(၃)လမ်းမှာနေထိုင်တဲ့ဟွာဘိုတိုင်းစက်ရုံက အသက်၂၆နှစ်အရွယ်အမျိုးသမီးနဲ့မြန်မာနစ်တင်းသိုးမွှေးစက်ရုံက (၂၄)နှစ်အရွယ်အမျိုးသမီးတို့မှာရောဂါတွေ့ခဲ့ပါတယ်။ ကွာရန်တင်းမှာအသွားအလာကန့်သတ်ထားတဲ့တဂေါင်းဘုရား ရွာသာယာက အသက်(၁၅)နှစ်အရွယ်အမျိုးသားအသက်(၃၆)နှစ်အရွယ်အမျိုးသမီး၊ထန်းကုန်းလေး(၃)လမ်းက၄၈နှစ်အရွယ်အမျိုးသမီး၊ ပျဥ်းကတိုးကုန်းက(၄၂)နှစ်အရွယ်အမျိုးသားနဲ့(၅)နှစ်အရွယ်သူ့ရဲ့သမီးတို့မှာရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်ဆေးရုံရဲ့ Lock Downချထားတဲ့အဆောင်(၂)မှာ အသွားအလာကန့်သတ်ထားတဲ့ ကျောင်းကုန်းအိုးဘိုရွာကအသက်(၂၀)အရွယ်အမျိုးသား၊ရွှေဘုံသားအတွင်းလမ်းက အသက်(၆၃)နှစ်အရွယ်အမျိုးသားနဲ့ကင်မလင်းကျွန်းက(၄၂)အရွယ်အမျိုးသမီးတို့ကိုစစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၃၈)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၄၆၉)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ကျန်းမာရေး
ကျန်းမာရေးနဲ့ အထည်ချုပ်ဝန်ထမ်းတွေ ပါ၀င်လာတဲ့ပုသိမ်ကိုဗစ်လူနာသစ်(၂၂)ဦး

ကျန်းမာရေးနဲ့ အထည်ချုပ်ဝန်ထမ်းတွေ ပါ၀င်လာတဲ့ပုသိမ်ကိုဗစ်လူနာသစ်(၂၂)ဦး

၂၃၊ဒီဇင်ဘာ၊၂၀၂၀။ ပုသိမ်မြို့မှာမနေ့(၂၂)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ရောဂါတွေ့သူတွေထဲမှာ ပုသိမ်ဆေးရုံမှာအနံပျောက်လို့လာပြသူမီးရထား၀န်ထမ်းအမျိုးသား(၁)ဦး၊အမျိုးသမီး(၆)ဦးရောဂါပိုးတွေ့ခဲ့ပါတယ်။ အနံပျောက်သူတွေထဲမှာ မီးရထား၀န်ထမ်းတစ်ဦး၊ဒီဇင်ဘာ(၁၉) ရက်နေ့ထိအလုပ်ဆင်းထားတဲ့ချိုင်မွန်စပေါ့ အထည်ချုပ်စက်ရုံက ၀န်ထမ်းတစ်ဦး၊ (၁၅)ရက်နေ့ထိအလုပ်ဆင်းတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံကအမျိုးသမီးတစ်ဦးနဲ့ ပုသိမ်ဆေးရုံကအထက်တန်းသူနာပြုဆရာမတစ်ဦးတို့ပါ၀င်ပါတယ်။ ပုသိမ်ခရိုင်မီးသတ် ကိုဗစ်ရောဂါစစ်ဆေးရေးစခန်းကို အနံပျောက်လို့လာပြီးစစ်ဆေးခဲ့တဲ့ ကုလားကုန်းဈေးကကြက်သားရောင်းသူ အမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူတို့မှာလဲရောဂါရှာဖွေတွေ့ခဲ့ပါတယ်။ ရောဂါရှိသူနဲ့ထိစပ်မူရှိလို့အသွားအလာကန့်သတ်ထားသူတွေကိုစစ်ဆေးခဲ့ရာမှာတော့အမျိုးသား(၆)ဦးနဲ့အမျိုးသမီး (၇)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့ပါတယ်။ ရောဂါတွေ့သူတွေထဲမှာ ကြိုးတံတားဂိတ်က၀န်ထမ်းတွေရဲ့မိသားစု၀င်(၄)ဦး ခရီးသည်တင်ရေယာဥ်စာရေးတစ်ဦးနဲ့အချုပ်ကြနေတဲ့အမျိုးသားတစ်ဦးပါ၀င် တယ်လို့ဖော်ပြထားပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၂၆)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၄၅၈)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ကျန်းမာရေး
အနံပျောက်ခြင်း လျှို့ဝှက်ချက်ရဲ့ အဖြေ

အနံပျောက်ခြင်း လျှို့ဝှက်ချက်ရဲ့ အဖြေ

ရေးသားသူ – Aunghein PhoeKhwar ၂၁ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀ ။ ကိုဗစ်မှာ အနံ့ပျောက်ရတာဟာ နှာခေါင်းအတွင်းပိုင်းမျက်နှာပြင်မှာရှိတဲ့ အာရုံကြောအပေါ်ယံက ဆဲလ်အလွှာလေးက လူတွေအရေခွံကွာသလို ပျက်စီးသွားလို့ အနံ့မရတော့တာပါ။ အနံ့ခံအာရုံကြောကို တိုက်ရိုက်ထိခိုက်မှုကြောင့် မဟုတ်ပါဘူး။ အရေခွံကွာပြီး အောက်ကအရေခွံအသစ်ပြန်တက်လာသလိုပဲ လူအများစုမှာ နောက်ထပ် ၃-၄ ရက်နေရင် အာရုံကြောအပေါ်က ဆဲလ်အလွှာလေးက တဖြည်းဖြည်း ပြန်ကောင်းလာပါလိမ့်မယ်။ ၁ လလောက်နေရင် လုံးဝ အကောင်းပကတိပြန်ဖြစ်ပါတယ်…

ကျန်းမာရေး
ဗြိတိန်က ကိုဗစ်ကာကွယ်ဆေးအတည်ပြုပြီ

ဗြိတိန်က ကိုဗစ်ကာကွယ်ဆေးအတည်ပြုပြီ

ရေးသားသူ – ဒေါက်တာသော်ဇင်ညိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆရာဝန်) ၂ ၊ ဒီဇင်ဘာ ၊ ၂၀၂၀ ။ Pfizer & BioNTech ရဲ့ Covid 19 ကာကွယ်ဆေးကို ဗြိတိန်က ဒီကနေ့ပဲ အတည်ပြုပေးလိုက်ပါပြီ။ Pfizer & BioNTech ရဲ့ ယခုထွက်ရှိလာတဲ့ ကာကွယ်ဆေးဟာ ၉၅%ထိရောက်မှု ရှိပြီး ဘေးဥပါဒ်မရှိဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ နောက်အပါတ်ထဲမှာ ဗြိတိန်အတွက် ကာကွယ်ဆေးသန်းလေးဆယ်…

ကျန်းမာရေး
ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်း

ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်း

ရေးသားသူ – Aunghein PhoeKhwar ၂၇ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ (ကျန်းမာရေးဆောင်းပါး) ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်းသည် နှာခေါင်းပိတ်ခြင်းကြောင့် အနံ့မရှူနိုင်ခြင်းမျိုး မဟုတ်ပါ။ အတွင်းပိုင်းက အနံ့ခံသော အာရုံခံစနစ်၏ ပြသနာတစ်ခု ဖြစ်ပါသည်။ ကိုဗစ်တွင် နှာခေါင်းပိတ်ခြင်း နှာဆေးခြင်းသည် အဖြစ်နည်းပါသည်။ ကိုဗစ်ကြောင့် အနံ့မရပါက လုံးဝအနံ့မရခြင်းဖြစ်နိုင်သလို အနံ့ခပ်ပျော့ပျော့များကိုသာ မရတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။ အနံ့အာရုံခံစနစ် တခဏတာ ပျက်စီးသည့်အတွက် နှာခေါင်းပေါက်နှစ်ဖက်စလုံးမှ…

ကျန်းမာရေး
ကိုဗစ်ရောဂါရှိတဲ့မိခင် ကလေးကို နို့ တိုက်‌ကျွေးလို့ရပါသလား?

ကိုဗစ်ရောဂါရှိတဲ့မိခင် ကလေးကို နို့ တိုက်‌ကျွေးလို့ရပါသလား?

ရေးသားသူ – ဒေါက်တာသော်ဇင်ငြိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှု ဆရာဝန်) ၁၈ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ Covid 19 positive (ဓါတ်ခွဲ အတည်ပြုပြီး)ဖြစ်သည့် နို့တိုက် မိခင်အနေဖြင့် ကလေးကို နို့ ဆက်လက်တိုက်‌ကျွေးလို့ရပါသလား။ YES , ဆက်လက် တိုက်ကျွေးနိုင်ပါတယ်။ နို့တိုက်မိခင်များအနေနဲ့ ကလေးကို နို့ဖြတ်စရာမလိုပါဘူး။ နို့ချိုတိုက်ကျွေး နေစဉ်မှာ မိခင်အနေနဲ့ Mask တပ်ထားပါ။ နို့ချို…

ကျန်းမာရေး
<ပြည်သူများအတွက်> “ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခြေအနေ”

<ပြည်သူများအတွက်> “ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခြေအနေ”

ရေးသားသူ – ဒေါက်တာမြ (မိသားစုဆေးပညာ) ၁၆ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ (ကျန်းမာရေးဆောင်းပါး) Pfizer ဆေးကုမ္ပဏီကြီးနဲ့ BioNTech ဇီဝနည်းပညာကုမ္ပဏီကြီးတို့ ပူးပေါင်းပြုလုပ်လျက်ရှိတဲ့ လူပေါင်း၄သောင်းကျော်ပါဝင်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှု (အဆင့်-၃)ရဲ့ ကနဦးအဖြေအရ ကာကွယ်ဆေးထိုးထားတဲ့သူတွေဟာ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီး ၇ရက်အကြာမှာ (ကာကွယ်ဆေး မထိုးထားတဲ့သူများနှင့်ယှဉ်လျှင်) ရောဂါကူးစက်ခံရမှုကို ၉၀%အထိ ကာကွယ်နိုင်ကြောင်း သိရှိရပါတယ်။ ဒီသတင်းဟာ တစ်ကမ္ဘာလုံးအတွက် သတင်းကောင်းတစ်ခုပါပဲ။…