1. Home
  2. ကျန်းမာရေး

Category: ကျန်းမာရေး

ကျန်းမာရေး
ပုသိမ်ဆေးရုံက ဆရာဝန်တွေရဲ့ ဆန္ဒသဘောထားထုတ်ပြန်

ပုသိမ်ဆေးရုံက ဆရာဝန်တွေရဲ့ ဆန္ဒသဘောထားထုတ်ပြန်

၂ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ ပုသိမ်ဆေးရုံက လက်ထောက်ဆရာဝန်တွေဟာ မနက်ဖြန်မနက်ကစပြီး Civil Disobedience Campaign ပြုလုပ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ကလည်း ဆေးရုံအုပ်အဖြစ်တာ၀န်ထမ်းဆောင်သွားမှာ ဖြစ်ပေမယ့် အာဏာသိမ်းအစိုးရအတွက် မဟုတ်ဘဲ ပြည်သူနဲ့လူနာတွေအတွက်သာ တာဝန်ထမ်းဆောင်သွားမယ်လို့ သူရဲ့လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ကျန်းမာရေး
ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့

ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့

ရေးသားသူ – ဒေါက်တာသော်ဇင်ညိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆရာဝန်) ၃၁ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ (ကျန်းမာရေးဆောင်းပါး) ကိုဗစ်ကာကွယ်ဆေးဟာ ဧရာဝတီတိုင်းကို ရောက်ရှိလာခဲ့ပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံနေပြီး တချို့လည်း ကာကွယ်ဆေးထိုးပြီး ဖျားနာကိုက်ခဲတာလေးတွေ ခံစားရတယ်လို့ ကြားသိရပါတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကြားထဲမှာ ထိုးသင့်မထိုးသင့် ၊ ဘေးထွက်ဆိုးကျိုးတွေ ရှိလေမလား စိုးရိမ်မှုတွေကိုလည်း သတိပြုမိပါတယ်။ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေးအမည်က Covid Shield လို့ခေါ်ပါတယ်။ အင်္ဂလန်အောက်စဖို့စ်ရဲ့…

ကျန်းမာရေး
ကိုဗစ်ဖြစ်ပြီးပြန်ကောင်းသူတွေ ကာကွယ်ဆေးထပ်ထိုးဖို့ လိုပါသလား

ကိုဗစ်ဖြစ်ပြီးပြန်ကောင်းသူတွေ ကာကွယ်ဆေးထပ်ထိုးဖို့ လိုပါသလား

ရေးသားသူ – Aunghein PhoeKhwar ၂၀ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ ကိုဗစ်ရောဂါက တခဏတာဖြစ်ပြီး ပြန်ပျောက်သွားတတ်တဲ့ရောဂါပါ၊ သို့သော်လည်း တစ်ရာသီဖြစ်ပြီး နောက်တစ်ရာသီမှာ ထပ်ပြန်ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ဒါကြောင့် ပျောက်ကင်းသွားသူများလည်း ကာကွယ်ဆေးကို လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူတွေမှာ အများအားဖြင့် ကိုယ်ခံအား အန်တီဘော်ဒီ Antibody တွေထွက်လာကြပါတယ်။ ကိုယ်ခံအား Antibody တွေက နောက်တခါ ရောဂါထပ်မဖြစ်အောင်…

ကျန်းမာရေး
ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၅၈)ဦးတွေ့ရှိ

ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၅၈)ဦးတွေ့ရှိ

၁၁၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီနေ့ည(၈)နာရီ ရန်ကုန်ဓာတ်ခွဲဌာနက ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ ကိုဗစ်အတည်ပြုလူနာသစ်(၅၈)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ရန်ကုန်ဓာတ်ခွဲခန်းဆီကို(၁၇၅)ယောက်ရဲ့ နမူနာတွေ ပေးပို့စစ်ဆေးခဲ့ရာ ဒီကနေ့မှာတော့ (၅၇)ဦးကိုဗစ်ရောဂါတွေ့ရှိပြီး အုတ်ပုံဆိပ်က ကုန်ကားယာဥ်နောက်လိုက်တစ်ဦးမှာလည်း ရောဂါတွေ့ရှိခဲ့တဲ့အတွက် ဒီနေ့ညစာရင်းအရ စုစုပေါင်း(၅၈)ယောက် ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်လို့ ဟင်္သာတမြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်မေသန္တာက Delta News Agency ကို ပြောပါတယ်။ ဟင်္သာတ​မြို့မှာ စက်တင်ဘာ ၇ ရက်နေ့ကနေဒီနေ့အထိ ကိုဗစ်ရောဂါတွေ့ရှိသူပေါင်း…

ကျန်းမာရေး
ပုသိမ်ကိုဗစ်လူနာသစ်ဆယ်ဦးမှာ ဈေးသည်နဲ့ဆားစက်ဝန်ထမ်းတွေပါဝင်

ပုသိမ်ကိုဗစ်လူနာသစ်ဆယ်ဦးမှာ ဈေးသည်နဲ့ဆားစက်ဝန်ထမ်းတွေပါဝင်

၁၀၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာသစ်(၁၀)ဦးတွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ရွှေဘုံသာကမ်းနားလမ်းက ဆားစက်ဝန်ထမ်းကိုဗစ်လူနာ(၆၉၁)ရဲ့ အသက်(၃၃)နှစ်အရွယ်ဇနီးနဲ့(၈)နှစ်အရွယ်သမီးတို့ဟာ နန္ဒဆောင်မှာကွာရန်တင်းဝင်နေရာကဒုတိယအကြိမ်စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။ ဟိုတယ်ကွာရန်တင်း၀င်နေတဲ့ ရန်ကုန်ကနေပုသိမ်ကိုပြန်လာသူ အသက်(၅၅)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ပဒင်းတန်းမှာနေထိုင်တဲ့ လူနာ(၇၁၈)ရဲ့အစ်မဖြစ်သူတို့ကို ဒီနေ့စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်ဆေးရုံဝန်းထဲမှာနေထိုင်တဲ့ ကလေးဆောင်ကအလုပ်သမားဖြစ်သူ အသက်(၃၀)အရွယ်အမျိုးသမီးတစ်ဦးဟာ ဖျားနေတာ၂ရက်ရှိနေတာကြောင့် ခေါ်ယူစစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။ ကျန်းမာရေးအဖွဲ့က ဒီနေ့ရန်ကင်းတောင်ဈေးကဈေးသည်တွေကိုခေါ်ယူစစ်ဆေးခဲ့ရာမှာ ဈေးအနီးမှာနေထိုင်ကြတဲ့ အသက်(၂၉)နှစ်အရွယ်ငါးရောင်းတဲ့အမျိုးသမီး၊(၅၂)နှစ်အရွယ်ကြက်သားရောင်းသူအမျိုးသမီးနဲ့ ဝက်သားရောင်းတဲ့(၄၇)နှစ်အရွယ်အမျိုးသမီးတို့မှာ ရောဂါတွေ့ခဲ့ပါတယ်။ ကမ်းနားလမ်းက ထွန်းသီရိအောင်ဆားစက်မှာနေထိုင်ကြတဲ့ ဆားစက်ဝန်ထမ်းအသက်(၄၁)နှစ်နဲ့(၄၉)နှစ်အရွယ်အမျိုးသားနှစ်ဦးမှာ…

ကျန်းမာရေး
ဟင်္သာတမှာကိုဗစ်လူနာ ၃၃ဦးတိုး

ဟင်္သာတမှာကိုဗစ်လူနာ ၃၃ဦးတိုး

၁၀ ၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီကနေ့မနက်စာရင်းအရ ဟင်္သာတမြို့မှာ ကိုဗစ်လူနာ(၃၃)ဦးတွေ့ရှိခဲ့တယ်လို့ ဧရာဝတိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အထက(၁)ကွာရန်တင်းစင်တာက(၈)ဦး၊ ဟိုတယ်နဲ့ အပြင်က အနံပျောက်လို့လာစစ်သူ(၁၀)ဦးမှာ ရောဂါတွေ့ခဲ့တာလို့ အထက(၁)ကွာရန်တင်းစင်တာမှာ တာဝန်ယူဆောင်ရွက်နေတဲ့ လက်သမားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောပါတယ်။ တလုထ္တော်က(၄)ဦး၊ ဘေးစီမံသင်တန်းကျောင်းက (၁)ဦးနဲ့၊ ဒူးယားမြို့က (၁)ဦး စုစုပေါင်း(၆)ဦးကိုဗစ်ရောဂါတွေ့ရှိတာဖြစ်တယ်လို့ ဟင်္သာတမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်မေသန္တာက Delta News Agency ကို…

ကျန်းမာရေး
ပုသိမ်ဆေးရုံကသူနာပြုနှစ်ဦးနဲ့ သစ်ထုတ်လုပ်ရေးအကြီတန်းစာရေးတို့မှာကိုဗစ်ရောဂါတွေ့

ပုသိမ်ဆေးရုံကသူနာပြုနှစ်ဦးနဲ့ သစ်ထုတ်လုပ်ရေးအကြီတန်းစာရေးတို့မှာကိုဗစ်ရောဂါတွေ့

၉၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၃)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ပုသိမ်ဆေးရုံဝန်းက သူနာပြုယာယီဆောင်မှာနေထိုင်ကြတဲ့ ခွဲခန်း(၁)မှာတာ၀န်ကျတဲ့အသက်(၃၄)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမနဲ့ မျက်စိဆောင်မှာတာဝန်ကျတဲ့ အသက်(၂၄)နှစ်အရွယ်သူနာပြုဆရာမတိုနှစ်ဦးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူနာပြုယာယီဆောင်မှာ ပိုးတွေ့လူနာ(၅)ဦးထိရှိလာတာကြောင့် ဒီနေ့ဒုတိယအကြိမ်စစ်ဆေးရာ သူနာပြုဆရာမ(၂)ဦးမှာ ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်။ ပုသိမ်မြတ်တိုသစ်ထုတ်လုပ်ရေးမှာနေထိုင်တဲ့ အသက်(၄၆)နှစ်အရွယ်အမျိုးသမီးဟာ ဖျားပြီးအနံပျောက်နေတာကြောင့် အထက(၅)မှာစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာသစ်ထုတ်လုပ်ရေးမှာ လက်နှိပ်စက်အကြီး တန်းစာရေးအဖြစ်တာ၀န်ထမ်းဆောင်သူလို့ သိရပါတယ်။ လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၇၉၇)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၆၉၅)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ကျန်းမာရေး
ပုသိမ်ကိုဗစ်လူနာသစ်၃ဦးမှာအထည်ချုပ်ဝန်ထမ်းတစ်ဦးပါဝင်

ပုသိမ်ကိုဗစ်လူနာသစ်၃ဦးမှာအထည်ချုပ်ဝန်ထမ်းတစ်ဦးပါဝင်

၈၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၃)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်ငဝန်ကျွန်းသာ(၅)လမ်းမှာနေထိုင်တဲ့ ချိုင်မွန်စပေါ့အထည်ချုပ်စက်ရုံက ဝန်ထမ်းအသက်(၂၉)နှစ်အရွယ်အမျိုးသမီးနဲ့ သူရဲ့အသက်(၁၉)နှစ်အရွယ်ညီမဖြစ်သူတို့ဟာ လွန်ခဲ့တဲ့ သုံးရက်ကဖျားခဲ့ပြီး ဒီနေ့အနံပျောက်နေတာကြောင့် အထက(၅)Fever Clinicမှာလာရောက်စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ အထည်ချုပ်၀န်ထမ်းတွေရောဂါတွေ့လို့ lockdownလုပ်ထားတဲ့ ကင်မလင်းကျွန်းငုဝါ(၃)လမ်းအဆောင်မှာနေထိုင်ပြီး ကျောက်ကားမောင်းတဲ့အသက်(၂၄)နှစ်အရွယ်အမျိုးသားကို တတိယအကြိမ်စစ်ဆေးခဲ့ရာမှာ ရောဂါတွေ့ခဲ့ရပါတယ်။ လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၇၉၄)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၆၈၅)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ကျန်းမာရေး
ပုသိမ်ကိုဗစ်လူနာသစ်၁၈ဦးတိုး

ပုသိမ်ကိုဗစ်လူနာသစ်၁၈ဦးတိုး

၇၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၁၈)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ နန္ဒဆောင်ကွာရန်တင်းမှာအသွားအလာကန့်သတ်ထားတဲ့သစ္စာလမ်းကအသက်(၃၀)အရွယ်အမျိုးသမီး၊ တဂေါင်းဘုရားလမ်းကြားမှာနေထိုင်တဲ့အသက်(၄၂)နဲ့ (၃၂)နှစ်အရွယ်အမျိုးသား(၂)ဦး၊ အသက်(၃၇)နှစ်၊(၁၆)နှစ်နဲ့ (၃၉)နှစ်အရွယ်အမျိုးသမီး(၃)ဦးတို့ကို ဒုတိယအကြိမ်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ရွေဘုံသာကမ်းနားလမ်းက ရောဂါရှိသူနဲ့ထိတွေ့မိတဲ့ အသက်(၄၀)နှစ်၊(၂၇)နှစ်၊(၄၈)နှစ်နဲ့(၃၅)နှစ်အရွယ်အမျိုးသားလေးဦး၊ တစ်နှစ်နဲ့လေးလအရွယ်ကလေးငယ်တစ်ဦး၊ ရွှေဘုံသာဘုရား နောက်လမ်းကအသက်(၄၂)အရွယ်ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးမှာပါ ရောဂါစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရောဂါရှိသူနဲ့ထိတွေ့သူများဖြစ်တဲ​ြကင်မလင်းကျွန်းစံပြ(၃)လမ်းက အသက်(၄၆)နှစ်နဲ့(၁၅)နှစ်အရွယ်အမျိုးသမီးနစ်ဦး၊ လယ်တီ(၂)လမ်းက အသက်(၄၅)နှစ်၊(၇၂)နှစ်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်(၁၃)နှစ်အရွယ်အမျိုးသားတို့မှာရောဂါတွေ့ခဲ့ပါတယ်။ ကင်မလင်းကျွန်းခတ္တာ(၆)လမ်းမှာနေထိုင်တဲ့ ကား၀ပ်ရှော့လုပ်ငန်းလုပ်ကိုင်တဲ့လအသက်(၄၁)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ အနံပျောက်နေတာ(၂)ရက်ရှိတာကြောင့်သာသနာ့ဗိမာန်Fever Clinicကိုလာရောက်ပြသရာကရောဂါတွေ့ခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၇၉၁)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၆၆၃)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ကျန်းမာရေး
ပုသိမ်ဆေးရုံကဆရာဝန်နဲ့သူနာပြုတွေ ကိုဗစ်ရောဂါကူးစက်ခံရ

ပုသိမ်ဆေးရုံကဆရာဝန်နဲ့သူနာပြုတွေ ကိုဗစ်ရောဂါကူးစက်ခံရ

၇၊ဇန်နဝါရီ၊၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၁၀)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်ကမ်းနားလမ်းရွှေဘုံသာ ကမနေ့ကလူနာ(၇၁၀)ရဲ့မြေးဖြစ်သူ(၃)နှစ်အရွယ်မိန်းကလေးနဲ့ မျက်နှာချင်းဆိုင်အိမ်မှာနေထိုင်တဲ့ အသက်(၅၄)နှစ်အရွယ်အမျိုးသမီးတို့ကို စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်ဆေးရုံ၀န်း သူနာပြုဆောင်မှာနေထိုင်တဲ့ အသက်(၂၅)နှစ်အရွယ်သူနာပြုဆရာမ တစ်ဦးဟာ အနံပျောက်နေတာကြောင့်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ရောဂါတွေ့ခဲ့တဲ့သူနာပြုဆရာမနဲ့ အဆောင်အတူနေသူများကိုစစ်ဆေးခဲ့ရာFever Clinicမှာတာ၀န်ကျနေတဲ့ အသက်(၂၉)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမ၊ အမျိုးသမီးခွဲစိတ်ဆောင်က အသက်(၂၇)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမ၊ သားဖွားမီးယပ်ဆောင်က အသက်(၄၆)နှစ်အရွယ်sisterနဲ့ အသက်(၂၄)နှစ်အရွယ်သားဖွားဆရာမတို့ (၄)ဦးမှာရောဂါတွေ့ခဲ့ပါတယ်။ ရောဂါတွေ့တဲ့ဆရာမတွေနဲ့ထိတွေ့မှုရှိထားတဲ့ ပဒင်းတန်း နေထိုင်တဲ့ အသက်(၅၅)နှစ်အရွယ်သားဖွားမီးယပ်အထူးကုဆရာ၀န်ကြီးဟာ ဒီနေ့အနံပျောက်သွားတာကြောင့်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားပြီးရန်ကုန်အမျိုးသားဓါတ်ခွဲခန်းကိုပေးပို့စစ်ဆေးထားတဲ့ဂွေးချိုရွာက လူနာ(၆၄၆)ရဲ့အသက်(၄၉)နှစ်အရွယ်မိခင်နဲ့ဒုံးကွင်းတိုးချဲ့(၃)လမ်းက လူနာ(၆၄၇)ရဲအသက်(၁၉)နှစ်အရွယ်ဇနီးဖြစ်သူတို့မှာ ရောဂါတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၇၇၃)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ…