ကမ္ဘာတဝှမ်းမှာ တီဘီ ရောဂါကြောင့် သေဆုံးသူမြင့်တက်

၁၆၊ အောင်တိုဘာလ၊ ၂၀၂၁။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က တီဘီရောဂါပတ်သက်လို့ သေဆုံးသူစာရင်းကို အစီရင်ခံရာမှာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် တီဘီကြောင့် သေဆုံးသူ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြပါတယ်။

တီဗီရောဂါဆိုင်ရာ အစီရင်ခံစာကို WHO က နှစ်စဉ် ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်က ကမ္ဘာတဝှမ်းမှာ တီဘီရောဂါကြောင့် သေဆုံးသူ ၁.၅ သန်းရှိခဲ့ပြီး ဒါဟာ အရင်နှစ်တွေကထက် အရေအတွက် တစ်သိန်းလောက် ပိုများလာခဲ့တာဖြစ်တယ်လို့ WHO က ဖော်ပြပါတယ်။

၂၀၀၅ ခုနှစ်ကစလို့ ၂၀၂၀ ခုနှစ် အထိ တီဘီကြောင့် သေဆုံးသူ ကိန်းဂဏန်းတွေဟာ တဆတဆနဲ့ ပိုမိုများပြားလာခဲ့တာလို့လည်း ဆိုပါတယ်။ 

ဒီလိုမြင့်တက်လာတာဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့်သက်ရောက်မှုရှိခဲ့တာဖြစ်ပြီး မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး ကုသမှုကဏ္ဍတွေမှာ အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ အစီခံစာမှာ ဖော်ပြထားပါတယ်။ 

၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်တောင် ၂၀၂၀ ခုနှစ်ဟာ ရောဂါရှာဖွေကုသမှု လုပ်ဆောင်ချက်တွေ နည်းပါးခဲ့ပြီး မရှိမဖြစ် လိုအပ်တဲ့ တီဘီရောဂါအတွက် အသုံးစရိတ်တွေလည်း ကျဆင်းသွားခဲ့တာပါ။

တီဘီရောဂါဟာ ကာကွယ်ကုသလို့ ရတဲ့ ရောဂါဖြစ်ပေမယ့် အခုလို သေဆုံးသူ မြင့်တက်လာခဲ့တဲ့ အခြေအနေကြောင့် WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က အရေးပေါ်အစီအမံတွေ အမြန်ဆုံး ပြုလုပ်ဖို့ အသိပေးခဲ့ပါတယ်။