အာဆီယံမှာ မင်းအောင်လှိုင်ကျရှုံးခြင်း  စစ်တပ်ထဲ သက်ရောက်မှု ပြင်းနိုင်

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။

အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ခွင့်မရတာဟာ ပြည်သူ့ရင်ခွင်ခိုလှုံမယ့် စစ်သား များပြား လာစေဖို့အကြောင်းအချက်တစ်ခုဖြစ်တယ်လို့ အင်းစိန်မြို့နယ်နေ အငြိမ်းစားအရာရှိကြီးတစ်ဦးကပြောပါတယ်။

အစဉ်အလာအရ အာဆီယံထီးရိပ်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်တို့သက်ဆိုးရှည်ဖို့အတွက် အကာအကွယ်ပေး သလိုဖြစ်ခဲ့ပြီး ဒေသတွင်းအဖွဲ့အစည်းရဲ့ ထောက်ခံမှုရှိကြောင်း စစ်တပ်တွင်း ဝါဒဖြန့်လို့ကောင်းခဲ့တယ်လို့သိရ တယ်။

‘အခုကျတော့ ဒေသတွင်းထောက်ခံမှုရှိတယ်လို့ ပြောလို့မရတော့ဘူး။ဒီနေ့ခေတ်ကလည်း ဖေ့စ်ဘွတ်ခ်ကောင်းမှု ကြောင့် စစ်တပ်ထဲက မိသားစုဝင်တွေကို ဖေ့စ်ဘွတ်ခ်မသုံးပါနဲ့လို့ ကန့်သတ်လို့မရဘူးဆိုတော့ မင်းအောင်လှိုင် ကို အာဆီယံကတောင် လက်မခံဘူးဆိုတာ အခုနေ့ချင်းပဲ စစ်တပ်ထဲပြန့်နေပြီ။သက်ရောက်မှု ကြီးတယ်’လို့ အငြိမ်းစားအရာရှိကြီးကပြော ပါတယ်။

မင်းအောင်လှိုင်ပြောလေ့ရှိတဲ့ မဲမသမာမှုကြောင့် အာဏာသိမ်းရခြင်းအကြောင်းပြချက်ကို စစ်တပ်တွင် ယုံကြည် မှုနည်းကြသလို ကုလသမဂ္ဂအပါအဝင် အနောက်အုပ်စုနိုင်ငံတွေက အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်ကြောင်း စစ် တပ်တွင်းသိရှိကြတာကြောင့် မင်းအောင်လှိုင်အပေါ် ယုံကြည်မှုပိုနည်းလာတယ်လို့ သိရပါတယ်။

‘အနောက်နိုင်ငံရဲ့ဖိအားဆိုတာကျတော့ စစ်တပ်ထဲမှာ အနောက်အုပ်စုနဲ့ပတ်သက်ပြီး အရင့်အရင်ကတည်းက ဝါဒ ဖြန့်ထားတော့သိပ်မထိရောက်ဘူး။အခုအာဆီယံကျတော့ သူတို့လူအနေနဲ့သိထားကြတယ်။သူတို့လူအာဆီယံက တောင်လက်မခံတော့ဘူးဆိုတော့ မင်းအောင်လှိုင်ကို ထောက်ခံမဲ့သူ မရှိတော့ဘူးလို့ပေါ်လွင်နေတယ်။’လို့ သူက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိနဲ့ ကားသမားတို့ CDMပြုလုပ်ကြတာနဲ့ သူရဘွဲ့ရ တပ်ကြပ်တစ်ဦး CDM လုပ်တာကလည်း စစ်တပ်တွင်း ရိုက်ခတ်မှုကြီးခဲ့ပါတယ်။

 မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတပ်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေဟာ အရင့်အရင်ကလုပ်လေ့မရှိတဲ့ စစ်တပ် တွေထဲ လှည့်လည် စည်းရုံးဟောပြောတာကို အခုနောက်ပိုင်းခပ်စိပ်စိပ်လုပ်လာပါတယ်။ဒါဟာ စစ်တပ်တွင်းအခြေအနေ မကောင်းမှန်းသိလို့ ဗိုလ်ချုပ်တွေကိုယ်တိုင် ဆွယ်တရားလိုက်ဟောနေကြတာလို့ သူကဆိုပါတယ်။

လက်ရှိCDMရေတပ်အရာရှိတစ်ဦးကမူ လက်ရှိစစ်တပ်ထဲမှာ စစ်အုပ်စုကိုထောက်ခံတာ ရာခိုင်နှုန်း၂၀၊CDM လုပ်တဲ့သူနဲ့CDMလုပ်ချင်သူရာခိုင်နှုန်း၂၀နဲ့ သာတဲ့ဘက်ကိုယိမ်းမယ်ဆိုတဲ့ ကြားနေရာခိုင်နှုန်း၆၀ရှိပြီး အခု အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်တက်ခွင့်မရခြင်းဟာ ရာခိုင်နှုန်း၆၀အုပ်စုအပေါ် သက်ရောက် မှုတစ်ခုရှိမယ်လို့ပြောပါတယ်။

‘၆၀ရာခိုင်နှုန်းက ဟိုဘက်မှာနေနေတာ ဟိုဘက်ကနိုင်နေသေးတယ်ထင်လို့နေနေတာ။အာဆီယံ meeting တက် ခွင့်မရဘူးလို့ ဆုံးဖြတ်လိုက်တာဖြစ်တဲ့အတွက် နိုင်ငံတကာကပါ မထောက်ခံတော့ဘူးဆိုတဲ့ အသိရသွားမယ်’လို့ သူကပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါက ရာခိုင်နှုန်း ၆၀အပေါ် သက်ရောက်မှု ပိုအားကောင်းမယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ပြည်သူ့ရင်ခွင်ဝင်လာတဲ့စစ်တပ်နဲ့ရဲ ၃၅၀၀အထက်ရှိပြီး နောက်ထပ်ပြည်သူ့ရင်ခွင်ဝင်ကြ မယ့် စစ်သားတွေ များစွာရှိတယ်လို့ CDM ဗိုလ်ကြီးတွေက DVB ရဲ့ ပြည်သူ့စစ်သားပြောစကားအစီအ စဉ်မှာပြောကြားခဲ့ပါတယ်။