ဝက်လက်မြို့နယ်မှာ PDF တွေက အဘွားအိုတဦးကို သတ်ဖြတ်ပြီး ရွှေ၊ ငွေတွေ လုယက်ယူဆောင်သွား တယ်ဆိုတဲ့ သတင်းအမှား
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
(Factcheck/ DNA/ The Red Flag/ MFCN)
☑️အနှစ်ချုပ်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာမှာနေထိုင်တဲ့ အသက် ၆၀ နှစ်အရွယ်မျိုးသမီးတဦးကို ဝက်လက် PDF အဖွဲ့က သတ်ဖြတ်ပြီးတော့ ရွှေ၊ ငွေတွေကို လုယက်ယူဆောင်သွားတယ်ဆိုတဲ့သတင်း လူမှုကွန်ယက်မှာ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။ ဒီသတင်းကို DNA က စစ်ဆေးကြည့်တဲ့အခါ နားလည်မှုလွဲမှားအောင်ဖန်တီးရေးသားထားတဲ့ သတင်းမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
☑️ဖြန့်ဝေတဲ့အကြောင်းအရာ
“ PDF ဓားပြအကြမ်းဖက်တွေ ယုတ်မာကြပြန်ပြီ…ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်၊ အုတ်ပုံကျေးရွာမှာ နေထိုင်နေတဲ့ အဘွားအိုတစ်ဦးကို ဝက်လက် PDF အကြမ်းဖက်တွေ က လူမဆန်စွာသတ်ဖြတ်ပြီး နေအိမ်မှာရှိတဲ့ ရွှေတွေ၊ ငွေတွေကို လုယူသွားကြတယ်လို သိရပါတယ်၊ ဝက်လက်မှာ ပြည်သူတွေကို ဓားပြတိုက်လုယက် သတ်ဖြတ်နေတာ PDF တွေပဲရှိတယ်” လို့ ရေးသားကာ Ba Nyunt တယ်လီဂရန်ချန်နယ်က ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Ba Nyunt- https://archive.ph/PsvrS
ဒီအကြောင်းအရာကို အခြားလော်ဘီချန်နယ်တွေဖြစ်တဲ့ ကိုလှရွှေ(သတင်းမှန်)နဲ့ စစ်သွေးစတဲ့ တယ်လီဂရန် တွေကနေ ထပ်ဆင့်မျှဝေနေလို့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
ဆက်စပ်လင့်ခ်များ-
ကိုလှရွှေ(သတင်းမှန်)- https://archive.ph/v6dt4
စစ်သွေး- https://archive.ph/TVbti
ဒါအပြင် “၁၀-၁၁-၂၀၂၆ ရက်က ဝက်လက်မြိုနယ်၊ အုတ်ပုံကျေးရွာမှာ အေးချမ်းစွာနေထိုင်တဲ့ အမျိုးသမီး တဦးကို PDF အဖွဲဝင်တဦးက ဓားပြတိုက်၊ မုဒိမ်းကျင့်ကာ လည်လှီးသတ်ဖြတ်ခဲ့ပြီး ရွှေ၊ ငွေနဲ့ လက်ဝတ် ရတနာတွေကို ယူဆောင်ထွက်ပြေးခဲ့ပါတယ်။ ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးရာမှာ သေနတ်ဖောက်ပြီး လွတ်မြောက်သွားခဲ့ပါတယ်”လို့ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ စတင်ရေးသားဖြန့်ဝေခဲ့ပြီး အခြားလော် ဘီချန်နယ်တွေနဲ့ Tiktok တွေကနေ ကူးယူဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
မှိုင်းဝေ- https://archive.ph/Yysji
ဆက်စပ်လင့်ခ်များ-
D.I Thameedaw- https://archive.ph/trz4K
K S News- https://archive.ph/qnO4z
Lamin Ko KoTiktok- https://archive.ph/FveXH
ရဲထွဋ်အမျိုးသားရေးဝါဒီ Tiktok- https://shorturl.at/dOXPT
ဒီအကြောင်းအရာကို Delta News Agency က စစ်ဆေးကြည့်တဲ့အခါ “ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာ မှာ အသက် ၆၀ ကျော်အရွယ် ဒေါ်ဌေးမှီကို လူတစုက ဓါးမြတိုက်သတ်ဖြတ်သွားခဲ့တာ အမှန်ဖြစ်ပြီး မည်သူ မည်ဝါကျူးလွန်ခဲ့တယ်ဆိုတာ စစ်ဆေးနေဆဲဖြစ်ကာ PDF တွေက ဓါးမြတိုက်မုဒိမ်းကျင့်ခဲ့တယ်ဆိုတာ သတင်းမှားဖြစ်တာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
“ နိုဝင်ဘာ ၁၀ ရက်နေ့ည ၇ နာရီခန့်မှာ ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာနေ အသက် ၆၀ ကျော် ဒေါ်ဌေးမှီ ရဲ့ နေအိမ်ကို လူတစုက ဝင်ရောက်ဓါးပြတိုက်သတ်ဖြတ်သွားခဲ့ရာ ငွေကျပ် ၂၇၀၀၀၀ နဲ့ သူဝတ်ဆင်ထားတဲ့ ရွှေသုံးကျပ်သား စုစုပေါင်း ငွေကျပ် သိန်း ၃၀၀ ကျော်ပါသွားခဲ့လို့ သက်ဆိုင်ရာမြို့နယ် ပကဖ၊ ပလဖတွေက တရားခံတွေ ဖမ်းဆီးရမိရေး စုံစမ်းနေကြတယ်လို့ သိရပါတယ်။
လူသတ်ဓားပြမှုဖြစ်ခဲ့တဲ့ အုတ်ပုံကျေးရွာဟာ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က ကျေးရွာဖြစ်ပြီး ရွှေဘိုမြို့နယ် ပလိုင်းပျူစောထီး ကျေးရွာနဲ့ တမိုင်ကျော်ခန့်သာ ဝေးတဲ့ ကျေးရွာဖြစ်လို့ ပျူစောထီးအဖွဲ့ တွေ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းနေကြတယ်လို့ သိရပါတယ်” ဆိုပြီး မြေလတ်အသံ က ရေးသားထားတာကို တွေ့ရပါတယ်။
မြေလတ်အသံ- https://archive.ph/Sl1bk
“ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့ညက ဓားပြတိုက် လူသတ်မှု ဖြစ်ပွားခဲ့ပြီး အသက် ၆၀ အရွယ်ဒေါ်ဌေးမှီရဲ့လည်ပင်းကို ဓါးနဲ့လှီးသတ်ကာ ရွှေ ၃ ကျပ်သားနဲ့ ငွေ ၂၇၀,၀၀၀ ယူဆောင်သွားမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို မမိသေးပါဘူးလို့ ဝက်လက်မြို့နယ်ပြန်ကြား ရေး တာဝန်ခံ ကိုဇော်လင်းနိုင်က ပြောပါတယ်”လို့ DVB က ရေးသားထားတာကို တွေ့ရပါတယ်။
ဒါအပြင်“အဓမ္မပြုကျင့်တာမရှိဘဲ ရွှေဘိုဝက်လက် အစပ်ကကျေးရွာဖြစ်လို့ ဘယ်အဖွဲ့ကဓားပြတိုက်တယ် ဆိုတာမသိရဘူး၊ မြို့နယ်အဖွဲ့က ဓားပြတိုက်လူသတ်တယ်လို့ပဲ မှတ်ချက်ပေးထားပါတယ်”လို့ ဒေသခံ တဦးကိုမေးမြန်းရာ ပြောကြားခဲ့တဲ့အတွက် အသက် ၆၀ အရွယ်ဒေါ်ဌေးမှီဟာ ဓားပြတိုက်ခံရပြီး အသတ်ခံ ရတယ်ဆိုတာ မှန်ပေမဲ့ PDF တွေက ဓားပြတိုက်အဓမ္မပြုကျင့်ကာ သတ်သွားခဲ့တယ်ဆိုတာ သတင်းမှား ဖြစ်တယ်လို့ DVB Fact Check ကအချက်အလက်စိစစ်ထားတာကိုတွေ့ရပါတယ်။
DVB Fact Check- https://h1.nu/1C7GC
☑️သုံးသပ်ချက်
မြေလတ်အသံရဲ့ရေးသားချက်မှာ ဓါးပြတိုက်သတ်ဖြတ်ပြီး ရွှေငွေကျပ် သိန်း ၃၀၀ ဖိုးခန့်လုယက်သွားတယ် လို့ ရေးသားထားပြီး မုဒိမ်းကျင့်ခဲ့တယ်လို့ ရေးသားထားခြင်းမရှိတဲ့အပြင် PDF တွေလို့ထည့်သွင်းရေးသား မှုမရှိဘဲ ပျူစောထီးရွာနဲ့နီးလို့ ပျူစောထီးတွေလက်ချက်လို့ခန့်မှန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။
မြေလတ်အသံရဲ့သတင်းဓါတ်ပုံမှာ အသုံးပြုထားတဲ့ပုံဟာ “နိုဝင်ဘာလ ၂ ရက်က စစ်အုပ်စုကပစ်ခတ်ခဲ့လို့ မူးမြစ်အရှေ့ဘက်မှာ ရွှေကျင်နေချိန်ထိမှန်သေဆုံးသွားခဲ့တဲ့ မဝါဝါမိုး(၃၅)နှစ်ရဲ့ ဓါတ်ပုံဖြစ်တယ်ဆိုတာ မောင်း သတင်းဌာနမှာ ရေးသားထားတဲ့ပုံနဲ့တူညီနေတာကို တွေ့ရပါတယ်။
မောင်း- https://archive.ph/4suyN
ဒါကြောင့် ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာမှာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က အသက် ၆၀ ကျော်အရွယ် ဒေါ်ဌေးမှီဟာ ဓါးပြတိုက်လုယက်သတ်ဖြတ်ခံခဲ့ရတာမှန်ပေမဲ့ ကျူးလွန်သူတွေဟာ PDF တွေ ဖြစ်တယ်ဆိုတာနဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တယ်ဆိုတာ သတင်းမှားဖြစ်ပြီး ကျူးလွန်သူကို စုံစမ်းနေဆဲသာ ဖြစ်ပါတယ်။
အုတ်ပုံကျေးရွာဟာ ရွှေဘိုမြို့နယ်က ပလိုင်းပျူစောထီးကျေးရွာနဲ့တမိုင်ကျော်ခန့်သာကွာဝေးလို့ ပျူစောထီး အဖွဲ့တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုပြီး ဒေသကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတွေက ခန့်မှန်းခဲ့ကြ သလို စစ်အုပ်စုလော်ဘီတွေက PDF တွေ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲရေးသားခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork