လှိုင်သာယာရှိ ကျူးကျော်နေအိမ်တွေကို တစ်ပတ်အတွင်းဖယ်ရှားပေးဖို့ စစ်အုပ်စုအမိန့်ပေး

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။

လှိုင်သာယာမြို့နယ် ရှမ်းချောင်းကျေးရွာအတွင်းမှာရှိတဲ့ ကျူးကျော်နေအိမ်တွေကို ဖယ်ရှားပေးဖို့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေ၊ ဆိုင်ခန်းငယ်တွေကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပေးဖို့ စည်ပင်သာယာရေးအဖွဲ့က အောက်တိုဘာလ ၁၅ရက်နေ့မှာ အကြောင်းကြားစာ ပေးပို့ခဲ့တာလို့ သိရပါတယ်။

“တစ်ပတ်အတွင်းဖယ်ရမယ်ဆိုတော့ နေစရာပြောင်းစရာမရှိဘူး၊ အခုလိုအချိန်မှာ ဘယ်နားသွားနေပြီး ဘာလုပ်စားရမှာလဲ ဒီနားမှာဆို ဖယ်ပေးရမှာ အိမ် ၃၀၀လောက်ရှိတယ်၊ အကုန်လုံးက တစ်နေ့လုပ်တစ်နေ့စားအဖြစ်တောင် မနည်းရှင်သန်နေရတာ၊ ဘာလုပ်ရမှန်းကို အခုထိမသိကြဘူး၊ မိုးတွေကလဲ ရွာနေသေးတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပအစိုရ လက်ထက်မှာလည်း ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်တွေကို ဖယ်ရှားစေပြီး ပြန်လည် နေရာချထားပေးဖို့ စီစဉ်ဆောင်ရွက်ခဲ့ဖူးတယ်။