ကျောက်တန်းက Mytelတာဝါတိုင် ဖောက်ခွဲခံရ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊တာပကျေးရွာက စစ်အုပ်စုပိုင်Mytelတာဝါတိုင်ကို ယမန်နေ့ညပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

အဲဒီဖောက်ခွဲမှုကို ကျောက်တန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)နဲ့ သုံးခွမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(TYF)တို့ပူးပေါင်းဖောက်ခွဲခဲ့တာလို့ KPDFကထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ အိတ်ကတ်ကို ဖြည့်တင်းပေးနေတဲ့ စီးပွားရေးဒေါင့်တိုင်တွေကို တစ်တိုင်ပြီးတစ်တိုင် ဆက်ဖြိုသွား ဦးမယ်လို့ TYFကဆိုပါတယ်။

‘ကျွန်တော်တို့ကြားရသလောက် တာပတာဝါတိုင် လုံးဝပျက်သွားတယ်တဲ့။အခုလိုမြို့နယ်ချင်းဆက်မြို့တွေအနေနဲ့ ဒေသခံပြောက်ကျားတွေပူးပေါင်းပြီး တိုက်ပွဲဝင်တာ ပိုအားကောင်းတဲ့ရလဒ်တွေထွက်ပေါ်လာမယ်လို့ထင်တယ်’ လို့ သုံးခွမြို့၂ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ခရမ်း၊သုံးခွ၊သန်လျင်နဲ့ကျောက်တန်းတို့ဟာ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်ထဲက မြို့နယ်ချင်းဆက် မြို့တွေဖြစ်ပါ တယ်။

တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်းနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ဟာလည်း နယ်ချင်းဆက် မြို့နယ်တွေဖြစ်ပါတယ်။

‘ကျွန်တော်တို့ နယ်ချင်းဆက်၅မြို့နယ်က ပြောက်ကျားတွေကလည်း အားလုံးချိတ်ဆက်ပြီး ပူးပေါင်းတိုက်ပွဲဝင်ကြ တယ်’လို့ ဒလPDF ခေါင်းဆောင်တစ်ဦးကပြောပါတယ်။