ကျောက်တန်းကမီးပြရွာမှာ အကြမ်းဖက်စစ်သားချင်းပစ်ခတ်၊တစ်ဦးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ကျောက်တန်းမြို့နယ်၊မီးပြရွာမှာ အကြမ်းဖက်စစ်သားချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ် စခန်းချထားတဲ့ မီးပြရွာအတွင်းယမန်နေ့ နေ့ခင်း ၁၂ နာရီ ခွဲလောက်က အကြမ်းဖက်စစ်သား ချင်း ရန်ဖြစ်ကာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားတစ်ဦး ကျည်ထိမှန်ပြီး အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်းဆေးရုံရောက်ပြီးမကြာခင် သေဆုံးသွားခဲ့ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
မီးပြရွာအနီးရှိ ဇွဲဘာရွာသားတစ်ဦးက ‘မီးပြရွာဆိုတာက ပင်လယ်ဝနားဆိုတော့ စစ်ခွေးတွေ စခန်းလာချပြီး ဒုက္ခပေးနေတာ။ငါးဖမ်းလှေတွေ ငါးခြောက်ဆိုင်တွေ ဆီကနေ ဆက်ကြေးတောင်း၊ရွာသားတွေကို ရန်ရှာနဲ့ အခုသူတို့ချင်းဖြစ်တော့ သေတာအေးတာပေါ့’လို့ ဆိုပါတယ်။မီးပြရွာဟာ ငါးခြောက်ထွက်ရှိရာ ရွာကြီးတစ်ရွာဖြစ်ပြီး ကျောက်တန်းမြို့ တစ်ဖက်ကမ်းမှာ တည်ရှိပါတယ်။