သီလဝါစက်မှုဇုန် ဗုံးပေါက်
၂၂၊ ဩဂုတ်လ၊ ၂၀၂၁။
ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန် ဖွံဖြိုးရေးလမ်းနဲ့ ခြောက်လမ်းသွားလမ်းဆုံ အနီးမှာ ဩဂုတ်လ ၂၂ရက်နေ့ မနက် ၁၁နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
“လက်လုပ်ဗုံးလို့ပြောတယ် ဖုန်းနဲ့လှမ်းခွဲတာမျိုးပေါ့ ရေမြောင်းဘေးမှာ ပေါက်တာမို့ ဘာမှတော့ သိပ်မထိသွားဘူး၊
စစ်တပ်က လာသိမ်းသွားတယ်”လို့ အနီးဝန်းကျင်နေထိုင်သူတစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့မှာ ဩဂုတ်လဆန်းက စတင်ပြီး ပေါက်ကွဲမှု ပစ်ခတ်မှုတွေ နေရာအနှံ့မှာဖြစ်ပေါ်နေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း နေရာအနှံ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေပါတယ်။
Tags: ကျောက်တန်း ရန်ကုန်တိုင်း