မနက်ဖြန် ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့ ရေပြတ်မယ်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

ကုက္ကိုင်းရေလှောင်ကန်မှ ရွှေတိဂုံဘုရားရေလှောင်ကန်ကို ဆက်သွားထားတဲ့ ရေပို့ပိုက်မကြီးမှာ တပ်ဆင်ထားတဲ့ ရေဗားအချို့ကို အသစ်လဲလှယ်တပ်ဆင်ဖို့ ဩဂုတ်လ ၁၉ရက်နေ့ မနက် ၆နာရီကနေ ညနေ၆နာရီ အထိ ရေပေးဝေခြင်းပိတ်ပြီး ဆောင်ရွက်မှာဖြစ်တာကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ မနက်ဖြန် မနက် ၆နာရီကနေ ညနေ ၆နာရီအတွင်း ရေပြတ်လပ်မှုဖြစ်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားပါတယ်။

ရေပေးဝေရေး ယာယီပြတ်တောက်နိုင်တဲ့ မြို့နယ်တွေမှာ ဗဟန်း၊ အလုံ၊ ဒဂုံ၊ ကျောက်တံတား၊ လမ်းမတော်၊လသာ၊ ပန်းပဲတန်း၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ မင်္ဂတောင်ညွှန့်နဲ့ တာမွေမြို့နယ်တိုပါဝင်နေပြီး ရေပေးဝေမှု ယာယီမရပ်တန့်ခင် ရေပြတ်လပ်မှုတွေ မဖြစ်ပေါ်စေဖို့ ကြိုတင်ရေဖြည့်တင်းထားဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။