ဝပြည်နယ်တစ်ခုလုံး လော့ဒေါင်းချပြီး လူတိုင်းကို ကိုဗစ်စစ်ပေးမယ်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

‘ဝ’ပြည်နယ်တစ်ခုလုံးကို ဩဂုတ်လ ၁၈ရက်နေ့က စတင်ပြီးတော့ လော့ဒေါင်း ချလိုက်ပြီး ပြည်နယ်အတွင်းမှာရှိတဲ့ အမြဲတမ်းနေထိုင်နေတဲ့ပြည်သူတွေအားလုံးနဲ့ ယာယီရွေ့ပြောင်းနေထိုင်တဲ့ ပြည်သူတွေကိုပါ ကိုဗစ်အခမဲ့စစ်ဆေးဆောင်ရွက်သွားမယ်လို့ ပန်ခမ်းမြို Covid19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ကြေညာခဲ့ပါတယ်။

လော့ဒေါင်းကာလကို ၅ရက်တာ သတ်မှတ်ထားပြီး လော့ဒေါင်းကာလအတွင်းမှာ လမ်းအားလုံးကို ပိတ်ထားကာ လူတိုင်းကို ကိုဗစ်ရောဂါစစ်ဆေးပြီးနောက် လိုအပ်တဲ့ဆေးဝါးကုသမှုတွေ ပံ့ပိုးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

လော့ဒေါင်း ကာလအတွင်း အရေးပေါ်အကူညီတွေ လိုအပ်လာပါကလည်း ပန်းခမ်းအထူးမြို့နယ်အစိုးရအဖွဲ့ထံကို အကြောင်းကြား အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

 

Delta News Agency

Read Previous

မန္တလေး ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရပြီးသေ

Read Next

မနက်ဖြန် ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့ ရေပြတ်မယ်