ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၂၄)ဦးသေဆုံး

၈၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၈ရက်နေ့က ကိုဗစ်လူနာ (၂၄)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၃)ဦး ၊စစ်တပ်မဆရ(၄)ဆေးရုံက(၂)ဦး၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၉)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၁၄၉)ဦးအပါအ၀င် စုစုပေါင်း (၉၅၅)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

မတ္တရာမှာ လက်နက်​အ​မြောက်အများ ဖမ်းမိ

Read Next

ဒီနေ့ ရှမ်း-ကယားနယ်စပ်တိုက်ပွဲမှာ အကြမ်းဖက် စစ်သား ၁၀ယောက်ထက် မနည်းသေ