ကိုဗစ် ကပ်ရောဂါနဲ့ ပတ်သက်လို့ အရေးပေါ် အခြေအနေ ကြေညာထားမှုကို မေလ ၁၁ ရက်မှာ ရုပ်သိမ်းမယ်လို့ အမေရိကန် အစိုးရက ကြေညာလိုက်ပါတယ်။ ကမ္ဘာ့ ကပ်ရောဂါဆိုးကြီး အစပြုလာခဲ့ပြီး လူသန်းပေါင်းများစွာကို ကူးစက်ခဲ့ချိန်မှာ အမေရိကန် အစိုးရက ပြည်တွင်းမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားခဲ့ရတာပါ။ ၃ နှစ်နီးပါးလောက် အကြာမှာတော့ အဲဒီ ကြေညာချက်ကို ပြန်ရုပ်သိမ်းဖို့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရက ပြင်ဆင်လာခဲ့တာ…
Read Moreအိမ်နီးချင်း တရုတ်နိုင်ငံမှာ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့နောက် ပြည်သူတွေ အနေနဲ့ ကိုဗစ်ရောဂါ တားဆီးရေး အခြေခံ လမ်းညွှန်ချက်တွေကို ပြန်လည် အလေးထား လိုက်နာဖို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။ တရုတ်ဟာ လက်ရှိ အချိန်မှာ ကိုဗစ်ကူးစက်မှုတွေကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ယုံကြည်ရပါတယ်။ တရုတ် အစိုးရက ပြည်တွင်း ကူးစက်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ ပွင့်ပွင့်လင်းလင်း မထုတ်ပြန်ပေမယ့် အသေအပျောက်တွေ အတော်ဆိုးနေနိုင်တယ်လို့…
Read Moreလွန်ခဲ့တဲ့ ရက်သတ္တပတ် ၁၀ ပတ်အတွင်းမှာ ကူးစက်ကြောင်း စတင်တွေ့ခဲ့ရတဲ့ အိုမီခရွန်မျိုးစိတ် ကိုဗစ်-၁၉ ကူးစက်သူအရေအတွက်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သန်း ၉၀ ပြည့်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။ ဒီကူးစက်မှုနှုန်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၂၀ ပြည့်နှစ် တစ်ခုလုံးအတွင်း ကူးစက်မှုထက် ကျော်လွန်များပြားနေပါတယ်။ “ရောဂါခံစားရမှုအရ ယခင်ရောဂါပိုးမျိုးစိတ်တွေလောက် မပြင်းထန်ဘူးဆိုပြီး လျှော့မတွက်ကြဖို့လိုတယ်၊ ကမ္ဘာ့ဒေသပေါင်းများစွာမှာ စိုးရိမ်စရာဖြစ်လောက်အောင် သေဆုံးမှုနှုန်း မြင့်တက်နေတယ်”…
Read More၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုဗစ်ဗိုင်းရပ်စ် ကင်းစင်နေတယ်လို့ အာဏာပိုင်တွေက အသိပေးထားပေမယ့် ဒါဟာ လိမ်ညာမှုတစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယား ပြည်သူအချို့က ထုတ်ဖော်ဖွင့်ဟလာခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံတွင်း သတင်းအရင်းအမြစ်တချို့ကို RFA သတင်းဌာနက ကိုးကားဖော်ပြရာမှာ မြောက်ကိုရီးယားနိုင်ငံက ဆေးရုံတစ်ရုံမှာ ကိုဗစ်လက္ခဏာရှိနေတဲ့ လူ ၁၀ ဦးကို ပို့ဆောင်ပြီးနောက် အဲ့ဒီလူတွေသေဆုံးသွားတဲ့အခါမှာ အာဏာပိုင်တွေက သေဆုံးသတင်းကို အတုအယောင်ပြုလုပ်ခဲ့ပါတယ်။ လူနာတွေဟာ ကိုဗစ်နဲ့ သေဆုံးသွားပေမယ့် မြောက်ကိုရီးယားအာဏာပိုင်တွေကတော့ တခြားရောဂါတစ်ခုနဲ့ သေဆုံးသွားဟန်…
Read More၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ရာ မူလဇစ်မြစ်ကို ရှာဖွေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က သိပ္ပံနည်းကျ အကြံပေးအဖွဲ့တစ်ဖွဲ့ကို အမည်စာရင်းတင်သွင်းလိုက်ပါပြီ။ ဒီအဖွဲ့မှာ ပညာရှင်ပေါင်း ၂၆ ဦးပါဝင်မှာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံပေါင်း ၂၄ နိုင်ငံက ပညာရှင်တွေလည်း ပါဝင်နေပါတယ်။ အဖွဲ့သစ်အနေနဲ့ ကိုဗစ်ရောဂါ ဖြစ်ပေါ်ရာ ဇစ်မြစ်ကို ရှာဖွေဖို့ နောက်ဆုံး အခွင့်အလမ်းဖြစ်နိုင်ပြီး တစ်နှစ်ခွဲကျော်ကြာ အဖြေရှာဆဲ အခြေအနေဟာ အဆုံးသတ်ဖြစ်လာဖို့…
Read More၃၊ အောက်တိုဘာလ၊ ၂၀၂၁။ တကမ္ဘာလုံးမှာ COVID 19 ကပ်ရောဂါကြောင့်သေဆုံးသူဦးရေ ၅သန်းကျော်လာပြီလို့ Reuters သတင်းဌာနက စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ တချိန်တည်းမှာပဲ အားပြင်းတဲ့ ကိုဗစ်မျိုးကွဲသစ် Dalta ဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးမ ထိုးရသေးသူ တော်တော်များများဆီကို ထိတွေ့ကူးစက်နေတာလည်း ဖြစ်ပါတယ်။ သေဆုံးမှုနှုန်းရဲ့ ထက်ဝက်ခန့်က အမေရိကန် ၊ ရုရှား ၊ ဘရာဇီး၊ မက္ကဆီကိုနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေက ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။…
Read More၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စင်ကာပူနိုင်ငံမှာ ကိုဗစ်ကူးစက်မှုအသစ် သုံးထောင်နီးပါးလောက် ထပ်ဖြစ်နေပြီး သေဆုံးသူ ၁၀၃ ဦးရှိလာပြီဖြစ်တယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ အသက် ၆၆ နှစ်နဲ့ ၉၆ နှစ်ကြားရှိတဲ့ စင်ကာပူနိုင်ငံသား ၈ ဦးကတော့ ကိုဗစ်နဲ့ ဆက်နွယ်တဲံ့ ရောဂါတွေကြောင့် သေဆုံးခဲ့ရတာလို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ ဒီထဲမှာ အလုံးစုံကိုဗစ်ဆေးထိုးပြီးထားတဲ့သူ ၂ ဦး၊ တစ်ကြိမ်ထိုးပြီးထားသူ ၂…
Read More၂၈၊ စက်တင်ဘာလ၊ ၂၀၂၁။ ဂျပန်ပန်နိုင်ငံဟာ ကိုဗစ်ကာလမှာ ချမှတ်ထားတဲ့ အရေးပေါ် အခြေအနေတွေကို မကြာခင်မှာ ပြန်လည်ရုပ်သိမ်းသွားတော့မှာပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ လက်ရှိ ကိုဗစ်ကာကွယ်ရေးအခြေအနေတွေဟာ ကောင်းမွန်လာတဲ့အပြင် ပုံမှန်လူမှုဘဝ ပုံစံအတိုင်းပြန်လည်နေထိုင်လို့ ရနိုင်တဲ့ အခြေအနေကို ရောက်ရှိလာခဲ့တာပါ။ ကိုဗစ်ကူးစက်မှုတွေဟာ ပိုမိုနှေးကွေးသွားခဲ့ပြီး နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း ပုံမှန်တိုင်း လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဆူဂါက”အရေးပေါ်အခြေအနေတွေဟာ လာမယ့် ကြာသပတေးနေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရှိနေသေးပေမယ့် ကနေ့စဉ်လူမှုဘဝကို ပြန်လည်စတင်ဖို့ ကန့်သတ်ချက်တွေကို တဖြည်းဖြည်း…
Read More၂၁၊ စက်တင်ဘာလ၊ ၂၀၂၁။ လာအိုနိုင်ငံမှာ တွေ့ရှိထားတဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ လက်ရှိကမ္ဘာအနှံ့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇနဲ့ အနီးစပ်ဆုံး တူညီနေတယ်လို့ လာအိုနဲ့ ပြင်သစ် သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရ သိရပါတယ်။ လင်းနို့ဗိုင်းရပ်စ်တွေလို့ အမည်ရတဲ့ ဒီဗိုင်းရပ်စ်အမျိုးအစားဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါရဲ့ ရှေးပြေးဗိုင်းရပ်စ်တွေလို့တောင် ပြောဆိုလို့ရတဲ့အထိ အနီးစပ်ဆုံး တူညီနေခဲ့တာပါ။ သုတေသနပညာရှင်တွေဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းက အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇနမူနာတွေကို စုဆောင်းခဲ့ကြတာဖြစ်ပြီး အမျိုးအစား ၃…
Read More၂၊ စက်တင်ဘာလ၊ ၂၀၂၁။ COVID-19 မျိုးဗီဇကွဲ MU(မူ) လို့ခေါ်တဲ့ မျိုးကွဲသစ်ဟာ ဂျပန်နိုင်ငံမှာလည်း တွေ့ရှိနေပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ လက်ရှိမှာတော့ MU(မူ) မျိုးကွဲသစ် တွေ့ရှိနေတဲ့ နိုင်ငံပေါင်း အနည်းဆုံး (၃၉) နိုင်ငံအထိ ရှိလာပြီဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနကတော့ MU(မူ) မျိုးကွဲသစ်ကို နိုင်ငံတွင်း လေဆိပ် (၂) ခုဆီ ရောက်လာတဲ့…
Read More