အိုမီခရွန်မျိုးစိတ်ကူးစက်မှု ရက်သတ္တပတ် ၁၀ ပတ်အတွင်း သိသိသာသာ များလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သုံးသပ်

လွန်ခဲ့တဲ့ ရက်သတ္တပတ် ၁၀ ပတ်အတွင်းမှာ ကူးစက်ကြောင်း စတင်တွေ့ခဲ့ရတဲ့ အိုမီခရွန်မျိုးစိတ် ကိုဗစ်-၁၉ ကူးစက်သူအရေအတွက်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သန်း ၉၀ ပြည့်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။
ဒီကူးစက်မှုနှုန်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၂၀ ပြည့်နှစ် တစ်ခုလုံးအတွင်း ကူးစက်မှုထက် ကျော်လွန်များပြားနေပါတယ်။
“ရောဂါခံစားရမှုအရ ယခင်ရောဂါပိုးမျိုးစိတ်တွေလောက် မပြင်းထန်ဘူးဆိုပြီး လျှော့မတွက်ကြဖို့လိုတယ်၊ ကမ္ဘာ့ဒေသပေါင်းများစွာမှာ စိုးရိမ်စရာဖြစ်လောက်အောင် သေဆုံးမှုနှုန်း မြင့်တက်နေတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယာ့စ်က သတိပေးပါတယ်။
ကူးစက်နှုန်းမြင့်မားပြီး ရောဂါပြင်းထန်းမှု သိပ်မရှိပါဘူးဆိုတဲ့ အပြောအဆိုတွေကြောင့် နိုင်ငံအများအပြားမှာ ရောဂါကြိုတင်ကာကွယ်ရေး အစီအမံတွေကို ဖယ်ရှားလာကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကပ်ရောဂါဖြစ်စဉ် အနှစ်ချုပ်သုံးသပ်ချက်ထဲမှာ ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။
ကမ္ဘာ့ဒေသကြီး ခြောက်ခုရှိတဲ့အနက် လေးခုမှာ သေဆုံးမှုနန်းတက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။