ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၆)ဦးသေဆုံး

၁ ၊ သြဂုတ်လ ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁ရက်နေ့က ကိုဗစ်လူနာ (၁၆)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၁)ဦး ၊ စစ်တပ်မဆရ(၄)ဆေးရုံက (၁)ဦး ၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၄)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး ဒီနေ့သေဆုံးသူ (၁၆)ဦးအပါအ၀င် စုစုပေါင်း (၈၂၆)ဦးထိရှိလာပြီ ဖြစ်ပါတယ်။