ဒေါက်တာသန်းမင်းထွဋ်ကို ဒီမနက် ၄ နာရီကတည်းက လွှတ်လိုက်ပြီ

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို ဒီနေ့မနက် အစောပိုင်း ၄နာရီက ပုသိမ်ထောင်ကနေလွှတ်ပေးလိုက်တယ်လို့ ထောင်၀န်ထမ်းတစ်ဦးက Delta News Agency ကိုပြောပါတယ်။
မနေ့က ညကတည်းက ကားတစီးကိုထောင်ရှေ့မှာ အဆင်သင့်ပြင်ထားတာဖြစ်ပြီး မနက်လွှတ်ချိန်မှာ လူစုလူဝေးဖြစ်မှာ စိုးတဲ့အတွက် ခုလိုစီစဥ်တာဖြစ်မယ်လို့ ထောင်ဝန်ထမ်းက ပြောပါတယ်။
ဆရာကြီးဒေါက်တာသန်းမင်းထွဋ် မိသားစုကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အမှုကို လိုက်ပါကူညီဆောင်ရွက်သူတွေထဲက တစ်ဦးကတော့ ပြန်လွတ်လာတာကို အတည်ပြုပေးခဲ့ပါတယ်။
ဒါ့အပြင် ဆရာကြီးဒေါက်တာသန်းမင်းထွဋ် ကို လွှတ်ပေးပြီးနောက် နေပြည်တော်ကို တန်းခေါ်သွားတယ်လို့လည်း သတင်းထွက်နေပေမယ့် အတည်ပြုချက်ရဖို့ ကြိုးစားနေစဲပါ။

Delta News

Read Previous

ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၆)ဦးသေဆုံး

Read Next

ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၂၄)ဦးသေဆုံး