ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၂၄)ဦးသေဆုံး

၂ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ပုသိမ်မြို့မှာ သြဂုတ်လ ၂ရက်နေ့က ကိုဗစ်လူနာ (၂၄)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၈)ဦး ၊ စစ်တပ်မဆရ(၄)ဆေးရုံက (၁)ဦး ၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၅)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး ဒီနေ့နှစ်ရက်အတွင်းသေဆုံးသူ (၄၀)ဦးအပါအ၀င် စုစုပေါင်း (၈၅၀)ဦးထိရှိလာပြီ ဖြစ်ပါတယ်။