ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၅ဦးသေဆုံး

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၁ရက်နေ့က ကိုဗစ်လူနာ (၅)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၃)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၇၇)ဦးအပါအ၀င် စုစုပေါင်း (၁၀၈၇)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအတွင်းရေးမှုးချုပ်ဆီ မြန်မာ့အရေး အစီရင်ခံစာ ပေးပို့

Read Next

နွေဦးတော်လှန်ရေးကဗျာ ခံစားမှုပြပွဲ ကျင်းပမယ်