နွေဦးတော်လှန်ရေးကဗျာ ခံစားမှုပြပွဲ ကျင်းပမယ်

၂၁ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ မြန်မာနိုင်ငံသား မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်တဲ့ နွေဦးတော်လှန်ရေးကဗျာ ခံစားမှုပြပွဲကို Federal Freedom Bloc နှင့် Synergy Social Harmony Organization တို့ပူးပေါင်းပြီးတော့ ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပက်သက်တဲ့ကဗျာတွေကို ကဗျာဆရာတစ်ဦးလျှင် သုံးပုဒ်အထိ ရေးသားကာ federalfreedombloc2021@gmail.com ကို ဩဂုတ်လ ၂၂ရက်နေ့ကနေ ၂၉ရက်နေ့အတွင်း ပေးပို့ရမှာ ဖြစ်ပြီး

ဆုရရှိသူတွေကို စက်တင်ဘာလ ၁ရက်နေ့မှာ Federal Freedom Bloc Facebook စာမျက်နှာကနေ ကြေညာပေးသွားမှာဖြစ်ပါတယ်။

ဆုကြေးတွေအနေနဲ့ ပထမ တစ်သိန်းကျပ်ကနေ နှစ်သိမ့်ဆုအထိ ဆုပေါင်း ၇အထိ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။