အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းတွေက မြန်မာစစ်ဘေးရှောင်တွေကို ယာယီနေထိုင်ခွင့်ပြုဖို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုရာမှာ ဝန်ကြီးချုပ်က သဘောတူခဲ့တယ်လို့ စစ်ရှောင်တွေဆီက သိရပါ တယ်။ ” စစ်ရှောင်ကတ်ထုတ်ပေးပြီးရင်တော့ မီဇိုရမ်ပြည် နယ်မှာလို နေထိုင်လို့ရတော့မယ်” လို့ မြန်မာစစ်ရှောင်တဦးက ပြောပါတယ်။ ချင်းပြည်နယ်နဲ့ဆက် စပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အစိုးရက စစ်အာဏာသိမ်းကတည်းက မြန်မာစစ်ရှောင်တွေကို နေထိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။ မဏိပူရ်ကတော့မီဇိုရမ်ပြည်နယ်နဲ့ထိစပ်တဲ့ဒေသတခုဖြစ်သလိုမြန်မာဘက်က ကလေး၊ မော် လိုက်၊ တမူး…
Read More၃၁၊ အောက်တိုဘာလ၊ ၂၀၂၁။ ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၁၀ကျော်ကို အောက်တိုဘာလ ၃၀ရက်နေ့ တနေ့တည်း ဖမ်းမိခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ အနောက်ဘက် ကန်ချနာပူရီပြည်နယ်ထဲမှာ နယ်စပ်ကနေ ဝင်လာတဲ့ မြန်မာအုပ်စု ၃စုကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့တာပါ။ သူတို့ဟာ ပဲခူး ၊ မော်လမြိုင် ၊ မန္တလေး စတဲ့မြို့တွေကနေ လာရောက်ကြတာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ အလုပ်ရဖို့အတွက်…
Read More၃၊ အောက်တိုဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဆိုက်နေပြီလို့ ကုလသမဂ္ဂကထုတ်ပြန်ပါတယ်။ ဖေဖေါ်၀ါရီ၁ရက်နေ့၊အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် လူပေါင်းနှစ်သိန်းလေးသောင်းနီးပါး နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ UNOCHA(ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး)က အခုရက်ပိုင်းအတွင်းထုတ်ပြန်ခဲ့တာပါ။ မကွေး၊တိုင်း၊စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာလူတွေထွက်ပြေးနေရတဲ့အ တွက်အကူအညီတွေပိုလိုလာနေပြီလို့ထုတ်ပြန်ထားပါတယ်။ အကူအညီပေးရေးအဖွဲ့တွေဟာ သွားခွင့်မရ တာ ကြောင့် ထွက်ပြေးနေရတဲ့လူ ဘယ်လောက်ရှိတယ်ဆို တာကို အတိအကျပြောနိုင်ဖို့ခက်တယ်လို့ဆိုပါတယ်။ အကြမ်းဖက်မှုတွေ ပိုဆိုးဝါးလာတဲ့ မကွေးတိုင်းကမြို့နယ်တွေမှာ ခန့်မှန်းလူပေါင်း ၆၃,၀၀၀နဲ့ စစ်ကိုင်းတိုင်း မှာ ၁၂,၀၀၀ ထွက်ပြေးနေရတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ…
Read More၂၅၊ စက်တင်ဘာလ၊ ၂၀၂၁။ မြန်မာစစ်တပ်ဟာ ကမ္ဘာပေါ်မှာကိုယ့်ပြည်တွင်းက မြို့ရွာတွေကို ပြန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့လို့ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ ပြောကြားလိုက်ပါတယ်။ PDFလို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုတော့ ကြီးမားတဲ့စစ်တပ်ကို ဆန့်ကျင်တော်လှန်ရေးနဲ့ ခြုံခိုတိုက်ခိုက်နေတဲ့အဖွဲ့တွေလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် တွမ်အန်ဒရူးက ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနော် စစ်အုပ်စုရဲ့အကြမ်းဖက်မှုကြောင့် ပြည်သူ ၁၁၀၀ကျော် သေဆုံးခဲ့ရပြီး၈၀၀၀ကျော်ကိုဖမ်းဆီး ထိန်းသိမ်းခဲ့သလို ပြည်သူနှစ်သိန်းခွဲနီးပါး အဓမ္မနေရာ ပြောင်းရွှေ့ခံခဲ့ကြရပါတယ်။…
Read More၁၄၊ စက်တင်ဘာလ၊ ၂၀၂၁။ ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ စက်တင်ဘာလ ၁၃ရက်နေ့က ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ်ကို ဓားပြတိုက်မှုမှာ ကျူလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးရမိတယ်လို့ အကြမ်းဖက်စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘဏ်ဝန်ထမ်း ၅ဦးနဲ့အတူ ငွေကျပ် ၄ဘီလီယံသယ်ဆောင်လာတဲ့ ငွေသယ်ယာဉ်ကို ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် ၂၅/၅နေရာမှာ ယာဉ်ထိန်းရဲဝတ်စုံဝတ်ဆင်ထားသူတစ်ဦး၊ ရဲဝတ်စုံဝတ်ဆင်ထားသူတစ်ဦးနဲ့ အရပ်ဝတ်တွေ ဝတ်ဆင်ထားသူ ငါးဦးက လက်နက်တွေနဲ့ ယာဉ်ကိုစစ်ဆေးဖို့ ရပ်တန့်ခိုင်းပြီးနောက် ဓားပြတိုက်သွားတာလို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ…
Read More၁၂၊ စက်တင်ဘာလ၊ ၂၀၂၁။ ဖေဖော်ဝါရီ (၁)ရက်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ (၁၀၈၀)ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့ စက်တင်ဘာ (၁၁)ရက်က ထုတ်ပြန်ပါတယ်။ သေဆုံးသူစာရင်းမှာ တနင်္သာရီတိုင်းလောင်းလုံမြိုနယ်နဲ့ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တို့က သေဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ (၁၈)ဦးရဲ့ အချက်အလက်တွေပါ ပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ သေဆုံးမှုတွေအပြင် ဖမ်းဆီးခံရသူ (၆၃၉၈)ဦးရှိပြီး အဲ့ဒီထဲက (၂၇၂)ဦးကတော့ထောင်ဒဏ်သတ်မှတ်ခံ ထားရပါတယ်။ အပြစ်ဒဏ်ကျခံရသူတွေထဲမှာ…
Read More၁၁၊ စက်တင်ဘာလ ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ ဝယ်ယူသူမရှိတဲ့ အောင်ဘာလေထီကို Online ကနေတဆင့် ရောင်းချဖို့အတွက် စစ်အုပ်စုက နည်းပညာပံ့ပိုးနိုင်တဲ့ အဖွဲ့တွေကို အဆိုပြုလွှာခေါ်ယူနေပါတယ်။ စစ်အုပ်စုကို တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိစေမဲ့ အောင်ဘာလေထီကို ပြည်သူတွေက ဝယ်ယူခြင်းမရှိတာကြောင့် စစ်အုပ်စုက သူတို့လက်အောက်ခံ ဌာနဆိုင်ရာတွေကို မဝယ်မနေရ အချိုးကျခွဲတမ်းနဲ့ ရောင်းချခဲ့ပေမဲ့ အောင်မြင်မှုမရှိခဲ့ပါဘူး။ “အပြင်မှာရောင်းလို့ Onlineက ရောင်းလို့နဲ့မဆိုင်ဘူး အဓိက တစ်အချက်က ထီရောင်းရငွေရဲ့ အချိုးအစားတစ်ခုကို…
Read More၂ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။ ပေါင်မြို့နယ်ကတိုက်ကျေးရွာအုပ်စု အောင်သစ္စာအောင်မေတ္တာရပ်ကွက်နေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်သူ မအိသွယ်မိုးကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၁ရက်နေ့ ည ၁၀နာရီကျော်က အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။ ကိုယ်ဝန် ၅လရှိပြီး အသက် (၄)နှစ်အရွယ်ကလေးငယ်တစ်ဦးပါရှိတဲ့ မအိသွယ်မိုး အသက် (၂၇)နှစ်ဟာ ခင်ပွန်းဖြစ်သူ ကိုမင်းနေလွင် ငါးရှာထွက်သွားတာကို အိမ်နီးချင်း မိတ်ဆွေတွေအိမ်မှာ စောင့်နေချိန် အခုလိဖြစ်ပွားခဲ့တာပါ။ ခင်ပွန်းဖြစ်သူ ပြန်လာချိန် ထွက်ကြိုခဲ့စဉ်မှာ…
Read More၂ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲကို လာမယ့်နှစ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက စက်တင်ဘာ ၁ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ်တတိယလှိုင်း အခြေအနေတွေကြောင့် အမှတ်ပေးပြိုင်ပွဲနဲ့ ရှုံးထွက်ပြိုင်ပွဲတွေကို ဒီနှစ်မှာ မကျင်းပနိုင်တော့ဘဲ မြန်မာနေရှင်နယ်လိဂ် ကော်မတီနဲ့ ပြိုင်ပွဲဝင်ကလပ်အသင်းတွေ အားလုံး ညှိနှိုင်းဆွေးနွေးပြီးနောက် အခုလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘောလုံးရာသီကို မူလက အခုနှစ်ရဲ့ ဧပြီ(သို့)…
Read More၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။ မြန်မာနိုင်ငံမှာ စစ်အာဏာ၏သိမ်းပြီးနောက်ပိုင်း အီတလီနိုင်ငံဟာ အီးယူရဲ့ တားမြစ်ပိတ်ပင်မှုတွေကို ဂရုမပြုဘဲ မှောင်ခိုရောင်းဝယ်မှုကနေ မြန်မာ့သစ်တွေကို ဝယ်ယူတင်သွင်းခဲ့တယ်လို့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA)က ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အီတလီနိုင်ငံသားကုန်သည် (၂၇) ဦးဟာ မြန်မာ့ကျွန်းသစ်ထုတ်ကုန်တွေကို တင်သွင်းခဲ့တယ်လို့ဆိုပြီး ၁၈ ရှစ်လကြာ EIAရဲ့ စုံစမ်း စစ်ဆေးမှုမှာ…
Read More