ဖနွမ်းပင်မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ဝဏ္ဏမောင်လွင် တက်ခွင့်မရ

အခုလလယ် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာအကြမ်းဖက်စစ်အုပ်စုဝင်ကို ဖိတ်ကြားမှာမဟုတ်ဘူးလို့သိရပါတယ်။
ဖနွမ်းပင်မြိို့ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးကို မြန်မာစစ်အုပ်စုခန့် နိုင်ငံခြား ရေးဝန်ကြီးဝဏ္ဏမောင်လွင်ကိုဖိတ်ကြားဖို့ အားလုံးရဲ့သဘောတူညီချက်မရတာကြောင့် ဖြစ်တယ်လို့ မ္ဘောဒီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Chum Sounry ကပြောကြောင်း VOA ကဖော်ပြပါတယ်။
ဖနွမ်းပင်မြို့မှာ ဖေဖေါ်ဝါရီလ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမယ့်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးဟာ ၂၀၂၂ခုနှစ်အတွက်ပထမဆုံးအကြိမ်ကျင်းပမယ့်အစည်း အ ဝေးဖြစ်တာကြောင့် အရေးပါတဲ့စည်းဝေးပွဲဖြစ်ပါတယ်။
ဇန်နဝါရီလဆန်းပိုင်းက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးမင်းအောင်လှိုင် နဲ့တွေ့ဆုံခဲ့ကာ အာဆီယံအစည်းအဝေးတွေမှာ စစ်အုပ်စုခေါင်းဆောင်တွေကို ဖိတ်ကြားဖို့လိုတယ်လို့ လေသံပစ်ခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံကြီးတွေဖြစ်တဲ့ အင်ဒိုနီးရှား၊မလေးရှား၊စင်ကာပူနဲ့ဖိလစ်ပိုင်တို့ကအာဆီယံမူ၅ရပ်ကို ဖော်ဆောင်မှုမရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့ပြီးနောက် အခုလို မြန်မာစစ်အုပ်စုကိုမဖိတ်ဖို့ ကမ္ဘောဒီးယားအစိုးရရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။
ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးကိုကိုယ်စားမပြုတဲ့ ဝန်ထမ်းကိုယ်စားလှယ်ကိုသာ စေလွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ Chum Sounry က ပြောကြောင်းVOAသတင်းကဖော်ပြပါတယ်။