ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၇ဦးသေဆုံး 

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၉ရက်နေ့က ကိုဗစ်လူနာ (၇)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာပုသိမ်ဆေးရုံက နေသေဆုံးသူ၁ဦးနဲ့နေအိမ်တွေကနေသေဆုံးသူ၆ဦးဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၃၁၄)ဦးအပါအ၀င် စုစုပေါင်း (၁၁၂၄)ဦးထိရှိလာပြီ ဖြစ်ပါတယ်။