ကိုဗစ်အရေးပေါ် ကြေညာချက်တွေကို ဂျပန်ပြန်ရုပ်သိမ်းတော့မယ်

၂၈၊ စက်တင်ဘာလ၊ ၂၀၂၁။

ဂျပန်ပန်နိုင်ငံဟာ ကိုဗစ်ကာလမှာ ချမှတ်ထားတဲ့ အရေးပေါ် အခြေအနေတွေကို မကြာခင်မှာ ပြန်လည်ရုပ်သိမ်းသွားတော့မှာပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ လက်ရှိ ကိုဗစ်ကာကွယ်ရေးအခြေအနေတွေဟာ ကောင်းမွန်လာတဲ့အပြင် ပုံမှန်လူမှုဘဝ ပုံစံအတိုင်းပြန်လည်နေထိုင်လို့ ရနိုင်တဲ့ အခြေအနေကို ရောက်ရှိလာခဲ့တာပါ။

ကိုဗစ်ကူးစက်မှုတွေဟာ ပိုမိုနှေးကွေးသွားခဲ့ပြီး နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း ပုံမှန်တိုင်း လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆူဂါက”အရေးပေါ်အခြေအနေတွေဟာ လာမယ့် ကြာသပတေးနေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရှိနေသေးပေမယ့် ကနေ့စဉ်လူမှုဘဝကို ပြန်လည်စတင်ဖို့ ကန့်သတ်ချက်တွေကို တဖြည်းဖြည်း လျှော့ချသွားမှာဖြစ်တယ်”လို့ ပြောကြားပါတယ်။

နိုင်ငံအတွင်း ကိုဗစ်နဲ့ ပတ်သက်လို့ အရေးပေါ်အခြေအနေတွေကို ရုပ်သိမ်းတော့မှာဖြစ်လို့ ဂျပန်နိုင်ငံဟာ ခြောက်လအတွင်း ပထမဆုံးအရေးပေါ်အခြေအနေတွေနဲ့ ကင်းလွတ်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။