အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာအသိအမှတ်မပြုတာ ပြည်သူ့အောင်ပွဲတစ်ခု

၂၈ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။
ကုလသမဂ္ဂနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုတာဟာ မြန်မာပြည်သူတွေရဲ့ အောင်ပွဲတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးကပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေစဥ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး လူ့အခွင့်အရေးကောင်စီညီလာခံအတွင်း မြန်မာ့အရေးဆွေးနွေးရာမှာ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြပါတယ်။
ဒါပေမဲ့၊၇၆ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ကိုယ် စားလှယ်မိ န့်ခွန်းပြောကြားခွင့် မရတာဟာ တိုင်းပြည်အတွက်အရှက်ရဖွယ်ဖြစ်ပြီး တရား ခံဟာ အကြမ်းဖက်စစ်အုပ်စုဖြစ်တယ်လို့လည်း နိုင်ငံရေးဆောင်းပါးရှင်ဆရာရဲမြင့်ကျော်က သုံး သပ်ပါတယ်။
စက်တင်ဘာ၂၇ရက်နေ့၊ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၆ရက်မြောက်နောက်ဆုံးနေ့မှာ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာမြန်မာနိုင်ငံကိုယ်စားပြုပြီး မိန့်ခွန်း ပြောကြားဖို့ ကနဦးစီစဥ်ထားခဲ့ပေမဲ့ အမှန်တကယ်မိန့်ခွန်းပြောနိုင်ခဲ့ခြင်းမရှိပါဘူး။
‘တခြား အဖွဲ့ဝင် ၁၉၃နိုင်ငံက ကိုယ်စီစကားပြောပြီး ကိုယ့်နိုင်ငံက နှုတ်ပိတ်နေရတာ နိုင်ငံတကာမှာ အတော်သိက္ခာကျတဲ့ ဖြစ်ရပ်ပါပဲ။ဒါက အာဏာသိမ်းစစ်တပ်ကြောင့် ဖြစ်ရတာ ရှင်းပါတယ်။’လို့ ဆရာရဲမြင့်ကျော်ကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အကြမ်းဖက်စစ်အုပ်စုတို့အားပြိုင်တဲ့အခြေအနေအရ ကုလသမဂ္ဂ ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောခွင့်မရပေမဲ့ ကုလသံအမတ်ကြီးရာထူး ဆက်လက်ရရှိတာဟာ မြန်မာဒီမိုကရေစီအင်အားစုတွေအတွက် နိုင်ငံရေးအမြတ်ထွက် တယ်။’လို့ သူကပြောပါတယ်။
‘စကစ(စစ်ကောင်စီ)ဘက်ကတော့သူတို့ခန့်ထားခိုင်းတဲ့သူကို ကုလကအသိအမှတ်မပြုတာ စကား ပြောခွင့်မပေးတာကို အတော့်ကိုဒေါသဖြစ်နေတာပါ’လို့ သူကဆက်ပြောပါတယ်။
ICG ကုလသမဂ္ဂရေးရာညွှန်ကြားရေးမှူး Richard Gowan က ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်ခေါင်း ဆောင်တွေကိုဖိအားပေးမယ့်လုပ်ဆောင်ချက်တွေကို ထပ်ချမှတ်လို့ရတယ်လို့ ပြောပါတယ်။