ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၅ဦးသေဆုံး

၂၇၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၇ရက်နေ့က ကိုဗစ်လူနာ (၅)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာပုသိမ်ဆေးရုံက နေသေဆုံးသူ၃ဦးနဲ့နေအိမ်တွေကနေသေဆုံးသူ၂ဦးဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၃၀၃)ဦးအပါအ၀င် စုစုပေါင်း (၁၁၁၃)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

စစ်အုပ်စုရဲ့ သတင်းပေးဒလန်တစ်ဦးကို သုတ်သင်ခဲ့တယ်လို့ ရေစကြို PDF ထုတ်ပြန်

Read Next

စီရော်နယ်ဒို ဂျူဗင်တပ်စ်က ထွက်ခွာတော့မယ်လို့ နည်းပြ အယ်လီဂရီ အတည်ပြု