ပုသိမ်မှာ ယခင် ရပ်/ကျေး အုပ်ချုပ်ရေး မှူး အားလုံးကို ဖယ်ရှား ၊တပ်ထောက်ခံတဲ့ ငွေပေးနိုင်သူကိုခန့်

မတ်၊ ၆

ဧရာဝတီတိုင်း ၊ပုသိမ်မြို့နယ် အတွင်း က ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူး အားလုံးကို စစ်ကောင်စီ ကဖယ်ရှား ပြီး တပ်ထောက်ခံတဲ့ ငွေပေးနိုင်သူ (လာဘ်ထိုးနိုင်သူ) ကို ဦးစားပေး ခန့်ထားလိုက်တယ် လို့ စစ်ကောင်စီ အုပ် ချုပ်မှု စီမံခန့်ခွဲ ရေးရုံနဲ့နီးစပ်သူတွေထံ ကသိရပါတယ်။

စစ်ကောင်စီ က ဖယ်ရှားခံရတဲ့ ယခင် အုပ်ချုပ်ရေး မှူးဟောင်းတွေ ကို မတ်လ ၃ ရက်၊နံနက်ပိုင်း က ဖယ် ရှားလိုက်ကြောင်း ခေါ်တွေ့ပြောကြားပြီး အသစ်ခန့်ထားတဲ့ သူတွေကိုတော့  မွန်းလွဲပိုင်းမှာ ခေါ်ယူ တွေ့ဆုံပြီး အုပ်ချုပ်ရေး မှူး တာဝန်ပေးအပ်ကြောင်း ပြောဆိုကာ မတ်လ ၆ ရက်နေ့မှစပြီး လုပ်ငန်း တာဝန် အသက်ဝင်ပြီ လို့ဆို ပါတယ်။

“အုပ်ကြီးဖြစ်ချင်ရင် ရေလောင်းရတယ် ။အုပ်ဈေးက ကောင်းတယ်  ။အုပ် ကြီး လုပ်ချင်တဲ့ကောင်က အနဲဆုံး တစ် ယောက် သိန်း ၂၀ ပေးရတယ် ။အလုအယက် လုပ်ချင်သူ တွေ ရှိနေတော့ ပိုပေးတဲ့ကောင် အုပ်ကြီး ဖြစ် တယ်” လို့ အုပ်ချုပ်ရေး အဖွဲ့နဲ့နီးစပ်သူ တဦး က DNA ကိုပြောပါတယ်။ 

“အသစ်အခန့်ခံရတဲ့ အုပ်ကြီးတွေ က  ပြည်ခိုင်ဖြိုး ရပ်ကျေး စည်းရုံးရေး မှူးတွေ နဲ့ တပ်ထွက် တွေ ချည်းပဲ ၊ ဒါပေ မယ့် ပိုက်ဆံ လာဒ်များများ ထိုးနိုင်တဲ့သူတွေ သာ အုပ်ချုပ်ရေး မှူး ဖြစ်တာ “လို့ အုပ်ချုပ်ရေး အဖွဲ့နဲ့နီးစပ်သူတဦး က ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး ခန့်ထား ခံရတဲ့ သူတွေဟာ လိုင်စင်မဲ့ အရက်ဆိုင်ဖွင့်ပြီး ရောင်းတဲ့သူ  ၊မဲထည့် တံ ဆိပ်တုံး အတုလုပ်လို့ တရားစွဲ ခံရသူ ၊ကိုယ်စားမဲလိမ်ထည့်လို့  တရားစွဲခံရသူ ၊ လူသတ်မှု နဲ့ ထောင်ကျပြီး   မိုက် ကြေးခွဲစား နေသူ ၊သူခိုးမွေးပြီး ခိုးရာပါ ပစ္စည်းထုခွဲရောင်းချသူ ၊လောင်းကစား ဝိုင်းဒိုင်လုပ်သူတွေ ပါဝင်တယ် လို့ မြို့ခံ တွေက ဆိုပါတယ်။

အမှတ် ၄ ရပ်ကွက်နေထိုင်သူတဦး က” တို့ရပ်ကွက် အုပ်ကြီး အသစ် က ကြံ့ဖွတ် ရပ်/ကျေး စည်းရုံးရေး မှူး ဒလန် လေ ။ဒါပေမယ့် လင်မယား ၂ယောက်စလုံး က မဲလိမ်ထည့် လို့ တရားစွဲ ခံရတဲ့သူတွေ လူလိမ်တွေ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်ရေး အတွက် ပုသိမ်မြို့ ၊အမှတ် ၁၂ ရပ်ကွက် က အုပ်ချုပ်ရေးမှူး  အသစ် ကဲ့သို့ မဘသ အဖွဲ့ဝင် ၊ဒလန် တွေ ၊ပျူစောထီး ဒလန် တွေ က လည်း သူထက်ငါ  အလုအယက်  လာဘ်ထိုးကာ ကြိုးပမ်းကြပါ တယ်။

ပုသိမ်မြို့ မှာ မြို့ပေါ် ၁၅ ရပ်ကွက် နဲ့ ကျေးရွာအုပ်စု ၇၅ အုပ်စု ရှိပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကို အပြောင်း  အလဲပြုလုပ်ရာမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အစိုးရ ခေတ်က  ပြည်သူ ရွေးချယ် ခန့်ထားတဲ့အုပ် ချုပ် ရေးမှူးတွေ အားလုံး ကို ဖယ်ရှားလိုက်တာပါ။ 

ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုစနစ်(ပီအာ)စနစ်နဲ့ပြောင်းလဲမယ့်  စစ်ကောင်စီဟာ ဧရာ၀တီတိုင်း အ တွင်း မြို့နယ် ၂၆ ခုက ယခင် ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူးတွေကို လည်း ပြည်ခိုင်ဖြိုး ပါတီဝင် တွေ ၊တပ် ထောက်ခံသူ တွေ ၊ စစ်တပ်ထွက်တွေ   နဲ့  အပြောင်းအလဲ လုပ်နေတယ် လို့ ဒေသခံတွေထံက သိရပါတယ်။