DGWCF အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ရေကြည်မြို့နယ်ဒလန်စာရင်း

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ​ရေကြည် ၊ အသုတ် ၊ ငါးသိုင်း​ချောင်းမြို့က စစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေတွေ နာမည်စာရင်းကို မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်းမှာပါသူတွေအတွက် နာမည်ရေးမှတ်ထားပြီးဖြစ်တဲ့ ကျည်​တောင့်တွေ အသင့်ရှိနေပြီလို့ ကြေညာစာမှာ သတိပေးထားပါတယ်။

အဲဒီစာရင်းကို မြို့နယ်ဒေသခံတွေရဲ့ သေချာတဲ့သတင်းပေးပို့မှုအရ စုဆောင်းထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

DGWCF အဖွဲ့ဟာ ပြည်သူလူထုကို ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်အုပ်စုဝင်တွေနဲ့ ဒလန်တွေကို ၃၅ကြိမ်တိုင် ပျောက်ကြားနည်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ်လ ၂၀ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။