ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၇ဦးသေဆုံး 

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၂ရက်နေ့က ကိုဗစ်လူနာ (၇)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၄)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၃)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၈၄)ဦးအပါအ၀င် စုစုပေါင်း (၁၀၉၄)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

DGWCF အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ရေကြည်မြို့နယ်ဒလန်စာရင်း

Read Next

သီလဝါစက်မှုဇုန် ဗုံးပေါက်