စီရော်နယ်ဒို ဂျူဗင်တပ်စ်က ထွက်ခွာတော့မယ်လို့ နည်းပြ အယ်လီဂရီ အတည်ပြု

၂၇၊ ဩဂုတ်လ၊ ၂၀၂၁။

မန်စီးတီးအသင်းနဲ့ အသံထွက်နေတဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရောျနယျဒျိုဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကိုယ်တိုင် ဒီ​နေ့ ဩဂုတ်လ ၂၇ရက်​နေ့က အတည်ပြုသွားခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ စီရော်နယ်ဒိုဟာ အသင်းဖော်တွေကို နှုတ်ဆက်မှုပြုလုပ်ထားပြီး နည်းပြအယ်လီဂရီကိုလည်း

အသင်းကနေ ထွက်ခွာတော့မယ့် ကိစ္စအတွက် ပွင့်ပွင့်လင်းလင်းအတည်ပြု ပြောကြားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

စီရော်နယ်ဒိုဟာ ပီအက်စ်ဂျီအသင်းနဲ့လည်း အသံထွက်နေပေမယ့် သူ့ရဲ့အပြောင်းအရွှေ့ဟာ မန်စီးတီးအသင်းနဲ့သာ ပိုမို ရာခိုင်နှုန်းများနေခဲ့ပြီဖြစ်ပါတယ်။

Delta News Agency

Read Previous

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၅ဦးသေဆုံး

Read Next

မူဆယ်မြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းကို KIA ဆွဲမိုင်းနဲ့ တိုက်