၂၇၊ ဩဂုတ်လ၊ ၂၀၂၁။ မန်စီးတီးအသင်းနဲ့ အသံထွက်နေတဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရောျနယျဒျိုဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကိုယ်တိုင် ဒီနေ့ ဩဂုတ်လ ၂၇ရက်နေ့က အတည်ပြုသွားခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ စီရော်နယ်ဒိုဟာ အသင်းဖော်တွေကို နှုတ်ဆက်မှုပြုလုပ်ထားပြီး နည်းပြအယ်လီဂရီကိုလည်း အသင်းကနေ ထွက်ခွာတော့မယ့် ကိစ္စအတွက် ပွင့်ပွင့်လင်းလင်းအတည်ပြု ပြောကြားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ စီရော်နယ်ဒိုဟာ ပီအက်စ်ဂျီအသင်းနဲ့လည်း အသံထွက်နေပေမယ့် သူ့ရဲ့အပြောင်းအရွှေ့ဟာ မန်စီးတီးအသင်းနဲ့သာ ပိုမို ရာခိုင်နှုန်းများနေခဲ့ပြီဖြစ်ပါတယ်။
Read More