မူဆယ်မြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းကို KIA ဆွဲမိုင်းနဲ့ တိုက်

၂၇ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

မူဆယ်မြို့နယ် နမ့်တောင်းအထက် မခေါနမ် နေရာမှာ ဩဂုတ်လ ၂၇ရက်နေ့ နေ့လည်ပိုင်းက စစ်ကြောင်းချီတာတဲ့ အကြမ်းဖက်စစ်အုပ်စုကို KIAက ဆွဲမိုင်း နှစ်လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆွဲမိုင်းထိမှန်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဘယ်လောက်သေဆုံးပြီး ဘယ်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတာကို သီးခြားအတည်မပြုနိုင်သေးပေမဲ့ မိုင်းခွဲတိုက်ခံရပြီးနောက်ပြီး စစ်အုပ်စုဟာ လက်နက်ကြီး လက်နက်ငယ်တွေကို အသုံးပြုကာ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။