မြန်မာ့အ​ရေး ကုလ ဒီ​နေ့​ဆွေး​နွေးမယ်

၁၈ ၊ ဇွန်လ ၊ ၂၀၂၁ ။

 

မြန်မာနိုင်ငံကိုလက်နက်တင်ပို့​ရောင်းချမှု တားမြစ်ဖို့ ကုလသမဂ္ဂအ​​ထွေ​ထွေညီလာခံမှာ ဒီ​နေ့ ဇွန်လ ၁၈ရက်​နေ့မှာ မဲခွဲဆုံးဖြတ်သွားမယ်လို့ သံတမန်သတင်းရင်းမြစ်​တွေရဲ့ ​ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ​ဖော်ပြပါတယ်။

၂၀၂၀ နိုဝင်ဘာ​ရွေး​ကောက်ပွဲရလဒ်ကို အ​လေးထားဖို့နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူ​တွေကို ပြန်လွှတ်​ပေးဖို့ အာဏာသိမ်းစစ်တပ်ကို

တိုက်တွန်းသွားမယ်လို့ သိရပါတယ်။