စစ်တပ်ကိုလက်နက်မရောင်းဖို့ ကုလအတည်ပြု

၁၉ ၊ ဇွန်လ ၊ ၂၀၂၁ ။

ဇွန်လ ၁၈ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု တားမြစ်ရေး တောင်းဆိုချက်ကို အတည်ပြုလိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉နိုင်ငံက ထောက်ခံမဲ ၊ ဘယ်လာရုဇ်နိုင်ငံက ကန့်ကွက်မဲတစ်မဲနဲ့ အိမ်နီးချင်း တရုတ် ၊ အိန္ဒိယနဲ့ ရုရှားအပါအဝင် နိုင်ငံပေါင်း ၃၆နိုင်ငံက ကြားနေမဲပေးခဲ့ကြတာပါ။

ဥရောပသမဂ္ဂ ၊ အနောက်နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့တို့အကြား အကြိတ်အနယ်ညှိနှိုင်းဆွေးနွေးပြီးနောက် အခုလို ဆုံးဖြတ်ချက်ရလဒ်ထွက်ပေါက်လာတာဖြစ်ပြီး စစ်အာဏာသိမ်းလုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ထိထိရောက်ရောက် ချက်ချင်းအရေးယူဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလညီလာခံအပြီးမှာ ပြောခဲ့ပါတယ်။

သောကြာနေ့က ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ ပြန်လည်ဖော်ဆောာင်ဖို့နဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကိုလည်း အကောင်အထည်ဖော်ဖို့ ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးသူ ၈၆၀ကျော် ရှိလာပြီလို့ ကုလအစီရင်ခံစာအရ သိရပါတယ်။

Ref – AP